သူမ ဖက်ရှင်က ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမဟုတ်ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် သူမရဲ့ ပွဲတက်ဖက်ရှင်တွေဟာ ဆက်စီဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူပရိသတ်တွေများပြားခဲ့တာဖြစ်ပါတယ်။ အောင်သီရိစိန်တိုက်ဖွင့်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ သူမဖက်ရှင်ပေါ်မှာလည်း ဝေဖန်မှုတွေရှိပြီးတဲ့နောက် သူမက ဒီနှစ်ကုန်အထိ ပွဲတွေလက်ခံထားတာဖြစ်တဲ့အတွက်ကြောင့် အနည်းငယ်လွန်သွားရင် တောင်းပန်ပါတယ်လို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ဒီလိုမေတ္တာရပ်ခံခဲ့တဲ့နေရာမှာလည်း သူမအနေနဲ့ အရမ်းကြီး ခပ်ဟော့ဟော့ ဝတ်ဆင်တော့မှာမဟုတ်ဘဲနဲ့ လုံးဝမဝတ်တော့ဘူးလို့ ပြောဆိုတာ မဟုတ်ဘူးလို့ ဆိုပါသေးတယ်။ သူမအနေနဲ့ ပွဲတက်ဝတ်စားမှုတွေကိုတော့ ဝတ်ဆင်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ “အရမ်းကြီးမဝတ်တော့ဘူးလို့ သင်ဇာပြောတာပါ။ လုံးဝမဝတ်တော့ဘူးလို့ သင်ဇာပြောတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပွဲနဲ့လိုက်တဲ့ဟာလေးတွေကတော့ ဝတ်နေရဦးမှာပဲလေ။ ဒါက ကိုယ့်အလုပ်ဆိုတော့လဲ။ သင်ဇာက ဆက်စီဘက်သွားတာမျိုးကြိုက်တာဆိုတော့ မှာတော့မယ်ဆို ကြည့်လိုက်တယ်။ ကိုယ်ဝတ်လို့အဆင်ပြေနိုင်မလား အဆင်ပြေတယ်ဆို မှာတယ် ဝတ်တယ်ပေါ့နော်။ အဓိကကတော့ Online Shopping ကဝယ်ဖြစ်တာများတယ်။ ပွဲအကြီးဆိုရင်တော့ ဒီဇိုင်နာနဲ့ သေချာတိုင်ပင်ပြီး ချုပ်ဖြစ်တယ်။” သင်ဇာဝင့်ကျော်ကတော့ Balance...

ဒီကနေ့ Diamond KTV ဖွင့်ပွဲကို အမိုက်စားဖက်ရှင်တစ်မျိုးနဲ့ တက်ရောက်လာခဲ့ပြန်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လတ်​တ​လောမှာ​တော့ သူမက​ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေလျက်ရှိပါတယ်။ အမြဲလိုလိုဖက်​ရှင်​ကျ​နေတဲ့ သင်​ဇာက​တော့ ပွဲ​အခမ်းအနားတွေမှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဖက်​ရှင်​​တွေနဲ့ တက်​​ရောက်​​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ နာမည်​ကြီး​နေသူ​လေးပဲ ဖြစ်​ပါတယ်​။ ဒီကနေ့၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်လိုက်တဲ့ “Diamond KTV” ဖွင့်ပွဲကို သင်ဇာဝင့်ကျော်ကအမိုက်စားဖက်ရှင်နဲ့တက်ရောက်လာခဲ့ပြန်ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ပွဲတက်ဖက်ရှင် ဟာ အရမ်းကို Sexy ကျတာကြောင့်ပရိသတ်တွေကြားလူပြောများနေပါတယ်။ Diamond...

အခေါင်း မီးရှို့ဆန္ဒပြသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်

မန္တလေး – မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် လုံခြုံမှုကင်းမဲ့နေသည့်အတွက်ဟုဆိုကာ လုံခြုံရေးတိုးမြှင့်ချထားပေးရန် တောင်းဆိုသည့်အနေဖြင့် ခေါင်းအတုကို မီးရှို့ပြီး ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။ စာသင်ခန်းများထဲတွင် ဖုန်းပျောက်ခြင်း၊ တက္ကသိုလ်ဝင်းထဲ ရပ်နားထားသည့် ဆိုင်ကယ်များ အခိုးခံရခြင်း အစရှိသည့် ရာဇဝတ်မှုများ ဖြစ်ပျက်နေသည့်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားပေးရန် တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုရဲမျိုးဆွေ၊ ကိုကျော်သီဟရဲကျော်နှင့် ကိုရဲမင်းထွန်းတို့ သုံးဦးက မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့၏ ဓာတ်ပုံများကို ကပ်ထားသည့် စက္ကူချပ် အသုဘခေါင်း အတုကို တက္ကသိုလ်ရှေ့တွင် မီးရှို့ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ မွန်းလွဲ ၁ နာရီတွင် ခေါင်းကို စတင်မီးရှို့ပြီး မိနစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးက ဆန္ဒပြသူကျောင်းသားများအား ဖမ်းဆီးခဲ့သည်။...

ကိုကို ပေးတဲ့လက်ဆောင်လေးတွေကို ပရိတ်သတ်တွေကို ထုတ်ကြွားလိုက်တဲ့ သင်ဇာ

ပရိတ်သတ်ကြီးရေ… အမြဲတမ်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ခေတ်နဲ့အညီ ပိုပိုပြီး မိုက်တဲ့ sexy ဖက်ရှင်လေးတွေကို ဝတ်တတ်တဲ့ နာမည်ကြီး မင်းသမီးချောလေး သင်ဇာကိုပရိတ်သတ်ကြီးသိမှာပါနော်။ အရမ်းမိုက်တဲ့ ခန္တာကိုယ်အချိုးအစားတွေနဲ့ ကောက်ကြောင်းအလှတွေပေါ်တဲ့ အဝတ်စားတွေကြောင့် နိုင်ငံခြားသူလေးအလား အရမ်းကိုလှပြီး ဆွဲဆောင်မှုရှိ သူလေးပဲဖြစ်ပါတယ်နော်။ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်နိုင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာပါရမီရှိတဲ့သူတစ်ယောက်လို့ပဲဆိုရမှာပါနော် ။ ခေတ်ဆန်တဲ့သူမရဲ့ ဖက်ရှင်တွေကြောင့်သာ ခနခနအဝေဖန်ခံနေရပေမယ့် သူမကိုယ်သူမ ယုံကြည်ချက်ရှိရှိပဲ အနုပညာလမ်းကြောင်းပေါ်မှာခေါင်းမော့ရင်ကော့ပြီး ဆက်လက်လျှောက်လှမ်းနေပါတယ်နော်။ သင်ဇာဟာဒီလထဲမှာဆိုရင် ခရစ်စမတ်လက်ဆောင်အများကြီးကိုလည်းရရှိခဲ့ပါတယ်နော်။ ဒါပေမယ့်ဒီလက်ဆောင်တွေထဲကမှ အခုနောက်ဆုံးရခဲ့တဲ့ Ko Ko Soy Candleကပေးတဲ့ Giftလေးတွေကို ပရိတ်သတ်တွေကိုထုတ်ကြွားထားပါတယ်နော်။ ချစ်ဖို့ကောင်းတဲ့ သင်ဇာလေးဟာ သူရခဲ့တဲ့လက်ဆောင်လေးတွေကို ကြွားတဲ့နေရာမှာ ရေးသားထားတဲ့ captionလေးက ပရိတ်သတ်တွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ သူမရေးသားထားခဲ့တာကတော့ “Thx alot ကိုကို” တဲ့ ပရိတ်သတ်ကြီးရေ။ Source : Thin...

ရတနာပုံတက္ကသိုလ်ကျောင်းသားလေး သမဂ္ဂရုံးခန်းကို ၀င်စီးပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို ဖမ်းဆီး

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို ၀င်စီးပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးခေါ်သွား ။ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ။ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို ကျောင်းအာဏာပိုင်များက ၀င်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးဖြစ်သည့် ကိုကျော်သီဟရဲကျော် ကိုရဲမင်းထွန်း ကိုရဲမျိုးဆွေ တို့ ၃ ဦးကို ရဲတပ်ဖွဲ့က မန္တလေးမြို့ အမှတ် ၁၀ ရဲစခန်းသို့ ဖမ်းဆီးခေါ်သွားကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်သည်။ ယနေ့နေ့လယ် ၁ နာရီတွင် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အာဏာပိုင်များ၏ အသုဘအခမ်းအနားကျင်းပရန် စီစဉ်နေချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ်အပါအ၀င် တက္ကသိုလ်များတွင် လုံခြုံရေးပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း လုံခြုံရေးပေးရန် ပျက်ကွက်မှုကြောင့် ယခုနောက်ဆုံး ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံခဲ့ရရာ ယင်းသို့ ပျက်ကွက်မှုကို ဆန့်ကျင်သောအားဖြင့် အာဏာပိုင်များ၏ အသုဘအခမ်းအနားတစ်ရပ်ကို ယနေ့ကျင်းပမည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောသည်။...

အဆိုတော်ရသအား ထောင်ဒဏ် (၁၁)နှစ်ကျချမှတ်

ရသဟာ တစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများနှစ်သက်သဘောကျတဲ့ နာမည်ရအဆိုတော်တစ်ယောက်ပါ။ ဒါ့အပြင် သီချင်းကောင်းတွေကိုသီဆိုတတ်ပြီး လူမှုဆက်ဆံရေးလည်းကောင်းလို့ ချစ်သူခင်သူပေါများသူတစ်ဦးလည်းဖြစ်ပါတယ်။မကြာသေးမီက ရသကို မူးယစ်ဆေးပြား (၁၆၀၀)ကျော်နဲ့အတူဖမ်းဆီးရမိလို့ တရားစွဲဆိုထားတယ်ဆိုတဲ့ သတင်းထွက်လာခဲ့စဉ်က ရသအတွက်စိတ်မကောင်းဖြစ်သူတွေ စိုးရိမ်ပူပန်သူတွေလည်းများခဲ့ပါတယ်။ ရသအပါအဝင်အတူဖမ်းမိသူကနှစ်ယောက်ပါ။ တစ်ကိုယ်ရည်သုံးစာမဟုတ်ပဲ မူးယစ်ဆေးပြားတွေအများကြီးနဲ့ ဖမ်းမိတာဖြစ်လို့ အပြစ်ဒဏ်ကတော့ သက်ညှာလိမ့်မယ်မဟုတ်ဘူးလို့ လူတွေကလည်း လူမှုကွန်ယက်တွေပေါ်မှာတစ်ယောက်တစ်ပေါက်ထင်ကြေးပေးနေကြပါတယ်။ ရသနဲ့အတူဖမ်းမိသူနှစ်ယောက် ပေါင်းသုံးယောက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေး ချမ်းမြသာစည်က တည်းခိုခန်းတစ်ခုမှာ စိတ်ကြွဆေးပြား (၁၆၅၅) ပြားနဲ့ဖမ်းမိတာဖြစ်ပြီး မန္တလေးခရိုင်တရားရုံးမှာ စစ်ဆေးခံနေခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရသကို တရားရုံးတော်က အပြီးသတ်အပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။အဲဒါကတော့ ရသနဲ့ အပေါင်းအပါနှစ်ယောက်ကို ထောင်ဒဏ် (၁၁) နှစ်စီချမှတ်လိုက်တာပါ။ ပရိသတ်တွေက ဝမ်းနည်းနေကြပြီး ခင်မင်ရင်းနှီးသူတွေလည်းအကြီးအကျယ်စိတ်မကောင်းဖြစ်နေကြရပါတယ်။ ရသကတော့ ကိုယ်ဖြစ်ကိုယ်ခံမို့အယူခံမဝင်လိုတော့ကြောင်းကို “ကျွန်တော့်အတွက်တော့ အယူခံမဝင်ချင်တော့ပါဘူး။ ကိုယ်သုံးစွဲလို့ကိုယ်ခံရတာခံရဲတယ်။ ဒါပေမယ့် သုံးစွဲသူကို ခုလောက်ပြစ်ဒဏ်ချမှတ်လိုက်တဲ့အတွက် ဘဝင်တော့မကျပါဘူး”လို့ ပြောကြားသွားပါတယ်။ ရသကတော့...

ဝမ်းနည်းမျက်ရည်တွေနဲ့ ပို့ဆောင်ခဲ့ကြတဲ့ ရတနာပုံတက္ကသိုလ်IC ကျောင်းသားလေးရဲ့ ဈာပနပွဲ

မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်သတ်ဖြတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသား ဈာပနပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မနေ့က ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အသတ်ခံခဲ့ရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်အား ၎င်း၏ နေအိမ်မှ ကသဲသုဿန် သို့ ပို့ဆောင်သြင်္ဂီုခဲ့ကြပြီး ဈာပနပွဲသို့ မိသားစုဆွေမျိုးများနှင့်အတူ ကျောင်းသား ကျောင်းသူအများအပြား နှင့် လိုက်ပါပို့ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း (၂၄) နှစ် နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦးက ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့ဖြစ်ကြောင်း...

ယနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ IC အဖွဲ့ဝင် အဆိုတော် အငဲ

ဒီကနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့ကတော့ အခုချိန်ထိ ပရိတ်သတ်တွေအရမ်းချစ်ကြတဲ့ IC အဖွဲ့ဝင် အဆိုတော် အငဲ ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးဖြစ်ပါစေ၊ ခင်မင်ရသူတွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🎊🎊 ကိုအငဲအတွက် ချစ်ပရိတ်သတ်ကြီးက မွေးနေ့ဆုတောင်း ပေးခဲ့အုံးနော် 🎂🎤🎉🎊 Photo : AhNge

Shwe Htoo

အနုပညာနယ်​ပယ်​တစ်​ခုစီက​နေ ပရိသတ်​​တွေရဲ့ လက်​ခံအား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့တစ်​ဦးနဲ့တစ်​ဦး နှစ်​နှစ်​ကာကာ ချစ်​မိသွားကြတာမို့ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို နှစ်​ကိုယ်​တူ ပုံ​ဖော်​​နေကြတာပါ။ လတ်​တ​လောမှာ​တော့ ​ရွှေမှုံရတီက​ ​တချို့​သောသူ​တွေရဲ့ ပြင်းထန်​တဲ့ ​ဝေဖန်​မှု​တွေ​ကြောင့်​ ပင်​ပန်း​နေရှာတဲ့ ခင်​ပွန်းဖြစ်​သူကို နှစ်​သိမ့်​ထားတဲ့ စာ​လေးတစ်​​စောင်​ကို လူမှုကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ တင်​ထားတာ ​တွေ့ရပါတယ်​။ အဆိုပါစာ​လေးရဲ့​အောက်​မှာ​တော့ ​ယောက်ျားကို အစိုးရိမ်​လွန်​ပြီး စိတ်​ပူ​နေရှာတဲ့ ဇနီးသည်​​လေးကို Psysho ​တွေမ​များဖို့နဲ့ ချစ်​ဇနီး​လေးအတွက်​ သူအမြဲရှိတယ်​ဆိုတဲ့အ​ကြောင်း ပြန်​လည်​​ရေးသားထားတာ ​တွေ့ရပါတယ်​။ ​ရွှေမှုံရတီက​တော့ “ယောကျာ်း ပင်ပန်းနေပြီလား လူတွေရဲ့ပြောဆိုခံရမှုတွေကြောင့် ရင်ဘတ်တွေအောင့်နေပြီလား အားတင်းထားပါယောကျာ်းရယ် မိန်းမိန်းရှိတယ်နေ ကျားကျား မိန်းမိန်းကို​​ပျော်အောင်ထားနေပေမဲ့ ကျားဘယ်လောက်ထိစိတ်ပင်ပန်းနေမလဲမိန်းသိပါတယ် ကလေးရယ် ဘယ်သူတွေဘာပြောပြော ကျားကျားက မိန်းမိန်းယောကျာ်းပါပဲ မိန်းအတွက်တော့ အတော်ဆုံးနဲ့ယောကျာ်း အဆန် ဆုံးယောကျာ်း တစ်ယောက်ပါ အားလုံးပြောသမျှတွေက ဘောင်မဝင်ပါဘူး ကလေးရယ် ယောကျာ်းကိုချစ်သော ဇနီးတစ်ယောက်အနေနဲ့သာရေးသားခြင်း...

မကြာခင်ကာလမှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း ကြေညာလိုက်တဲ့ အကယ်ဒမီပေးပွဲ

၂၀၁၈ ရဲ့ အကယ်ဒမီပေးပွဲ ကြီးကတော့ မကြာခင်ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ အကယ်ဒမီ ပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက် ရင် အခုန်ဆုံးပွဲ တစ်ခုလဲဖြစ်ပါတယ်။ အကယ်ဒမီဆိုကြီးကတော့ အနုပညာရှင်တွေရဲ့ ဘဝမှတ်တိုင်တစ်ခုလဲဖြစ်ပါတယ်။ ကောင်းသထက်ကောင်းလာတဲ့ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ အတူ ပရိသတ်တွေရင်ခုန်စိတ်လှုပ်ရှားစေမယ့် အကယ်ဒမီပေးပွဲ ပြုလုပ်မယ့် အချိန်ကိုကြေညာ လိုက်ပြီဖြစ်ပါတယ် ။ ဒီနှစ်မှာ အကယ်ဒမီ တစ်ပြေးနေကြတဲ့ မင်းသားမင်းသမီးတွေရဲ့ စာရင်းကလည်း အံ့သြလောက်အောင်များပြားနေတာ ကိုလည်းတွေ့ရပါတယ် ။ အခု လက်ရှိ (၂၀၁၈) မှာရုံတင်ပြသနေတဲ့ ကားတွေများပြားလွန်းနေတဲ့အတွက် (၂၀၁၈) ခုနှစ်မှာ အကယ်ဒမီပေးနိုင်ခြင်းမရှိပါဘူး ။ ဒါ့ကြောင့် အကယ်အမဆုပေးပွဲကိုလာမယ့် (၂၀၁၉) ခုနှစ်ရဲ့ မတ်လ အတွင်းကျင်းပပြုလုပ်မှာဖြစ်ကြောင်းကို တော့ မြန်မာရုပ်ရှင် အစည်းအရုံး ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးရေ ကဲ ဒီနှစ်အကယ်ဒမီမှာ ဘယ်သူတွေရနိုင်မလဲ မှတ်ချက်ပေးခဲ့ကြပါနော်။ credit –...