ညောင်လေးပင်က အဲဒီဆရာဝန်အကြောင်း ပြောချင်လာတာ လျှာယားနေပြီဗျာ

ညောင်လေးပင်က အဲဒီဆရာဝန်အကြောင်း ပြောချင်လာတာ လျှာယားနေပြီဗျာ ဘယ်နှယ့် ဆရာဝန်သာဆိုတယ် လူပုံပန်းက မိုက်ကျစ်ကျစ်ရယ်..စကားပြောကလည်း ဒုံးတိတိနဲ့ ဆိုတော့ သူ့ကိုမသိတဲ့လူတွေကို ဘုရားစူးမိုးကြိုးပစ် ကျိန်ပြောရင်တောင် ဆရာဝန်လို့ မယုံဘူး စိတ်ချ။တစ်နေ့ပေါ့.. ဂေဟာမှာ ခိုလှုံနေတဲ့ ဖဒိုသူ ကိုယ်ဝန်သည်တစ်ယောက်က ဖဒိုဆေးရုံမှာ သူ့ကိုသိတဲ့သူနဲ့ ဆုံမှာစိုးလို့ ညောင်လေးပင်ဆေးရုံမှာ မွေးပါရစေ ဆိုတာနဲ့ အဲဒီဆရာဝန်ကြီးနဲ့ ဆုံကြတာ..။ဒေါက်တာ သောင်းဒန်ဦး (ညောင်လေးပင် ဆေးရုံအုပ်ကြီး..)ပေါ့..လူတင်မဟုတ် နာမည်ကလည်း လက်ဝှေ့သမားနာမည်ကြီး..ထားပါတော့..။ ကလေးမွေးဖွားပြီးလို့ ထုံးစံအတိုင်း ပိုက်ဆံဘယ်လောက်ပေးရမလဲ ဆိုတော့ ကိုယ်တော်ချောက မျက်နှာထားတင်းတင်းနဲ့ လက်ခါပြတယ်..။ဇောင့်ဆတ် ဇောင့်ဆတ်နဲ့ ရုံးခန်းထဲ ဝင်သွားပြီးသူတို့ဆေးရုံကိုလှူထားတဲ့ အနှီးတွေ နို့မှုန့်တွေ ယူချလာပြီး ကိုစိုးထိုက်ကိုပြန်လှူတာ ဆိုပြီးချာခနဲပြန်လှည့်သွားတယ်..”နောက်တစ်ယောက်ခွဲမယ်ဟေ့..”လို့ အော်သွားတဲ့ အဲဒီဆရာဝန်ကြီးကို နောင်များမှာလည်း အမြဲတမ်း သတိထားမိတဲ့တစ်ချက်က ခွဲခန်းဝတ်စုံကို အမြဲလိုလိုဝတ်ထားတာပဲ..။ နောက်ပိုင်း ဂေဟာက တစ်ချို့ကိုယ်ဝန်သည်တွေ မသန်စွမ်းကိုယ်ဝန်သည်တွေကို ညောင်လေးပင်မှာ...

ကံကြီးလို့အမြန်လမ်းမှာ မန္တလာမင်းကားကြီးသာမကယ်ရင် ဒ်ီမိသားစုလေးဘဝ မတွေးရဲစရာ

ညအချိန်မတော် ဘယ်အချိန်ဖြစ်ဖြစ်မောင်းချင်တဲ့အချိန်မောင်းပါတယ် အမြန်လမ်းပေါ်မှာ မကြောက်တတ်ပါဘူး ဒါပေမဲ့ ကားကြီးကားငယ် အဖေါ်ရှာပြီးတော့မောင်းပါတယ်။ ခရီးထွက်မယ်ဆိုရင်တော့ ကားကို စစ်ပြီးမှထွက်လေ့ရှိပါတယ် အမြန်လမ်းမှာကားပျက်ရင်အကူအညီရဖို့မလွယ်ပါဘူး မယုံကြည်ကြလို့ရပ်မပေးကြပါဘူး မကူညီကြပါဘူးအချိန်မတော်ပျက်ရင် ဘယ်ကားတားတား ရပ်မပေးကြပါဘူး သူတို့လဲကြောက်လို့ရပ်မပေးတာပါ ဒုစရိုက်သမားတွေကိုကြောက်ကြလို့ပါကျတော်ပြောချင်တာက ခုလာပါပြီ မန်းလေးကပြန်လာတယ်ဗျာ ၁၁၅ မိုင်ကျော်လာပြီဗျာ တော်တော်ညနက်နေပြီဗျာ အချိန်လွဲမှာစိုးလို့ထည့်မရေးတော့ဘူးမမှတ်မိလို့တော့လို့ပါ။ မိုင် ၉၀ /၈၀ ကြားမှာဖြစ်တာပါ အာ့မှာကျတော် မောင်း လာရင်းကနေ နောက်ကကားကြီးကျော်မို့အချက်ပြတာနဲ့ ကျော်ဖို့မီးပြပြီးကျော်ခိုင်းလိုက်ပါတယ်ကျော်သွားပြီးမှ မန္တလာမင်း ( Express )ကားမှန်းသိတာပါ အာ့မှာစတွေ့ပါပြီဗျာ မန္တလာမင်း ကားနောက်က ခတ်ခွာခွာလေးလေးလိုက်မောင်းနေရင်းက ဆိုင်ကယ်တစ်စီး လူနှစ်ယောက်စီးပြီးအမြန်လမ်းပေါ်မှာမောင်းလာပါတယ်။ ကျတော့်ကားလဲကျော်ပြီးရော ခနကြာတော့ ကျတော့်ကားကိုအမှီလိုက်မောင်းလာတာတွေ့ရပါတယ် ကားအနေအထားကြည့်ပြီးလိုက်တာတဲ့သဘောပါ။ကျတော်လဲ Speed တင်လိုက်ပါတယ် သူလဲ လိုက်တင်ပြီးမောင်းပါတယ် ဒာာ့နဲ့ ကျတော်လဲ မသင်္ကာတော့ဘူးဗျာ သူလိုက်လာတာသိသာတယ်ဗျSpeed တင်မောင်းတော့ ရှေ့က ကျတော့်ကိုကျော်သွားတဲ့ မန္တလာမင်း ကားကြီးကိုမှီလာတာပေါ့ဗျာအံ့သြဖို့ကောင်းတယ် မန္တလာမင်း...

မန္တလေး၊ လမ်း (၇၀) လမ်းဘေးသန့်စင်ခန်းတစ်ခု အာဆီယံကပေးတဲ့ဆုကိုရရှိ

ASEAN Public Toilet Awards 2019-2021 ဆုရရှိခဲ့တဲ့ လမ်း၇၀ လမ်းဘေးသန့်စင်ခန်း ပြည်သူတွေအတော်များများ အသုံးပြုနေပါပြီ။ ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်တဲ့ နေရာလေးပါ။ ၁၄လမ်းထိပ် အများသုံးသန့်စင်ခန်းကို ဖေဖော်ဝါရီမှာဖွင့်ပါမယ်။ ပြည်ကြီးမင်္ဂလာ ကုန်တင်ကားကြီးကွင်းမှာလည်းဆောက်လုပ်ပြီးပါပြီ။ အဆင့်မြင့် အများသုံးသန့်စင်ခန်းတွေကို ၇၄လမ်း-၁၂လမ်းထိပ်၊ ၂၃လမ်း-လမ်း၈၀ထိပ်၊ ကမ်းနားလမ်း မြို့တော်ဥယျာဉ်နေရာ၊ မဟာအောင်မြေကျောက်ဝိုင်း တွေမှာအခုနှစ်အတွင်းတည်ဆောက်သွားမှာပါ။၂၀၁၉-၂၀၂၀ဘတ်ဂျက်မှာ အဆင့်မြင့်သန့်စင်ခန်း ၅ခန်းထပ်မံတည်ဆောက်ဖို့လျာထားပါတယ်။ မြို့တော်အတွက် စည်ပင်ပါ။ Credit-Ye Lwin

မျှော်လင့်နေတဲ့ ရင်သွေးလေး ရရှိသွားခဲ့ပြီမို့ ပီတိမျက်ရည်တွေကျခဲ့ရတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်နဲ့ ကိုသီဟတို့ကတော့ အိမ်ထောင်သက်တမ်း ၁ နှစ်နီးပါး ကြာမြင့်လာခဲ့တဲ့အချိန်မှာတော့ မိသားစုလေးတစ်ခုကို မကြာခင်မှာ ပိုင်ဆိုင်ရရှိတော့မှာပဲဖြစ်ပါတယ်။ ပရိသတ်တွေက မိသားစုနဲ့ဖြစ်စေချင်နေပြီဖြစ်တဲ့ ဒီဒီးတို့ ဇနီးမောင်နှံကတော့ သိပ်မကြာသေးခင်ကပဲ ရင်သွေးလေးကိုလွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်တစ်ယောက် ဒီနေ့လေးမှာ လွယ်ထားတဲ့ ကိုယ်ဝန်က Gender လေးကို သိခွင့်ရခဲ့တဲ့နေ့ဖြစ်တာကြောင့် အတိုင်းမသိ ပျော်ရွှင်မျက်ရည်ကျခဲ့ရတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကိုတော့ ဘာလေးလဲဆိုတာ အသိမပေးဘဲ Surprise လုပ်ခဲ့ကြတာဖြစ်ပါတယ်။ “ဒီနေ့ ဘေဘီလေးဘာလေးလဲသိရလိမ့်မယ်မထင်ခဲ့မိဘူးတစ်ကယ့်ကိုsurprise ပါပဲ တစ်နေကုန်နူတ်ပိတ်နေတဲ့မေမေဒါ တီတီဇင်😩 အပင်ပန်းခံစီစဉ်ပေးတဲ့ မမခင်မမဂျာ Things 4 U – wedding, event and party supply တီတီပုံ့ ပုံလှလှလေးရိုက်ပေးတဲ့မမယု စပရိုက်စ်စီစဉ်သူ မေမေဒါဒါ (ကိုယ်ပူဆာတာလဲပါ)😂 အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ 😘 မိန်းကလေးပါရှင်👨‍👩‍👧” လို့ ဝမ်းသာပီတိတွေနဲ့ပြောပြထားခဲ့တာဖြစ်ပါတယ်။ လိုချင်နေတဲ့ မိန်းကလေးကို ရသွားလို့ ပျော်ရွှင်နေတဲ့...

ကားသမားရဲ့မထားသင့်တဲ့ မာန်ဒေါသကြောင့် စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသူလေး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်

ယာဉ်မတော်တဆဖြစ်ပွားမှုကြာင့် စတုတ္တနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးသေဆုံးရ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း လဝကရုံးအနီး၌ ဇန်နဝါရီ ၂၉ရက် နံနက် ၇နာရီ ၄၀မိနစ် အချိန်ခန့်က ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် တောင်ကြီးတက္ကသိုလ်ကျောင်းသူ တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ယာဉ်မောင်း ဦးစည်သူဦး( ၃၂နှစ်) မောင်းနှင်လာသော 8j/—– Toyota Hiace အ ဖြူ ရောင်မှာ တက္ကသိုလ်မီးပွိုင့်အရောက် လမ်းယာဘက်သို့ ချိုးကွေ့စဉ် ၎င်းယာဉ်အား လက်ယာဘက်မှကျော်တက် မောင်းနှင်သွားသော ဆိုင်ကယ် ၂၉ယ/ ——- Honda clickမောင်းနှင်သော မအိအိလင်း (၂၁နှစ်) တောင်ကြီးတက္ကသိုလ် စတုတ္တနှစ် ဓါတုဗေဒကျောင်းသူ၊ (ရတနာသီရိရပ်ကွက် တောင်ကြီးမြို့)နေထိုင်သူအား မကျေနပ်သဖြင့် ပြောဆိုရန် ဆိုင်ကယ်၏ယာဘက်မှ လိုက်လံ မောင်းနှင်စဉ် အခင်းဖြစ်ရာနေရာ အရောက် အရှိန်မထိမ်းနိုင်ဘဲ ဆိုင်ကယ်မောင်းနှင်သူအား...

လန်ဒန်မှာရှိနေတဲ့ သားနဲ့ သမီးအကြောင်း ပြောပြလာတဲ့ အဆိုတော် တင်ဇာမော်

ဂီတလောကမှာလည်း အောင်မြင်ကျော်ကြားမှုကို ယနေ့အထိ ထိန်းသိမ်းထားနိုင်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားတဲ့ အဆိုတော် တင်ဇာမော်က သူမရဲ့သားနဲ့ သမီး အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။“သားကြီးက ၁၆ နှစ် ပြည့်သွားပြီ။ သမီး အငယ်လေးက ၅နှစ်ပေါ့။ သူတို့က ဟိုမှာပဲ နေဖြစ်တာများတယ်။ ကျောင်းတက် နေရတာကို။ သူတို့ကျောင်းကလည်း တနှစ်လုံးနေမှ တလပဲ ခွင့်ရတယ်။ ကြားထဲမှာ နားတာလေးတွေက တခါပိတ်ရင် တပတ်ပဲ။ အဲဒီတပတ်ကလည်း ဒီဘက်ကို ပြန်လာဖို့ကမလွယ်ဘူးလေ”လို့ တင်ဇာမော်က ပြောပါတယ်။ လက်ရှိမှာတော့ မိသားစုတွေက လန်ဒန်မှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် မလွယ်ကူသေးဘူးလို့ သိရပါတယ်။ ၁၆ နှစ်အရွယ် သားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူတို့ရဲ့ မတူညီတဲ့ စရိုက်လက္ခဏာများအပေါ် မူတည်ပြီးတော့လည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ “သားက ကောလိပ်တက်နေပြီ။...

ကမ္ဘာ့အဆင့် အပေးအကမ်း အရက်ရောဆုံးတိုင်းပြည်အဖြစ်မှ ဈာန်လျှောသွားခဲ့ရတဲ့ မြန်မာနိုင်ငံ

မနှစ်ကအထိ ထိပ်ဆုံးက အမြဲဗိုလ်စွဲခဲ့တဲ့ မြန်မာဟာ ၂၀၁၈ ခုနှစ်စစ်တမ်းမှာတော့ အဆင့် ၉ အထိ လျှောကျခဲ့ရပါတယ်။ ထိပ်ဆုံး ၁၀ နိုင်ငံထဲ အာဆီယံဒေသတွင်း ၃ နိုင်ငံအထိ ပါလာတာကတော့ ဂုဏ်ယူဝမ်းသာစရာပါပဲ။ နိုင်ငံပေါင်း ၁၄၆ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ အတိုးတက်ဆုံးကတော့ မနှစ်က အဆင့် ၃၀ ကနေ၊ ဒီနှစ်အဆင့် ၇ အထိ တက်လာတဲ့ စင်ကာပူပါပဲ။ ဒီစစ်တမ်းကောက်ရာမှာ အဓိကအချက် ၃ ချက်အပေါ်မူတည်ပြီး အမှတ်ပေးခဲ့ကြတာလို့ CAF အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အဲဒီ ၃ ချက်ကတော့ ၁။ သင့်အချိန်ဘယ်လောက် အများအကျိုးအတွက် ပေးခဲ့လဲ ၂။ ငွေကြေးတစုံတရာ လှူဒါန်းဖူးပါသလား ၃။ မသိတဲ့ တစိမ်းတရံစာပုဂ္ဂိုလ်တွေကို ကူညီလေ့ရှိပါသလား သရဖူစွန့်လွှတ်ခဲ့ရပေမယ့်၊ ကမ္ဘာ့အဆင့်ထိပ်တန်း ၁၀ နိုင်ငံထဲပါနေသေးတာကဖြင့်၊ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်တခုအတွက် ဂုဏ်ယူစရာဖြစ်ရုံသာမက…အဲဒီတိုင်းပြည်ကလူတွေရဲ့...

ရန်ကုန်-မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ မပေါက်သင့်သောနေရာများ

ရန်ကုန်-မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ မပေါက်သင့်သောနေရာများ ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။ ကားကိုအနားပေးချင်လို့ ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။ 259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့်မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။ တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။ နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။ လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။...

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ သင်​ဇာဝင့်ကျော်ရဲ့ပုံတွေနဲ့ပတ်သတ်ပြီး ပြောလာတဲ့ အနုပညာရှင်တစ်ချို့

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ရိုးရှင်းပွင့်​လင်းလွန်းတဲ့စိတ်နဲ့ လွတ်လွတ်လပ်လပ်နေထိုင်တတ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာက ရူးခါနေအောင်မိုက်တဲ့ သူမရဲ့ကြော်ငြာပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာတွေ့ရပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပါ။ အဆိုပါကြော်ငြာပုံရိပ်တွေနဲ့ပတ်သတ်ပြီး ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ချို့က သင်ဇာ့ကို ချစ်စဖွယ်လေးနောက်ပြောင် ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် သင်ဇာ့ကိုဆို ချစ်ချစ်ခင်ခင်ရှိလှတဲ့ အနုပညာရှင်တွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ သင်ဇာဝင့်ကျော်ရဲ့ကြော်ငြာပုံရိပ်တွေအောက်မှာတော့ အဆိုတော် ယုန်လေးက အရမ်းမိုက်တဲ့အကြောင်း ချစ်စဖွယ်လေးရေးသားထားတာ တွေ့ရပြီး၊ ခင်လေးနွယ်ကလည်း သင်ဇာ့ကို အရမ်းလှကြောင်း ချီးမွမ်းခဲ့ပါသေးတယ်။ သင်ဇာ့ကို အားပေးကြမ်းတဲ့ စမိုင်းလ်ကတော့ ယောက်ျားကိုတောင်ခွင့်တောင်းပြီး သင်ဇာ့ရင်ခွင်လေးထဲ ခဏနေချင်တယ်လို့ ချစ်စဖွယ်နောက်ပြောင်ထားပါသေးတယ်။ ပျော်ပျော်နေတတ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ သားညီကတော့ ဆပ်ပြာမြုပ်တွေကို ရေနဲ့ဆေးချလိုက်ချင်တယ်လို့ စစနောက်နောက် ပြောထားတာ တွေ့ရပါတယ်။ အနုပညာရှင်တွေတောင် အားပေးကြမ်းကြတဲ့ သင်ဇာ့ရဲ့ပုံတွေက အရမ်းကို လန်းနေတာတော့ အမှန်ပါပဲနော်။ ချစ်ပရိသတ်တွေလည်း...

တာချီလိတ်မြို့က သူဌေးကြီးတစ်ဦး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံရမှု (သတင်းအပြည့်အစုံ)

ဒီကနေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ လူစည်ကားရာအရပ်မှာ လူတစ်ဦးသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံရမှု သတင်းနဲ့ပတ်သက်ပြီး ထပ်မံသိရှိရတဲ့သတင်းတွေကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ဒီကနေ့ နေ့လည် တစ်နာရီလောက်က တာချီလိတ်မြို့ရဲ့ လူစည်ကားရာအရပ်ဖြစ်တဲ့ အာခါဈေး (မီးပွိုင့်)မှာ တာချီိလိတ်မြို့ရဲ့ သူဌေးကြီး ဦးအားဖာ(တပင်ရွှေထီး)ဟာ အမည်မသိသေနတ်သမားရဲ့ ပစ်သတ်မှုကိုခံခဲ့တာဖြစ်ပါတယ်။ ဦးအားဖာဟာ သူ့ရဲ့ လင်ခရူဇာ ယာဉ်ကိုမောင်းနှင်ပြီး တာချီလိတ်မြို့ ၀မ်လုံးအုပ်စု လွယ်စတုံရွာ၊ ပုံလို့မီးသဂြိုလ်စက်ကနေ ထွက်ခွာလာခဲ့ပြီး ၀ိန်းကျောက်ရပ်ကွက် အာခါဈေးမီးပွိုင့်လမ်းဆုံအရောက်မှာ အခုလို သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။မီးပွိုင့်မီးနီနေတာကြောင့် ကားကိုရပ်တန့်ထားစဉ် လူ ၂ဦးစီးနင်းလာတဲ့ အပြာရောင်ဆိုင်ကယ်တစ်စီးဟာ ကားအနားရောက်ရှိလာပြီး ဦးအားဖာကို သေနတ်နဲ့ ၆ ချက်ခန့် ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်ပေါ်မှာ ဦးအားဖာနဲ့အတူ အမျိုးသမီး ၄ ဦးလည်း ပါဝင်လိုက်ပါလာပြီး သေနတ်သမားကတော့ ဦးအားဖာကိုသာ ပစ်သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ဖြစ်စဉ်ကြောင့် ဦးအားဖာဟာ ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာနံစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၃...