မန္တလေးမြို့တွင် လမ်းဖောက်လုပ်ရန် မလွတ်ကင်းသော ဘုန်းတော်ကြီးကျောင်း ( ၃ ) ကျောင်းက ကြည်ဖြူစွာ ဖျက်ပေး

မန္တလေးမြို့ တွင် လမ်းဖောက်ရန် ဘုန်းတော်ကြီးကျောင်း များဖြင့် မလွတ်မကင်းဖြစ်နေသော်လည်း အဆိုပါ ဘုန်း တော်ကြီး ၃ ကျောင်းကကြည်ဖြူစွာဖျက်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးကျော်ဇေယျ၏ Facebook တွင် ရေးသားထားမှု့ အရ သိရသည်။ ထိုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများကိုဖျက်ရာတွင် လမ်း အလယ်ရောက်နေသည့်ရေတွင်းတစ်တွင်းလည်းပါရှိသည့် အတွက် ဇန်နဝါရီ ၁၉ ညနေ ၅ နာရီက ဗုဒ္ဓဘာသာထုံတမ်း အစဉ်အလာအတိုင်းဆရာတော်များကိုပင့်ဖိတ်၍ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ထို့ အတူ ၅၈လမ်းမှဘုန်းတော်ကြီးကျောင်းများဖြင့်အဆင် ပြေထားပြီးဖြစ်၍ မကြာမီ လမ်းဖောက်လုပ်နိုင်တော့မည် ဖြစ်ကာ အလှူရှင်များကို ဖိတ်ခေါ်ပါသည်ဟုလည်း ဦး ကျော်ဇေယျက ရေးသားထားသည်။ ဦးကျော်ဇေယျ၏ Facebook တွင် ” ၅၇လမ်း ၃၀-၃၁လမ်းကြား နိုင်လွန်ခင်းတာ အရင်က ၃၁လမ်းထိပ်မှာ ဘုန်းကြီးကျောင်းငယ် ၃ကျောင်း၊လူနေ အိမ်၁အိမ်ရှိပါတယ်။ လမ်းမြေကို အသုံးပြုထားတာပါ။၃၅လမ်းဘက်ထွက်နိုင်ဖို့ ဒီနားလေးပဲပိတ်နေတော့ ဖယ်...

တေးစီးရီးမိတ်ဆက်ပွဲမှာ ဝတ်ဆင်ဖျော်ဖြေခဲ့တဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေဝေဖန်တာခံနေရတဲ့ စည်သူပလပ်ကျွတ်

သီချင်းတွေလည်းသီဆိုရင်း သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်တဲ့ စည်သူပလပ်ကျွတ်တစ်ယောက်ကတော့ ပွဲတစ်ခုမှာ အထူးခြားဆုံးပုံစံနဲ့ သီဆိုဖျော်ဖြေခဲ့တာကိုတွေ့ရပါတယ်။ အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကားအပြင် အခြားသော ရုပ်ရှင်တွေမှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့ စည်သူပလပ်ကျွတ်ဟာ ကိုယ်ပိုင်သီချင်းတွေကိုလည်း ဖန်တီးသီဆိုသူတစ်ဦးဖြစ်ပါတယ်။ စည်သူပလပ်ကျွတ်ဟာ ဝတ်စားဆင်ယင်မှုတွေနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ဝေဖန်မှုအချို့အပြင် အားပေးမှုတွေကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ယနေ့မှာတော့ ပွဲတစ်ခုက ဝတ်ခဲ့တဲ့ Spider Man ဝတ်စုံကြောင့် ပရိသတ်တွေကြားဝေဖန်မှုများနေပါတယ်။ အဆိုတော် သျှန်သျှဏ်း ရဲ့ “အသိအမှတ်ပြုပါ” တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲ နှင့် ပရိုမိုးရှင်း (Promotion) ပွဲမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ် က Spider-Man ပွဲတက်ဖက်ရှင်နဲ့ပွဲတက်ခဲ့ပါတယ်။ အဆိုတော် Shan Shann ရဲ့ အသိအမှတ်ပြုပါ တေးစီးရီးမိတ်ဆက်ပွဲနဲ့အမှတ်တရလက်မှတ်ရေးထိုးပွဲကို ယနေ့ညနေသုံးနာရီက လှည်းတန်းစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။ “အမြင်ဆန်းအောင် ဂျပန်က ၀ယ်ထားတဲ့ Spider-Man ၀တ်စုံနဲ့ ဖျော်ဖြေနေပါတယ်။ ပရိသတ်က အားပေးကြလို့...

ဇော်​ဝင်းထွဋ်​ကို ​မွေး​နေ့ Surprise လုပ်​​ပေးခဲ့တဲ့ နီနီခင်​​ဇော်​တို့အဖွဲ့သား​တွေရဲ့ ဗီဒီယို

ပရိသတ်​​တွေ အထူးသဖြင့်​ အမျိုးသားပရိသတ်​​တွေရဲ့ သဲသဲလှုပ်​ချစ်​ခင်​အား​ပေးခြင်းကို ခံထားရတဲ့ အဆို​တော်​ကြီး ​ဇော်​ဝင်းထွဋ်​က​တော့ မနက်​ဖြန်​ ဇန်​နဝါရီလ ၂၁ ရက်​​နေ့ဆိုရင်​ အသက်​ ၅၅နှစ်​တိတိ ပြည့်​သွားပြီပဲ ဖြစ်​ပါတယ်​။ အဆို​တော်​​ကြီး ​ဇော်​ဝင်းထွဋ်​ရဲ့ ​မွေး​နေ့အကြိုအ​နေနဲ့ ဝင်းမာလာ ကုမ္ပဏီရဲ့ Lucky Draw မဲ​ဖောက်​ပွဲမှာ Surprise ​မွေး​နေ့ပါတီ​လေး လုပ်​​ပေးခဲ့တာ ​တွေ့ရပါတယ်​။ အဆိုပါပွဲ​လေးမှာ​တော့ အဆို​တော်​မ​လေး နီနီခင်​​ဇော်​က Surprise အ​နေနဲ့ ​မွေး​နေ့သီချင်း ​သီဆို​ပေးခဲ့တာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေ​အတွက်​​ ​ဇော်​ဝင်းထွဋ်​ရဲ့​မွေး​နေ့အတွက်​ Surprise ​မွေး​နေ့သီချင်းဆို​ပေးခဲ့တဲ့ နီနီခင်​​ဇော်​ရဲ့ ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ ​ဇော်​ဝင်းထွဋ်​က​တော့ လာမယ့်​ ဇန်​နဝါရီလ ၂၁ရက်​​နေ့ဆို ၅၅ နှစ်​တိတိပြည့်​​တော့မှာပဲ ဖြစ်​ပါတယ်​။ ဦးညီထွဋ်​ရဲ့​မွေး​နေ့အတွက်​ သီချင်းဆိုဂုဏ်​ပြု​ပေးခဲ့တဲ့ နီနီခင်​​ဇော်​ရဲ့ ဗီဒီယို ချစ်​ပရိသတ်​​တွေ​လည်း ဂီတ​လောကရဲ့ ကြယ်​ပွင့်​ကြီး ​ဇော်​ဝင်းထွဋ်​တစ်​​ယောက်​ ​မွေး​နေ့မှစလို့ ကျန်းမာချမ်းသာစွာနဲ့ မိသားစုနဲ့အတူ...

ယူနိုက်တက် ဗီးရှင်းဆိုင်ဖွင့်ပွဲကို လှပလွန်းတဲ့ အဖြူရောင်ဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့တဲ့ စိုးမြတ်သူဇာ

ဇာတ်ကားတွေများစွာ ဆက်တိုက်ရိုက်ကူးနေရတဲ့ မကြီးစိုးကတော့ လတ်တလောမှာလည်း အခမ်းအနားပွဲတော်တော်များများကို တက်ရောက်နေပြီး ဒီကနေ့ ဇန်နဝါရီ (၂၀)ရက်နေ့မှာ ကျင်းပြုလုပ်ခဲ့တဲ့ United Vision မျက်မှန်ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကိုလည်း ကျော့ရှင်းလှပစွာ တက်ရောက်လာခဲ့ပါတယ်..။ အလိုက်ဖက်ဆုံးနဲ့ အထင်ပေါ်ဆုံးဖြစ်တဲ့ အဖြူရောင်လေးနဲ့ လုံလုံခြုံခြုံ ဖက်ရှင်ကျကျလေးပွဲတက်လာတဲ့ မကြီးစိုးရဲ့ မြင်သူတကာငေးရလောက်အောင် ရင့်ကျက်တဲ့ လှပနုပျိုမှုတွေနဲ့ လှသွေးကြွယ်မှုတွေကတော့ တက်သစ်စ မင်းသမီးချောလေးတွေနဲ့အပြိုင် ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားညို့ယူလိုက်တာပါပဲနော်..။ အားလုံးရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော စိုးမြတ်သူဇာကတော့ သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ပွင့်လင်းတဲ့ဟန်ပန်နဲ့ ပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့ အပြုံးချိုချိုလေးတွေကလည်း သူမကို အချစ်ပိုစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲနော်..။ ပရိသတ်တွေကို သဘောကျအချစ်ပိုစေတဲ့ မကြီးစိုးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ မကြီးစိုးရဲ့ ပရိသတ်တွေလည်း အလွမ်းလေးတွေ ပြေစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။ပရိသတ်ကြီးကလဲ မကြီးစိုးကိုချစ်ရင် Share သွားကြဦးနော်။ Photo Source...

ယူနိုက်တက် ဗီးရှင်းဆိုင်ဖွင့်ပွဲသို့တက်ရောက်လာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ယနေ့မှာ ယူနိုက်တက်ဗီးရှင်း (မြောက်ဥက္ကလာ) ဆိုင်ဖွင့်ပွဲသို့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အမြဲလိုလို စမတ်ကျကျနဲ့ ဆက်စီဆန်ဆန်ဝတ်စားဆင်ယင်မှုတွေနဲ့အတူ ပရိသတ်တွေကို အမြင်ရသအမျိုးမျိုးပေးစွမ်းနိုင်ခဲ့တာကြောင့်လည်း သူမရဲ့ဖက်ရှင်တွေကို ပရိသတ်တွေစိတ်ဝင်စားမှုက အမြင့်ဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။ သင်ဇာကတော့ ၂၀၁၈ ခုနှစ်ထဲမှာ သူမရဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၂၀၁၉ မှာလည်း သူမရဲ့ပွဲတက်ဖက်ရှင်တွေဟာ ပရိသတ်တွေကို လွှမ်းမိုးနိုင်ဦးမလားဆိုတာကိုလည်း စိတ်ဝင်စားနေကြတာတော့အမှန်ပါပဲ။ သင်ဇာကတော့ဒီလိုမျိုးဖက်ရှင်တွေ ဝတ်စားတဲ့အပေါ်မှာလည်း သူမရဲ့ သမာအာဇီဝကျတဲ့အလုပ်လို့ သတ်မှတ်ထားတာကြောင့် ဆက်လက်လုပ်ကိုင်နေဦးမှာပဲဖြစ်ပါတယ်။ အရမ်းဟော့တဲ့ ဝတ်စားဆင်ယင်မှုတွေကလွဲရင် သူမကတော့ ဆက်စီမော်ဒယ်အဖြစ် ခံယူထားတာကြောင့် တမူထူးခြားတဲ့ဖက်ရှင်မျိုးတွေကို ဝတ်စားဖြစ်နေမှာပါ။ ယူနိုက်တက်ဗီးရှင်းမြောက်ဥက္ကလာပ ဆိုင်ဖွင့်ပွဲကိုတက်ရောက်လာတဲ့ သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele ယူနိုက်တက်ဗီးရှင်းဆိုင်ဖွင့်ပွဲကိုရောက်ရှိနေတဲ့ သင်ဇာ Video Source-United Vision Photos-Akonthi

ကြည့်မိသူတိုင်းမျက်ရည်ကျလောက်စေတဲ့ဆရာ ဆရာမတွေရဲ့မေတ္တာဖော်ကျူးပြသခဲ့တဲ့ ကျောင်းသားလေးရဲ့ဗီဒီယိုဖိုင်

ဒီ​နေ့ ကျွန်းလှမြို့ ၊ သစ်​ရာမြိုင်​ ၊ အ.ထ.က စုံညီပွဲ​တော်​မှာဆရာမ​တွေကို ငို​အောင်​လုပ်​တဲ့ ​ကောင်​​လေး ကျောင်းသားလေးများ စုပေါင်းဖော်ကျူးခဲ့တာဖြစ်ပါတယ်မျက်ရည်တွေပါကျခဲ့ရတဲ့ သရုပ်ဆောင်ကောင်းတဲ့ ကျောင်းသားလေးတွေရဲ့ ရင်ထဲကခံစားချက်တွေ တကယ်ထိရောက်ခဲ့ပါတယ် ကည့်မိသူတိုင်မျက်ရည်ကျလောက်စေတဲ့ဆရာ ဆရာမတွေရဲ့မေတ္တာဖော်ကျူးပြသခဲ့တဲ့ ကျောင်းသားလေးရဲ့ (ဗွီဒီယိုဖိုင်) Video ကြည့်ရန် Video Source : Nay Chi Thit

မြန်မာ့အနုပညာရှင်တွေရဲ့ ရှားရှားပါးပါးငယ်ဘဝပုံရိပ်များ

လူရယ်လို့ ဖြစ်လာရင်တော့ တဖြည်းဖြည်း အသက်ကြီးလာကြတာ သဘာဝပါပဲ။ ဒါပေမယ့်လည်း လူတိုင်းမှာတော့ ငယ်ဘဝဆိုတာရှိကြပါတယ်။ အဆိုတော်တွေ မင်းသား မင်းသမီးတွေ အရာရှိတွေဆိုတာကလည်း တချိန်ချိန်က အပြစ်ကင်းစင်တဲ့ ကလေးလေးတွေပါပဲ။ တချို့နာမည်ကြီးတွေကလည်း ကလေးဘဝတုန်းက သူတို့အနေနဲ့ ဒီလိုနာမည်ကြီးတွေ ဖြစ်လာကြမယ်ဆိုတာကို တွေးမိထားကြမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက နာမည်ကြီးတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့မှာလည်း ငယ်ဘဝရှိကြသလို ကလေးဘဝတုန်းကတော့ သာမန်ကလေးလေးတွေ ပါပဲ။ ဒါကြောင့်ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ မြန်မာနိုင်ငံက နာမည်ကြီးများရဲ့ ရှားပါးငယ်ဘဝ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁.ဒီပုံလေးကို မြင်လိုက်တာနဲ့ တယောက်ယောက်ကို တန်းပြီးတော့ မျက်စိထဲ မြင်မိကြမှာပါ။ သူကတော့ ရဲရင့်အောင်ပါပဲ။ ၂.ပုံထဲက ချစ်စရာကောင်းပြီး ကလေးလေးရဲ့ အဖေနဲ့ အမေကလည်း ချောမောတဲ့ ရုပ်ရည်ရှိကြပါတယ်။ ဒါကြောင့်လည်း ဒီကလေးလေးကတော့ အရွယ်ရလာတဲ့အချိန်မှာ နိုင်ငံကျော်မင်သားကြီး ဒွေးဆိုပြီးတော့ ဖြစ်လာတာပါ။ ဒါပေမယ့်လည်း...

“ကိုယ့်ဘ၀ကို ချပြဖို့ မကြောက်ဘူး၊ ရှက်လည်း မရှက်ပါဘူး” ဆိုပြီး မိသားစုဘဝအကြောင်းပြောပြလာတဲ့ ရဲလေးမ

ရဲလေးမကတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေကြတာလဲဖြစ်ပါတယ်။ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရဲလေးမကိုတော့ ပရိသတ်တွေက မိန်းမလျာကာရိုက်တာနဲ့ ပိုပြီး ရင်းရင်းနှီးနှီးအားပေးကြတာကို တွေ့ရပါတယ်။။ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ရဲလေးမဟာ သူ့ရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးကို လုပ်ကိုင်ကျွေး မွေးနေသူ တစ်ဦးပါ။ ရဲလေးမကတော့ “ကိုယ့်ဘဝကို ချပြဖို့ မကြောက်ဘူး၊ ရှက်လည်း မရှက်ပါဘူး။ မိသားစုဝင်များတဲ့ အတွက် အခုချိန်မှာ ကိုယ်ပိုင် အိမ်ကလေး တစ်လုံး လိုချင်နေပါတယ်။ မိသားစုဝင် (၁၂) ယောက် အတူတူနေကြပါတယ်” ဆိုပြီး သူဘဝလေးကို ပရိသတ်တွေကိုချပြခဲ့တာပဲဖြစ်ပါတယ်။ ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ တာလည်း...

လေထုညစ်ညမ်းသည့် ဘန်ကောက်တွင် နှာခေါင်းစည်း ပြတ်လပ်သွား၍ ဘရာစီယာကို သုံးနေရသည့် ဒေသခံများ

ဘန်ကောက်တွင် နှာခေါင်းစည်းများ ပြတ်လပ်သည်အထိရောင်းအားကောင်းနေသဖြင့် ဒေသခံအချို့က ဘရာစီယာ၊ အတွင်းခံတို့ကိုသုံးကာ ညစ်ညမ်းလေထုကို အံတုနေကြသည်။ ထိုင်းမြို့တော်ဘန်ကောက်တွင်ဇန်န၀ါရီလ ၁၃ ရက်ကတည်းကစကာ လေထုအလွန်တရာ ညစ်ညမ်းနေပြီးဌာနဆိုင်ရာကလည်း ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ထားသည်။ဘန်ကောက်လေထုထဲတွင်အမှုန်ပါဝင်နှုန်းသည် ဘေးကင်းစိတ်ချရသည့်ပမာဏထက် ရှစ်ဆပိုများနေပြီး နောက်တစ်လအထိ စိုထိုင်းညစ်ညမ်းနေဦးမည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားသည်။ လေထုညစ်ညမ်းလှသဖြင့် နှာခေါင်းစည်းရောင်းအားမှာလည်း အလွန်ကောင်းနေပြီးအချို့ဆိုင်များဆိုလျှင် ရောင်းစရာ လက်ကျန်ပစ္စည်းမရှိတော့ပေ။ထို့ကြောင့် အချို့လူများက ညစ်ညမ်းလေထုကို အဆင်ပြေရာပစ္စည်းဖြင့်တွန်းလှန်ကြခြင်းဖြစ်သည်။ နှာခေါင်းကို ဘရာစီယာဖြင့်အုပ်ထားသူများကမိမိပုံကိုမိမိရိုက်ကာ အွန်လိုင်းပေါ်တင်ကြသည်။ (DM, 17.1.19) ချယ်ရီ

သက်ငယ်မုဒိမ်းမှုကျူးလွန်သည့် တရားဟောဆရာတစ်ဦးကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်

အသက်မပြည့်သေး သည့်မိန်းကလေးနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တရားဟောဆရာကို မုဒိမ်းမှုအပါ အ၀င် ပုဒ်မလေးခုဖြင့် တရားစွဲဆိုစစ်ဆေးပြီးနောက် ကလေးခရိုင်တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ချမှတ် ခဲ့သည်။ အသက်(၁၄)နှစ်နှင့် (၁၅) နှစ်အရွယ်မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရ သောစစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် လက်ပံချောင်း ကျေးရွာမှ တရားဟောဆရာကို ကိုးလခန့်ကြာစစ်ဆေးပြီးနောက် ဇန်န၀ါရီ ၁၆ ရက်တွင် အထက်ပါ အတိုင်း အမိန့်ချမှတ်ခြင်းဖြစ် သည်။‘‘ထောင်ဒဏ် ၄၃ နှစ်ချမှတ် လိုက်ပါပြီ။ ကောင်မလေးရဲ့ မိဘ တွေကတော့ဒီပြစ်ဒဏ်အတွက် ကျေနပ်မှုရှိမယ်ထင်ပါတယ်’’ ဟု အဓမ္မပြုကျင့်ခံရသည့်မိန်းက လေးနှစ်ဦးဘက်မှ လိုက်ပါကူညီ ပေးသည့် ဒိန်းဒီးအမျိုးသမီးအဖွဲ့ (DHIP)မှ ဒေါ်ဆောမီးက ပြော သည်။   ဗျက်လားဟု ခေါ်သော အသက်(၃၀)ခန့်ရှိ တရားဟော ဆရာသည် ချင်းတောင်ဒေသသို့ သွားရောက်ပြီး ယင်းဒေသမှ လူ ငယ်များကို...