တာချီလိတ် စားသောက်ဆိုင်တွင် ပုခုံးချင်းတိုက်မိရာက သေနတ်ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က စားသောက်ဆိုင်တဆိုင်မှာ ဒီမနက်အစောပိုင်းက လာရောက်စားသောက်သူနှစ်ဦး အပေါ့သွားရင်း ပုခုံးချင်း တိုက်မိရာကနေ ခိုက်ရန်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ၉၉၉ အကင်ဆိုင်မှာ ဒီမနက် ၁ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်သွားသူက ထိုင်းနိုင်ငံသား တဦးဖြစ်နိုင်ကြောင်း စုံစမ်းချက်တွေအရ သိရတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က “စကားများရန်ဖြစ်ချိန်မှာ သေနတ်နဲ့ ပစ်သွားတဲ့သူက ထိုင်းလိုပြောတယ်လို့ပြောတယ်၊ အခုလက်ရှိတော့ သေနတ်နဲ့ပစ်ခတ်သူကို ဖမ်းမိဖို့ လိုက်ပြီး စုံစမ်းစစ်ဆေးနေဆဲပါ၊ အနီးအနားမှာရှိတဲ့ စီစီတီဗွီ မှတ်တမ်းတွေထဲ လိုက်စစ်နေပါတယ်။” လို့ ပြောပါတယ်။အရက်သေစာသောက်စားပြီး အပေါ့သွားရာက ပုခုံးချင်းတိုက်မိတဲ့အတွက် မကျေမနပ် ဖြစ်ကာ အပြင်ထွက်ချိတ်မှာ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်။သေနတ်နဲ့ပစ်ခတ်သူဟာ အသက် ၂၀ ၀န်းကျင်လောက်ရှိတဲ့ လူငယ်တွေဖြစ်ကြပြီး အခင်းဖြစ်ပွားပြီးပြီးချင်း ကားပေါ်တက် မောင်းပြေးသွားသွားတယ်လို့ ဆိုပါတယ်။...

ကိုယ်ဝန်ဆောင်တုန်းက ထူးခြားတဲ့ အိမ်မက်ကိုပြောပြလာတဲ့ ချစ်သုဝေ

ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ တကယ့်ကို ပရိသတ် အချစ်တော် စံပြ ဇနီးမောင်နှံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို မြင်တဲ့လူတိုင်းချစ်ချင်စရာဖြစ်နေတဲ့ ခေတ်နဲ့ သစ်ဆိုတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခေတ်နဲ့ သစ် နှစ်ယောက်ကတော့ ကလေးလေးတွေ ဖြစ်ပေမယ့်လည်း ဓါတ်ပုံရိုက်တဲ့နေရာမှာ ပို့စ်လေးတွေ ပေးတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုပြီးတော့ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးနှစ်ယောက်အကြောင်းကိုတော့ လင်းလင်းနဲ့ ချစ်သုဝေက ဖြေကြားသွား ခဲ့တာ ဖြစ်ပါတယ်။ အင်တာဗျူးမှာတော့ ခေတ် နဲ့ သစ်ကို ကိုယ်ဝန်လွယ်ထားတော့ ထူးခြားတဲ့ အိမ်မက်မက်တဲ့ အပေါ် ချစ်သုဝေကတော့ “မထရီဇာ တခါမှတော့ အဲ့လိုအိမ်မက်တွေမမက်ဖူးပါဘူး။ အဲ့အိမ်မက်ကတော့ တော်တော်လေး ထူးဆန်းပြီး မှတ်မှတ်ရရကို ဖြစ်နေတာပါ။ မထရီဇာအရင်နေတဲ့ အိမ်မှာပေါ့နော်။...

ဆွမ်ဇာလန်နိုင်ငံမှာ သမီးဖြစ်သူကို ကျောင်းထားပေးထားတဲ့ ဟာသသရုပ်ဆောင် ဖိုးဖြူ

ဟာသသရုပ်ဆောင်ဖိုးဖြူက သမီးဖြစ်သူကို ဆွစ်ဇာလန်နိုင်ငံကို ပို့ပေးကာ Hotel Management နဲ့ ပတ်သက်တဲ့ ဂုဏ်ထူးတန်းကို တက်ရောက်ဖို့ ကျောင်းထားပေးထားတယ်လို့ ဆိုပါတယ်။“သမီးလေးနာမည်က ခိုင်ဇာသွယ်လို့ ခေါ်တယ်။ သူက ဖေဖော်ဝါရီ ၁၃ မှာ အသက် ၂၃ နှစ်ပြည့်မယ်။ E Major နဲ့ ကျောင်းပြီးပြီ။ အခုတော့ ဆွစ်ဇလန်မှာ Hotel Management နဲ့ ပတ်သက်တဲ့ ဂုဏ်ထူးတန်းကို သွားတက်နေပါတယ်။ တနှစ်သွားတက်ရမှာ အခုသွားတာ၂ လရှိပါပြီ။ သားသမီးကို လုပ်ပေးနိုင်ဖို့အတွက် မိဘတယောက် အနေနဲ့ ပိုက်ဆံရှာရတယ်။ ရှေ့ရေးကိုမျှော်ပြီးစုထားဆောင်းထားတဲ့အတွက် သမီးကို ဒီလိုလေးလုပ်ပေးနိုင်တာပါ” “Generation တဆင့်မြှင့်တယ်ဆိုတာရှိတယ်။ အဖေအမေ လယ်သမားဖြစ်နေပါစေ သားသမီး ၁၀ တန်းအောင်ရမယ်။ အဲ့သား သမီး ၁၀တန်းအောင်ပြီးရင် ဘွဲ့ရရမယ်။ ငါလယ်သမား မင်းလည်း လယ်ပဲလုပ်ရမယ်ဆိုရင် ဖင်ထဲရွံ့ဝင်ရင်းပြီး သွားမှာပဲ။...

ရင်ဖိုစရာစွဲမက်ဖွယ် ခန္ဓာကိုယ် အတွင်းသားပေါ်မှာ အမိုက်စား တတ်တူးအသစ် ထပ်ထိုးခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဗီဒီယို

ဆက်စီ မော်လ်ဒယ်ဘုရင်မလို့ အားလုံးက တင်စားရလောက်အောင် ညို့အင်းပြင်းတဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်သူကတော့ ပရိသတ်အချစ် သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ပါပဲနော်..။ညို့အားပြင်းပြီး ဆွဲဆောင်မှုရှိတဲ့ အချိုးအစားကျတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအပြင် Sexy ကျလွန်းတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေကြောင့်လည်း ပရိသတ်တွေကြာ အမြဲရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်..။ ခပ်လန်းလန်းအမိုက်စားဖက်ရှင်လေးနဲ့လည်း အခမ်းအနားတွေ တော်တော်များကို တတ်ရောက်လေ့ရှိတဲ့ သူမကတော့ ကျော့ကျော့ရှင်းရှင်းလေးနဲ့ အမြဲချစ်စရာကောင်းပြီး ဆွဲဆောင်မှုတွေအပြည့်နဲ့ ပရိသတ်တွေကို အချစ်ပိုစေသူလေးဆိုလည်း မမှားပါဘူး..။လတ်တလော ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားတဲ့ သင်ဇာလေးတစ်ယောက်ကတော့ အခုတစ်ခါမှာလည်း ခန္ဓာကိုယ် အတွင်းသားပေါ်မှာ တတ်တူးအသစ်ထပ်ထိုးခဲ့တာ တွေ့ရပါတယ်..။ အမိုက်စားခန္ဓာကောက်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ သင်ဇာလေးကတော့ သူမရဲ့ ပေါင်ပေါ်မှာ ကာလာနဲ့ စာတန်းပုံတတ်တူးအသစ်လေး ထိုးခဲ့တာပဲ ဖြစ်ပါတယ်..။တတ်တူးထိုးခဲ့တဲ့ အကြောင်းလေးနဲ့ သူမရဲ့အမိုက်စား တတ်တူးပုံအသစ်လေးကိုလည်း သူမက မျှဝေထားတာမို့ ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း သင်ဇာရဲ့ လန်းစားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။ Photo –...

အထွေထွေဗဟုသုတ အားနည်းပြီး အစားအ​သောက်​ကျိန်​စာ သင့်နေသောရွှေမြန်မာများ ဖတ်ကြည့်ကြပါ

အနာဂါတ်​လူ့​ဘောင်​တစ်​ခုလုံးအတွက်​ သိပ်​ကိုလိုအပ်​​နေပြီထင်​ပါတယ်​..စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍အစားအ​သောက်​ကျိန်​စာ သင့်နေသောရွှေမြန်မာများ..ရွှေမြန်​မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ် အာရှမှာ အနိမ့်ဆုံးဘဲ..အသက် ရှင်သန်ဖို့အတွက် နေ့စဉ်စားသောက်နေရတဲ့အစားအ​သောက်​တွေကို ကျန်းမာ​ရေးအသိနဲ့ မချင့်ချိန်ဘဲစားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာ​ရေးထိခိုက်ရုံမျှ မကဘဲကိုယ့်​ရဲ့ရင်​​သွေး​လေး​တွေ၊ ကလေးငယ်တွေရဲ့ အနာဂတ်​ပါ အညွန့်ကျိုးသွားနိုင်ပါတယ်..(အထူးသတိချပ်​ကြပါ) ဈေးသက်သာလို့ ဆိုတဲ့အကြောင်းပြချက် မပေးပါနဲ့ ကျန်းမာ​ရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ..အခုဆို..အသက်​ ၄၀ နဲ့ အထက်​ တွေကို ကြည့်လိုက် မေးလိုက်ရင်ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့ အရှင်လတ်​လတ်​ပြိတ္တာရောဂါတွေဖြစ်တဲ့ ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့ရောဂါတွေ မရှိတဲ့သူ ​တော်​​တော်​ကိုရှားလာတယ်..တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့ အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာရောဂါတွေအဖြစ် အရမ်းများလာတယ်..အသက် ၆၀ ကျော်တွေကြည့်လိုက်တော့ အရိုးပါး အရိုးပွ နဲ့...

သင့်ရဲ့ပတ်ဝန်းကျင်မှာ အခြေခံပညာ မပြီးဆုံးပဲ ကျောင်းထွက်ပြီး အလုပ်အကိုင် လမ်းစပျောက်နေတဲ့ လူငယ်တွေရှိရင် ဒါလေးရှယ်ပေးပါ

သင့်ရဲ့ပတ်ဝန်းကျင်မှာ… အခြေခံပညာ မပြီးဆုံးပဲ ကျောင်းထွက်ပြီး အလုပ်အကိုင် လမ်းစပျောက်နေတဲ့ လူငယ်တွေ ရှိပါသလား….?ရှိရင် ဒီပိုစ့်လေးကို မျှဝေပြီး ကူညီပေးလိုက်ပါ။အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီနဲ့ ကျောင်းပြင်ပရောက်နေတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အခမဲ့ စရိတ်ငြိမ်း နိုင်ငံတကာအဆင့်မီ သင်တန်းတွေဖွင့်လှစ်ဖို့အစီအစဉ် ရောက်လာပါပြီ။ အစိုးရနည်းပညာအထက်တန်းကျောင်း(၅)ကျောင်း မှာ စတင်ဖွင့်လှစ်မဲ့ ကျွမ်းကျင်မှုအခြေပြု သင်တန်းဟာ ရက်(၉၀) တက်ရောက်ရမဲ့သင်တန်းဖြစ်ပြီ်း အဓိကအားဖြင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ တွေဖြစ်တဲ့-၁။ အုတ်စီသင်တန်း ၂။ သံချည်သံကွေးသင်တန်း ၃။ ဓာတ်ငွေ့သုံး ဂဟေဆက် ကျွမ်းကျင်သင်တန်း ၄။ လျှပ်စစ်ဂဟေဆက်ကျွမ်းကျင်သင်တန်း ၅။ စိုက်ပျိုးရေးသုံး စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးသင်တန်း စတဲ့ သင်တန်း (၅)ခုနဲ့ ပထမဆုံး အပတ်စဉ်(၁)သင်တန်းဖြစ်ပါတယ်။ နောင် အပတ်စဉ်များမှာ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ စက်မှုအထက်တန်းကျောင်း တွေကို အခြေပြုပြီး ဖွင့်လှစ်သွားမှာပါ။ သင်တန်း(၃)လပြီးဆုံးရင် နိုင်ငံတကာအသိမှတ်ပြု သင်တန်းအောင်လက်မှတ်ကို ပေးအပ်မှာဖြစ်ပြီး၊ အဆင်မြင့်ပညာအတွက် Level 2...

နန္ဒမာလာ၏ လိမ်လည်မှုများကို ဖော်ထုတ်ရာတွင် နာမည်ကြီးခဲ့သည့် မင်္ဂလာဒုံအမတ် ပါတီတာဝန် ရပ်ဆိုင်းခံရ

ဒီချုပ်ပါတီဝင် မင်္ဂလာ ဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်လှိုင်ဝင်းကို ပါတီဗဟိုအလုပ်အမှုဆောင် အ စည်းအဝေး ဆုံးဖြတ်ချက်အရ ပါ တီတာဝန်များမှ ရပ်ဆိုင်းကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်က အတည်ပြု ပြော ကြားသည်။ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်သော ဒီချုပ်ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ အစည်းအဝေးတွင် ပါတီဝင် လွှတ်တော် ကိုယ်စား လှယ်အချို့နှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၂ စောင်ကို အရေး ယူရန် ဆုံးဖြတ်ခဲ့ရာ ဦးအောင်လှိုင်ဝင်း ပါဝင်ခဲ့သည်။ ထိုသို့ အရေးယူရန် ပါတီ စည်းကမ်းအရ ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။ သို့သော် အရေးယူမှု နှင့်ပတ်သက်၍ အသေးစိတ် အခြေအနေသည် ပါတီတွင်းကိစ္စ ဖြစ်၍ ပြောကြားလိုခြင်းမရှိဟု ဆိုသည်။‘‘ကျွန်တော်တို့က ပါတီစည်းကမ်းအရ လုပ်ကိုင်ရတဲ့ နည်းလမ်း အတိအကျ ပြောထားပါ တယ်။...

နဝတအစိုးရ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ် အေဘယ်လ် ကွယ်လွန်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) အစိုးအရအဖွဲ့ဝင် ၀န်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ဒေးဗစ်အိုလီဗာ အေဘယ်လ်ဟာ ဇန်န၀ါရီ ၂၀ ရက် မနက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ဗိုလ်မှူးချုပ်ဟောင်း အေဘယ်လ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ဆောင်မှာ မနေ့ မနက် ၈နာရီ ၅၃ မိနစ်က ခရစ်တော်၌ အိပ်ပျော်သွားတာလို့ ကျန်ရစ်သူမိသားစုက နာရေးသတင်း ကြေညာထားပါတယ်။ ဇနီး အငြိမ်းစား ဗိုလ်မှူး ဒေါ်ခင်သိန်းမူနဲ့ သား ဦးအောင်သီဟ-ဒေါ်ချိုချိုခိုင်တို့ ကျန်ရစ်ခဲ့ပြီး ဇန်န၀ါရီ ၂၂ ရက် အင်္ဂါနေ့ မနက် ၉ နာရီမှာ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်မှာ ၀တ်ပြုဆုတောင်း ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ဗိုလ်မှူးချုပ် အေဘယ်ဟာ ရှစ်လေးလုံးလူထု အရေးတော်ပုံကို အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်တဲ့ န၀တစစ်အစိုးရအဖွဲ့မှာ ကုန်သွယ်ရေးဝန်ကြီး၊...

ပွဲငှားသူတွေရဲ့ စိတ်ကြိုက် ၀တ်ပေးရတာပါဆိုတဲ့ သင်ဇာဝင့်ကျော်

အနုပညာရှင်တွေ ဘယ်လိုပင် ၀တ်စားဆင်ယင်မှု ဆန်းပြားနေပါစေ ဘယ်နေရာမှာ ဘယ်လိုအ၀တ်အစားဝတ်ရမယ်ဆိုတာ စဉ်းစားဥာဏ်ရှိသူတိုင်း သိတယ်လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောလိုက်ပြီး အခုလို ၀တ်ရတာကလည်း ပွဲငှားတွေရဲ့ စိတ်ကြိုက်ဖြစ်အောင်ပါဆိုပြီး သတင်းဌာနကို ပြောလိုက်ပါတယ်။ သူမဟာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ခဏခဏ ဝေဖန်ခံနေရသလို မထင်မှတ်တဲ့အချိန်မှာ ဆက်စီ ဆန်ဆန် အ၀တ်အစားတွေ ၀တ်ဆင်တတ်တာကြောင့် ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ သူမ ၀တ်သလိုသာ မြန်မာအမျိုးသမီးတွေ လိုက်ဝတ်နေရင် မိဘတွေရဲ့ ဆူပူကြိမ်းမောင်း ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။ “ကြိုက်သလိုပြောကြပါ။ ကိုယ်လည်းအလုပ်ဖြစ်တယ်။ ကိုယ့်ကို ငှားတဲ့သူတွေလည်း အလုပ်ဖြစ်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ လူတိုင်းက ဦးနှောက်ရှိတယ်။ စဉ်စားဆင်ခြင်တတ်တယ်။ ဒီနေရာမှာ ဒါမျိုးဝတ်ရမယ်ဆိုတာ အားလုံးက သိကြမှာပဲလေ” “ကိုယ်က ဒီဒါမျိုးဝတ်လို့ နေရာတကာ ဒီလိုမျိုးဝတ်ကြမယ်ဆိုရင် သူတို့အဖေ၊အမေတွေက ပြောကြမှာပဲလေ။ ကိုယ့်ကို...

ရန်ကုန်မြို့မှာနေပြီး ဆိုင်ကယ်စီးချင်သူများအတွက် သတင်းကောင်း

မြို့တွင်းခြောက်မြို့နယ်မှ လွဲ၍ ကျန်မြို့နယ်များတွင် ဆိုင်ကယ် တရားဝင်စီးနင်းခွင့်ပြုရန် အာဏာပိုင်အဖွဲ့မှ စီစဉ်နေပြီး ယင်းသို့ ခွင့်ပြုရာတွင်လည်း စက်တပ်ယာဉ်များ မပါဝင်ဘဲ လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးနှင့် သုံးဘီဆိုင်ကယ်များကိုသာ စီးခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ စည်ပင်သာယာနယ် နိတ်မိတ်အတွင်း ဆိုင်ကယ်ကို စီးနင်းခွင့်မပြုသော်လည်း စီးနင်းမှုများရှိနေခြင်းကြောင့် တရားဝင်လိုင်စင်များ လုပ်ပေးကာ စည်းကမ်းချက်များသတ်မှတ်ပြီး စီးနင်းခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ “ လက်ရှိကတော့ ဆွေးနွေးညှိနှိုင်းနေတုန်းပဲ။ ခွင့်မပြုတာတောင်မှ စီးနေကြတာပဲ။ ဒါကြောင့် တရားဝင်ဖြစ်အောင် လုပ်ပေးတာ ဖြစ်ပါတယ်။ စက်တပ်ယာဉ်တွေကိုတော့ ခွင့်မပြုပါဘူး။ မြို့တွင်းခြောက်မြို့နယ်ကိုတော့ လုံးဝအဝင်ခံမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ လျှပ်စစ်ဘီးများသည် စက်တပ်ယာဉ်များထက် အန္တရာယ်ပိုကင်းသည့်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး...