အိမ်ငှားရန် လချုပ် မတတ်နိုင်ဘဲ (၁)လ ချင်းပေးသာ တတ်နိုင်ကြသူများအတွက် သတင်းကောင်း

အိမ်ငှားနေရသူများ အခြေအနေအမျိုးမျိုးကြောင့် အိမ်ရှင်ဘက်က တောင်းဆိုတဲ့ လချုပ်တွေကို မတတ်နိုင်တဲ့ မိသားစုများအတွက် တစ်လချင်းသာပေးပြီးနေထိုင်ခွင့်ရရှိမယ့် ဝန်ဆောင်မှုအစီအစဉ်တစ်ခု ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ထိုဝန်ဆောင်မှုကတော့ နေရာ ဆိုတဲ့ နာမည်နဲ့ အိမ်ငှားချင်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ တိုက်ခန်းငှားဖို့ (၆) လစာ မပေးချင်သူများအတွက် Nay Yar ၏ တစ်လချင်းပေးရန်သာ လိုအပ်သည့် ၀န်ဆောင်မှုအစီအစဉ် 🔥 တိုက်ခန်းငှားရာမှာ (၆) လစာ လုံးကနဲ မပေးချင်တာဘဲဖြစ်ဖြစ်၊ မပေးနိုင်တာဘဲဖြစ်ဖြစ် Nay Yar မှ ၀န်ဆောင်မှုပေးမှာဖြစ်ပါတယ်။ လူကြီးမင်းကိုယ်စား Nay Yar မှ (၆) လစာကို ပေးချေသွားမှာဖြစ်ပြီး လူကြီးမင်းအနေဖြင့် လစဉ် အိမ်လခနှင့် နည်းပါးသော ၀န်ဆောင်ခသာ လစဉ်ပေးသွင်းရန် လိုအပ်ပါသည်။ဥပမာ – နှစ်သိန်းတန် တိုက်ခန်းအတွက် (၆) လစာ (၁၂၀၀၀၀၀) အား Nay Yar...

ဘုန်းကြီးကျောင်းအတွင်း ဖိနပ်စီးလို့ရကြောင်း ပါချုပ်ဆရာတော် ဘာကြောင့် မိန့်ကြားခဲ့သလဲ?

ဒေါက်တာနန္ဒမာလဘိဝံသ ပါချုပ်ဆရာတော်မိန့်ကြားခဲ့တဲ့ .. ဘုန်းကြီးကျောင်းအတွင်း ဖိနပ်စီးရင် ဘာဖြစ်သလဲဆိုတော့…🙏🙏🙏 ” ဖိနပ်မစီးရင် ခြေထောက်ဖုန်ပေတယ်။ ခြေထောက်ပေရင် ကျောင်းပေတယ်။ တကယ်က ရိုသေလေးစားမှုကိုပြမယ်ဆို စက်ဘီး၊ ကား၊ ဆိုင်ကယ်စီးပြီး မဝင်နဲ့၊ ကျောင်းပေါက်မှာ ရပ်ပြီး ကုန်းကြောင်းလျှောက်ဝင်လာခဲ့။ ဖိနပ်တော့ စီးခဲ့။အဲ့ဒီလိုဖြစ်ရမယ်။ မြန်​မာနိုင်​ငံမှာက ပြောင်းပြန်ဖြစ်နေတယ်။ ” ပါ​မောက္ခချုပ်​ ဆရာတော် မြတ်​ဗုဒ္ဓ၏ ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များ တရားတော် ရွှေတြိဂံနယ်မြေဘုရားဖူးခရီးစဉ်မှာဆရာတော်ကြီးသိလိုသမျှရှင်းပြခွင့်ရခဲ့ပါသည် 🙏🙏🙏 Credit-Si Thu Maung

NLD ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကြိုးပမ်းမှုကို ဥပဒေ လက်တစ်လုံးခြားလုပ်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပြောဆို ကန့်ကွက်

ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်သည်ဟု ဆိုကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်ကန့်ကွက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယကမှ ပြန်ထိုင်ကြရန်တောင်းပန်ခဲ့ရကြောင်း သိရသည်။ ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းဝေး တတိယနေ့ တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို စောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို သင့်လျော်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ အဆိုတင်သွင်းမှုသည် လုပ်ထုံးလုပ်နည်း ဥပဒေများနှင့် မညီညွတ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။“ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကတိသစ္စာပြုထားတာဖြစ်ပါတယ်။...

ပရိသတ်တွေကို နောက်ဆုံးပေါ် အိုင်ဖုန်းတစ်လုံး မဲဖောက်ပေးသွားမယ့် သက်မွန်မြင့်

သက်မွန်ကတော့ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပြီဖြစ်တဲ့ သက်မွန်မြင့်ကတော့ ပရိသတ်တွေချစ်တဲ့ အနုပညာအလုပ်ကို ဆက်လက်ပြီး လုပ်ကိုင်နေခဲ့တာပါ။ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ သက်မွန်လေးက ယနေ့မှာတော့ သူမချစ်တဲ့ပရိသတ်တွေအတွက် သတင်းကောင်းတ်ခုပေးလိုက်ပါတယ်နော်။ သက်မွန်ကတော့ ပရိသတ်တွေအတွက် အိုင်ဖုန်းတစ်လုံးမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ “မင်္ဂလာပါရှင့် သက်မွန်ရဲ့ ချစ်ပရိသတ်တွေအတွက် Apple က မြန်မာပြည်မှာ Apple Authorized Product တွေကို တရားဝင်ဖြန့်ချီခြင်း အမှတ်တရအနေနဲ့ iPhone ရဲ့ နောက်ဆုံးထွက် မော်ဒယ်တွေထဲကတခုဖြစ်တဲ့ iPhone Xs (64 Gb) အသစ်တလုံး မဲဖောက်ပေးချင်ပါတယ်ရှင့်။ သက်မွန်ကို ချစ်ခင်တဲ့၊ သက်မွန်က ချစ်ရတဲ့သူတွေအတွက် အမှတ်တရလေးပေါ့။ သက်မွန် မဲဖောက်ပေးမယ့် iPhone Xs လေး ရယူဖို့ မည်သူမဆို ပါဝင်နိုင်ပါတယ်နော်။ စည်းကမ်းချက်က တခုပါပဲ။ ဒီပို့စ်လေးကို Like & Public Share...

စုံတွဲနှစ်ဦး ဟိုတယ်အခန်းထဲက တစ်ပတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ

အဆင့်မြင့် ဟိုတယ်တစ်လုံးမှာ စုံတွဲတစ်တွဲ အခန်းငှားတည်းခိုခဲ့ပြီး ၇ ရက် တစ်ပတ်လုံးလုံး အခန်းထဲက ထွက်လာတာမတွေ့ရတဲ့အတွက် ဟိုတယ်ဝန်ထမ်းများနဲ့ ဟိုတယ်ပိုင်ရှင်ကပါ မသင်္ကာဖြစ်လာပြီး အခန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ အားလုံး အံ့အားသင့် ဒေါသထွက်ခဲ့ကြရပါတယ်။ဟိုတယ်ပိုင်ရှင် ကိုယ်တိုင် ပစ္စည်းပို့သမားယောင်ဆောင်ကာ အခန်းတံခါးကို သွားခေါက်ခဲ့ပါတယ်။ အခန်းတံခါး ဟရုံလေးဖွင့်လာပါတယ်။ တံခါးဟနေတဲ့ ကြားကနေ အခန်းထဲကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်အံ့အားသင့်စရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်။ ဟိုတယ်အခန်း နေရာအနှံ့မှာ စားကြွင်းစားကျန်များ အမှိုက်များ ပြန့်ကျဲပြီး စည်းကမ်းမဲ့ ပစ်ထားတာကြောင့် အနံ့တွေက မကောင်းတော့သလို အခန်းထဲက အသုံးအဆောင် ပစ္စည်းအချို့လည်း ဖျက်ဆီးခံထားရတာကိုတွေ့ရပါတယ်။ဟိုတယ်ပိုင်ရှင်က ချက်ခြင်း ရဲစခန်းကို ဖုန်ဆက်တိုင်ကြားခဲ့ပါတယ်။ အခန်းတွင်း ပျက်ဆီးမှုတန်ဖိုးဟာ ဒေါ်လာ ၄၀၀၀ ခန့်ရှိမည်ဖြစ်ပြီး သူ့တို့တည်းခိုတဲ့ အခန်းခနဲ့တောင် မကျေနိုင်ပါဘူး။ စုံတွဲလူငယ်နှစ်ဦး ထွက်ပြေးလို့မရအောင် သူတို့နှစ်ဦးကို အိပ်ယာဖုံးနဲ့လိပ်ပြီး ရဲတွေလာတဲ့ထိ ချုပ်ထားခဲ့ပါတယ်။...

သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ တိတိ မဲဖောက်ပေးသွားမယ့် စမိုင်းလ်

ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့် ပရိသတ် တွေရဲ့အချစ် ကို ရရှိထားတဲ့ စမိုင်းလ် ကတော့ လတ်တလောမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို အလှူအတန်းတွေနဲ့ လက်မပြတ်တဲ့ စမိုင်းလ်ကတော့ လတ်တလောမှာလည်း မနက်ဖြန်ကျရောက်မယ့် သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ မဲဖောက်ပေးသွားမယ်ဆိုတဲ့ အကြောင်း လူမှုကွန်ယက်ပေါ်မှာ သတင်းကောင်းပါးထားတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ အလှူရက်ရောချက်ကတော့ လက်ဖျားခါရလောက်ပါတယ်နော်။ ချစ်ပရိသတ်တွေအတွက် မနက်ဖြန်ကျရောက်မယ့် သစ်တံခါးဆရာတော်ရဲ့မွေးနေ့မှာ Nokia ဖုန်း အလုံး ၁၀၀ တိတိ မဲဖောက်ပေးသွားမယ်ဆိုတဲ့ စမိုင်းလ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ စမိုင်းလ်ကတော့ “မနက်ဖြန်သစ်တံခါးဆရာတော်ဘုရားမွေးနေ့အတွက်ကုသိုလ်ဒါန Nokia ဖုန်း အလုံး ၁၀၀ ကံစမ်းမဲဖောက်ပေးပါမည်.. တကယ်လိုအပ်သူများရကြပါစေ🙏🏼 လှိုင်သာယာသစ်တံခါးကျောင်းမှာမနက်ဖြန်ဖောက်ပေးမှာပါ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်ပေ့မှာ တင်ထားတာပဲ ဖြစ်ပါတယ်။...

တာချီလိတ်တွင် နာမည်ကြီး သူဌေးကြီးတစ်ဦး မီးပွိုင့်တွင် သေနတ်ဖြင့်(၇) ချက် ပစ်သတ်ခံရ

တာချီလိတ်မြို့ရဲ့ နာမည်ကြီးသူဌေးတစ်ဦးဖြစ်တဲ့ ဦးအားဖာ(တပင်ရွှေထီး)ကို ဒီကနေ့ ဇန်နဝါရီလ ၂၉ရက်နေ့လည် တစ်နာရီခန့်က အခါဈေးမီးပွိုင့်မှာ သေနတ်နဲ့ (၇)ချက် ပစ်သတ်သွားတယ်လို့ ကနဦးသတင်းရရှိပါတယ်။ ဦးအားဖာဟာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးမီးပွိုင့်မှာ မီးနီမိတာကြောင့် ကားရပ်ထားရာမှ မီးစိမ်းသွားတာကြောင့် ကားပြန်ထွက်ဖို့ လုပ်ဆောင်နေချိန်မှာ ဆိုင်ကယ်စီးသေနတ်သမား (၂)ဦးက သေနတ်နဲ့ ၇ ချက်ပစ်သွားတာလို့ မျက်မြင်တွေကပြောပါတယ်။ သေနတ်နဲ့ပစ်ခံရတာကြောင့် ဦးအားဖာ သေဆုံးခဲ့ပြီး တရားခံကိုတော့ ဖမ်းမိခဲ့ခြင်းမရှိသေးဘူးလို့သိရပါတယ်။ Credit-သတင်း-ရွှေတြိဂံဒေသ သတင်း

အရှေ့တောင်အာရှမှာ ကမ္ဘာကအသိအမှတ်ပြုခဲ့သော ပထမဆုံး ဝေဟင်စီးချင်းထိုးခဲ့တဲ့ မြန်မာ့လေသူရဲ (၃) ဦး

ပြည်ပတရုတ်ဖြူကျူးကျော်မှုအရှေ့တောင်အာရှတွင်ပထမဆုံးလေယာဉ်ချင်းဝေဟင်စီးချင်းထိုးတိုက်ပွဲဆင်နွဲခဲ့သောမြန်မာ့လေသူရဲ သုံးဦး ကျူးကျော်သူ တရုတ်ဖြူများ၏ လေယာဉ် တစ်စီး ရိက္ခာပို့ရန်မြန်မာ့လေပိုင်နက်အတွင်းသို့ဝင်ရောက်လာကြောင်းသတင်းရ၍ လေယာဉ် သုံးစီးဖြင့် သွားရောက် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြရသည်။သတင်းရထားသည့် အတိုင်းပင် တရုတ်ဖြူဘက်မှ အမည်မသိလေယာဉ်ပျံကြီးကိုစတင်တွေ့ရှိလိုက်သည်နှင့်တစ်ပြိုင်နက်ဗိုလ်မောင်သိန်းသည်ချက်ချင်းတိုက်ပွဲဝင်ရန်သူ၏လေယာဉ်အုပ်စုကိုခွဲလိုက်ကာနေရာယူလိုက်ပြီးရန်သူ့လေယာဉ်ကိုကျိုင်းတုံသို့ဦးတည်ပျံသန်းရန်အမိန့်ပေးလိုက်သည်။ ထိုအချိန်မှာပင်ရန်သူ့လေယာဉ်ကပြန်လည်ဖြေကြားခြင်းမပြုဘဲစစ်သေနတ်များဖြင့်လှမ်းပစ်သည်။ဗိုလ်မောင်သိန်းကတရုတ်ဖြူလေယာဉ်ပျံကြီးကို၂ဝမမစက်အမြောက်လေးလက်ဖြင့်ပြိုင်တူပြန်လည်ပစ်ခတ်တိုက်ခိုက်လိုက်သည်။ထို့နောက်ဗိုလ်ပီတာ၊ ပြီးတော့ ဗိုလ်ချစ်ခိုင် တစ်စင်းပြီး တစ်စင်း ပစ်ခတ်ကြသည်။ ဗိုလ်မောင်သိန်းလက်ချက်ဖြင့်လေယာဉ်၏ကိုယ်ထည်အတွင်းမှပေါက်ကွဲမှုများထွက်ပေါ်လာပြီးနောက်မီးများတောက်လောင်၍ဘယ်ဘက်သို့စောင်းငဲ့ပြီးယိုးဒယားနိုင်ငံထဲသို့တဖြည်းဖြည်းနိမ့်ဆင်းသွားကာမီးလောင်ပေါက်ကွဲသွားသည်။လေယာဉ်မပေါက်ကွဲမီလေယာဉ်အပေါ်မှလေထီးဖြင့်ခုန်ဆင်းလာသူသုံးယောက်ကိုလှမ်းမြင်လိုက်ရသည်။တိုက်လေယာဉ်သုံးစင်းအနက်ဗိုလ်ချစ်ခိုင်၏ဆီးဖြူရီလေယာဉ်နောက်မြီးရှိ(TailWheel)နောက်ဘီးထိမှန်ပြုတ်ထွက်သွားကြောင်းသတင်းပို့သည်။ ဗိုလ်ပီတာ၏လေယာဉ်လည်းဘာသံမှမကြားပျောက်ဆုံးနေသည်။ဗိုလ်မောင်သိန်းသည်ထိုအနီးတစ်ဝိုက်လှည့်ရှာသေးသည်။ မတွေ့ရသောကြောင့်ဗိုလ်ချစ်ခိုင်၏လေယာဉ်ကိုအနီးကပ်စောင့်ကြပ်ပြီးကျိုင်းတုံကွင်းအရောက်ဗိုလ်ချစ်ခိုင်၏လေယာဉ်သည် ရှေ့ဘီးနှစ်လုံးခေါက်တင်ပြီးဝမ်းဗိုက်ဖြင့်မြေရှပ်ဆင်းရသည်။ဗိုလ်ချစ်ခိုင်အောင်မြင်စွာထိန်းကျောင်းပြီးဆင်းနိုင်ခဲ့သည်။ဗိုလ်မောင်သိန်းသည် သူ၏လေယာဉ်ကိုချက်ချင်းဆီဖြည့်ပြီးနေရောင်မပျောက်မီတိုက်ပွဲဖြစ်ပွားသောနေရာတွင်ရဲဘော်ဗိုလ်ပီတာကို တွေ့လိုတွေ့ငြား ထိုနေရာ တစ်ဝိုက် ပြန်ရှာသေးသည်။ မတွေ့သဖြင့် နေမဝင်မီ ကျိုင်းတုံသို့ ပြန်ခဲ့ရသည်။ နောက်တစ်ရက်တွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံသို့ ရောက်ရှိ လာခဲ့သည်။(မှတ်ချက်အမှန်တကယ် ရောက်ရှိလာသူမှာဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီးဖြစ်သည်)ထိုနေ့ညနေပိုင်းတွင်ထိုင်းနိုင်ငံရှိကောင်ဆယ်လာ ရုံးမှ ဗိုလ်ပီတာ၏ လေယာဉ် အပျက်နှင့် ဗိုလ်ပီတာ အလောင်းကို ထိုင်းနယ်မြေ အတွင်းတောထဲတွင်တွေ့ရှိကြောင်း သတင်း ပေးပို့ပါသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါအဝင်...

လူတိုင်း ဘတ်စ်ကားစီးနိုင်အောင်လုပ်ရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်မြို့တွင် Public Transpotation ကိုဦးစားပေးမည်ဖြစ်ကာ လူတိုင်းဘတ်စ်ကားစီးနိုင်အောင် လုပ်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။ MICT Park တွင် ဇန်နဝါရီလ ၂၆ ရက်က ကျင်းပခဲ့သည့် 10th Anniversary of BARCAMP Yangon 2019 တွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ “ ဘတ်စ်ကားလမ်းကြောင်းကို သီးသန့်ပေးဖို့အတွက် ပြင်ဆင်နေတယ်။ Public Transpotation ကို ဦးစားပေးရမယ်။ ၃၀ ရာခိုင်နှုန်းက ဘတ်စ်ကားတွေဖြစ်ပြီးတော့ ၇၀ ရာခိုင်နှုန်းက ကိုယ်ပိုင်ကားတွေ ဖြစ်နေတယ်။ လူတိုင်းဘတ်စ်ကားစီးနိုင်အောင်လုပ်ရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မထသစနစ်မှ YBS စနစ်သို့ပြောင်းလဲပြေးဆွဲခဲ့ပြီး လက်ရှိတွင် ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်နှင့် ယာဉ်လိုင်းပေါင်း ၁၀၀ ဖြင့် နေ့စဉ်ခရီးသည် ၂...

ပြန်လာချင်တယ်ပြောတဲ့ ရည်းစားဟောင်းတွေအပေါ် ဆယ်လီတွေရဲ့ တုံ့ပြန်ပုံ

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ဆယ်လီတွေရဲ့ EX တွေအပေါ်ပြောတဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ (၁)“ရဲရင့်အောင်” ( မယ်လမု ဘုရားက သောကြာထောင့်မှာ ကိုးနဝင်း မိုးလင်းတဲ့ အထိ ဝင်ရင်း ဆုတောင်းလေ.. ပူဖောင်းတော့ ရချင်ရမယ် ငါ့အချစ်နင် ပြန်မရဘူး ) (၂)“သုသု” [မိတ်ကပ်] ( ပါးချည်း Double ဆင့်ရိုက်လိုက်လို့ ညာဘက်သွားတွေက ဘူးသီးတောင်… ဘယ်ဘက်သွားတွေက လောက်ကိုင်… လေ့လာရေး ခရီးတွေ ထွက်ကုန်မယ် ဘာမှတ်။ Ex ဆိုတာ City mart က ဝယ်လာတဲ့ ကြွပ်ကြွပ်အိတ် အမဲလေးထဲက ဟာလိုပဲ… တစ်ခါသုံးဖို့ အတွက်ပဲ ထိုက်တန်တာမျိုး) (၃)” ရွှေမှုန်ရတီ” ( အနားမှာ မနေချင်လို့ ထွက်သွားလည်း I Don’t care… ပြန်လာမယ်ပြောပြီး ဒူးထောက်ပြနေလည်း I...