Category: သတင်း

တရုတ်နိုင်ငံတ၀န်း တောရိုင်းတိရစ္ဆာန် ကုန်သွယ်ရောင်းဝယ်မှုတွေ ပိတ်လိုက်ပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ဈေးတွေ၊ စူပါမားကက်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ အီလက်ထရောနစ် ပလက်ဖောင်းတွေပေါ် ရောင်းဝယ်မှုတွေအပါအ၀င် နိုင်ငံတ၀န်း တောရိုင်းတိရိစ္ဆာန် ကုန်သွယ်ရောင်းဝယ်မှုတွေကို ပိတ်လိုက်ကြောင်း တရုတ်နိုင်ငံ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့အစည်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ သစ်တောဗျူယိုတို့ က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန် မွေးမြူထားရှိတဲ့နေရာမှန်သမျှကို သီးသန့် အခြေအနေနဲ့ ခွဲခြားထားသင့်ကာ တောရိုင်းတိရစ္ဆာန် သယ်ဆောင်မှုတွေကို ပိတ်ပင်ရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ ယခု ပိတ်ပင်ချက်ဟာ တနင်္ဂနွေနေ့ (ဇန်န၀ါရီ ၂၆) ကနေ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်က တိရိစ္ဆာန်တွေကနေ စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ လူအသေအပျောက်များ SARS ဗိုင်းရပ်စ် ရောဂါပိုးကြောင့် တောရိုင်းတိရိစ္ဆာန်တွေကို အစားအစာအဖြစ် မက်မက်မောမော စားသုံးနေခြင်းများ အရှိန်တန့် သွားဖို့  မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးဖြစ်ပွားလာတဲ့ ရောဂါပိုးသစ်ကြောင့် လူသားတွေရဲ့ ကျန်းမာရေးအတွက် အန္တရယ်ကြီးမားတဲ့...

ဝူဟန်ဗိုင်းရပ်စ်ကြောင့် အလုပ်သမားတွေကို နှစ်သစ်ကူး အားလပ်ရက်များပါ မနားစေဘဲ လုပ်ခလေးဆတိုးပေးကာ Mask စက်ရုံများ လည်ပတ်နေ

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါမှ ကာကွယ်ရန် နှာခေါင်းစွပ်တွေ လိုအပ်နေတာကြောင့် ထုတ်လုပ်ရေး စက်ရုံတွေက နှစ်သစ်ကူးအားလပ်ရက်မှာ အလုပ်သမားတွေကို အားလပ်ရက်မပေးတော့ဘဲ ပုံမှန်လုပ်ခထက် ၄ ဆ ပိုပေးကာ ထုတ်လုပ်မှုများကို ဆက်လုပ်နေတယ်လို့  သိရပါတယ်။ “ကျွန်တော် ကြားရသလောက်တော့ နှာခေါင်းစွပ်ပြတ်လပ်မှုက အများသိထားတာထက် ပိုဆိုးရွား နေပါတယ်၊ ၀ူဟန်မြို့သာမက နိုင်ငံတစ်ဝန်းလုံးက ဆေးရုံအလုပ်သမား အားလုံးဟာ နှာခေါင်းစွပ် ပြတ်လပ် နေမှုနဲ့ ရင်ဆိုင်နေရတယ်”လို့ နှာခေါင်းစွပ်ထုတ်လုပ်ရေး ကုမ္ပဏီက ဆိုပါတယ်။ စက်ရုံက ပုံမှန်အားဖြင့် တစ်နေ့ကို နှာခေါင်းစွပ် ၄၀၀၀၀၀ ထုတ်လုပ်ပေမယ့် ဈေးကွက်လိုအပ်ချက်က တစ်နေ့ကို နှာခေါင်းစွပ် သန်း ၂၀၀ လောက် ဖြစ်နေပါတယ်။ အခုအချိန်ကာလမှာတော့ စက်ရုံမှာ အလုပ်သမား ၂၀ ကျော်ရှိနေပြီး ၂၄ နာရီ အလုပ်လုပ်ကြ ရပါကြောင်း၊ အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခကို...

ဝူဟန်ဗိုင်းရပ်စ် အခြေအနေ နှင့် ပြင်ဆင်ထားမှုတွေမြင်ရင် ဖျားတောင်သွားဦးမယ်ဆိုတဲ့ ကျန်းမာရေးဝန်ကြီး

ဝူဟန်ဗိုင်းရပ်စ်လို့ခေါ်တဲ့ Novel Corona Virus ဟာ တရုတ်နိုင်ငံကနေ စတင်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကူးစက်နေပြီ။ ထိုင်းမှာ ၇ဦး၊ စင်္ကာပူမှာ ၃ဦး၊ မလေးရှားမှာ ၃ဦး၊ ဗီယက်နမ်မှာ ၂ဦးနဲ့ ဗြိတိန်မှာ လူ၂၀၀၀ကျော်ကို စောင့်ကြည့်နေရပြီး ပြင်သစ်၊ ဩဇီတို့ကိုပါ ပျံ့နှံ့မှု ရှိနေနိုင်ပြီဆိုတဲ့ သတင်းတွေပါ ဖတ်ရတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာလည်း ကူးစက်မှုရှိနေပြီလို့ သိရတယ်။ ဝူဟန်မြို့က တောတွင်းသားကောင်တွေကို ရောင်းချတဲ့ သားငါးဈေးတစ်ခုကနေ ရောဂါစတင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တယ်။ ရောဂါဇစ်မြစ်ကို အတိအကျမဆိုနိုင်သေးသလို လင်းနို့ကနေ ကူးစက်တယ်လို့ အကြမ်းဖျင်း သိရတယ်။ ဒါ့အပြင် ဒါက သဘာဝအရ ကူးစက်ရောဂါမဟုတ်ဘဲ တရုတ်ရဲ့ လျှို့ဝှက် ဇီဝလက်နက်ထုတ်လုပ်တဲ့ ဓါတ်ခွဲခန်းကနေ ပျံ့နှံ့လာခြင်းဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ဒင်းကြမ်းထွက်ပေါ်လာခဲ့တယ်။ အမေရိကန်၊ ရုရှားနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက တရုတ်မှာ...


ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးထိရှိလာ၊ ကူးစက်ခံရသူအရေအတွက် ၂၀၀၀ နီးပါးရှိလာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်န၀ါရီ ၂၆ ရက် နေ့ထိ သေဆုံးသူ ဦးရေဟာ ၅၆ဦးအထိရှိလာပြီး ကူးစက်ခံရသူက ၂၀၀၀ နီးပါးအထိ ရှိလာ နေပြီဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က လဆန်းနှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက်မှာ အထူးအစည်းအဝေးတစ်ခု ခေါ်ယူပြီး အခုပြန့်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ သတိပေးခဲ့ပါတယ်။မစ္စတာရှီက တိုင်းပြည်ဟာ အခြေအနေဆိုးကို ရင်ဆိုင်နေရပြီလို့ တရုတ်ထိပ်တန်းအရာရှိတွေကို ပြောကြားခဲ့ပါတယ်။ ရောဂါစတင်ဖြစ်ပွားရာ ၀ူဟန်မြို့ကိုလည်း အ၀င်အထွက်သွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။ Unicode ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးထိရှိလာ၊ ကူးစက်ခံရသူအရေအတွက် ၂၀၀၀ နီးပါးရှိလာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီ ၂၆ ရက်...

ဝူဟန်မြို့တွင် ကျန်ရှိနေသည့် မြန်မာကျောင်းသား ၆၀ နေရပ်ပြန်ပို့ရန် နှစ်နိုင်ငံ ညှိနှိုင်းနေ

ဝူဟန် ဗိုင်းရပ်စ်(နိုဗယ် ကိုရိုနာဗိုင်းရပ်စ်) အဆုတ်ရောင် ရောဂါ စတင်ဖြစ်ပွားရာ တရုတ် နိုင်ငံ ဝူဟန်မြို့၌ ကျန်ရှိနေသည့် မြန်မာကျောင်းသား ၆၀ ဦးက နေရပ်ပြန်နိုင်ရေး အကူအညီ တောင်းခံ၍ နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်နေကြောင်း ဘေဂျင်း မြို့ရှိ မြန်မာသံရုံး ဒုတိယအတွင်း ဝန် ဦးစိုးပြည့်ဝင်းက  ပြော သည်။ ‘‘သူတို့ အခက်အခဲရှိတဲ့အ ကြောင်း အရာတွေကို တင်ပြလာ တယ်။ ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို ပြန်ချင်ပါတယ်ဆိုတာလေး စာပို့ လာပါတယ်’’ ဟု ၎င်းကပြော သည်။ ထိုသို့ အကူအညီတောင်း ခံမှုနှင့်ပတ်သက်၍ မြန်မာနှင့် တရုတ်နှစ်နိုင်ငံ အစိုးရဌာနများထံ ဆက်လက်အကြောင်းကြားထား ပြီး ပြန်ကြားချက်အပေါ် မူတည် ၍ ကူညီဆောင်ရွက်ပေးမည်ဟု ဦးစိုးပြည့်ဝင်းက ရှင်းပြသည်။ ‘‘ပို့လိုက်တဲ့စာကို ရရချင်း စာအပေါ်မှာ မူတည်ပြီးဆောင် ရွက်ပေးပါ့မယ် ပြောပါတယ်။...

အသက် (၁၄)နှစ်အရွယ် မိန်ကလေးကို ဖခင်၏သူငယ်ချင်းဖြစ်သူက ပြုကျင့်ရန် ကြံစည်

အသက် (၁၄)နှစ်အရွယ် မိန်ကလေးကို ဖခင်၏သူငယ်ချင်းဖြစ်သူက ပြုကျင့်ရန် ကြံစည်… မိုးညှင်း၊ ဇန်နဝါရီ ၂၅ – ကချင်ပြည်နယ် မိုးညှင်းမြို့တွင်အသက်(၁၄)နှစ်အရွယ် မိန်းကလေးကို အသက်(၄၈)နှစ်အရွယ်အမျိုးသားက ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့​ကြောင်း မိုးညှင်းမြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ(၂၂)ရက် ည(၇)နာရီခွဲအချိန်ခန့် က မ——အသက်(၁၄)နှစ်သည်နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ဖခင်၏သူငယ်ချင်းဖြစ်သူ ခင်မောင်ဋ္ဌေး(ခ)ဖိုးဆရာဆိုသူရောက်ရှိလာပြီး မ—-ရှိ​နေသည့် အိပ်ခန်းအတွင်းအထိဝင်ရောက်လာကာ ၎င်းအားတွန်းလှဲပြီး ပြုကျင့်ရန်ကြံစည်ခဲ့သည်။ ထို့​နောက်မ——-က “ကယ်ကြပါဦး၊ ကျွန်မအခန်းထဲကို ဦးခင်မောင်ဋ္ဌေးဝင်လာလို့ ” ဟုအော်ဟစ် အကူအညီ​တောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးမှ “ဟဲ့ ဘာဖြစ်တာလဲ” ဟုအသံပြုခဲ့သဖြင့်ခင်မောင်ဋ္ဌေး(ခ)ဖိုးဆရာသည် အိမ်အောက်သို့ ဆင်းသွားခဲ့ပြီး (၅)မိနစ်ခန့် အကြာတွင် အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ “မင်းအော်ဦးမလား” ဟု​ပြောပြီး မ——၏ ပါးကို (၂)ချက်ရိုက်ခဲ့သည်။ ဆက်လက်ပြီး ခင်မောင်ဋ္ဌေး(ခ)ဖိုးဆရာ က မ——-၏မျက်နှာကိုလက်ဖြင့်ညှစ်ပြီး အင်္ကျီအားဆွဲခဲ့သဖြင့်မ—–က ၎င်း၏ ခန္ဓာကိုယ်အားကွေးလျက်ထိုင်ချလိုက်သည်။ ခင်မောင်​ဋ္ဌေး(ခ)ဖိုးဆရာက မ—–ဝတ်ထားသောဘောင်းဘီကိုဆွဲချွတ်စဉ် ၎င်းလက်ကို...

ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနီးကပ် တာဝန်ယူနေတဲ့ ဆရာဝန်တစ်ဦးသေဆုံး

ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနီးကပ် တာဝန်ယူနေတဲ့ ဆရာဝန်တစ်ဦးသေဆုံး… ဂူဟန်ကိုရိုနာဗိုင်းရပ်စ်အဓိက စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်ထဲက ဆရာဝန်တစ်ဦး ဒီဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသွားခဲ့တဲ့အကြောင်း Channel News Asia သတင်းဌာန ဆိုပါတယ်။ ဟူဘေးဆင်ဟွာဆေးရုံမှာရှိတဲ့ အဲဒီဆရာဝန်ဟာ အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ဂူဟန်မြို့မှာ အဲဒီဗိုင်းရပ်စ်ကူး စက်ခံရတဲ့လူနာတွေကုသရေးအနီးကပ်တာဝန်ယူနေတဲ့ဆရာဝန်တစ်ဦးဖြစ်ပြီးတော့ သူကိုယ်တိုင် ဂူဟန်ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ တရုတ်နိုင်ငံတွင် ဆရာဝန်တစ်ဦးအပါအ၀င် စုစုပေါင်း ၄၁ ဦးသေဆုံးခဲ့ကာ လူဦးရေ ၁၃၀၀ နီးပါး ကူးစက်ခံထားရသည်ဟု သိရသည်။ စုစုပေါင်း သေဆုံးသူ ၄၁ ဦးမှာ တရုတ်နိုင်ငံမှာချည်းဖြစ်သည်။ ဗိုင်းရပ်စ်တွေ့တဲ့လူနာ အများစုကတော့ ဟူဘေးပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ ဟူဘေးပြည်နယ်ထဲက ဝူဟန်မြို့အပါအဝင် အခြား မြို့ပေါင်း ၁၃ မြို့ကို ကူးလူးသွားလာမှု ပိတ်ထားပြီလည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်မှာ ဥရောပ နှင့်...

တရုတ်မှာ နေမကောင်းဖြစ်နေတဲ့ကလေးနှစ်ယောက်ကို လေဆိပ်မှာပစ်ထားခဲ့ကြတဲ့ မိဘတွေ

တရုတ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ၀ူဟန် ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားလိုက်ပြီလို့ သတင်းတွေ ထွက်နေခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အခြားမြို့တွေမှာ နေထိုင်သူတွေဟာ နိုင်ငံတွင်းကနေ ထွက်ခွာပြီး တခြားနိုင်ငံတွေဆီ ခေတ္တသွားရောက်နေထိုင်ဖို့ ကြိုးစားလာကြပါတယ်။ သူတို့က ဒီ ဗိုင်းရပ်စ်ပိုး နိုင်ငံအနှံ့အပြားဆီ ရောက်မသွားခင် တရုတ်နိုင်ငံတွင်းက ထွက်ခွာချင်နေကြတာဖြစ်ပြီး ဒီနိုင်ငံကနေ သွားရရင်ပြီးရော ဆိုတဲ့ ပုံစံမျိုးတွေပါ ဖြစ်ကုန်ကြတာပါ။အခုလည်း နန်ဂျင်းလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုတစ်စုရဲ့ ဖြစ်ရပ်ဟာ စာဖတ်သူတွေကို တွေးစရာတွေ အများကြီး ပေးသွားခဲ့ပါတယ်။လေဆိပ်ကိုရောက်လာတဲ့ မိသားစုတစ်ခုဟာ သူတို့ရဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက် နေမကောင်းဖြစ်နေတာကြောင့် လေယာဉ်စီးခွင့်မပေးဖို့ လေဆိပ်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ မိဘတွေက ဒီကလေးတွေဟာ ၀ူဟန်ဗိုင်းရပ်စ်ကူးစက်ထားသူတွေ မဟုတ်ကြကြောင်းနဲ့ သူတို့အနေနဲ့ ဒီခရီးစဉ်ကို သွားရဖို့ လိုအပ်နေကြောင်း (၃)နာရီလောက်ကြာအောင် တောင်းဆိုခဲ့တာပါ။ ဒါပေမယ့်လည်း လေဆိပ်တာဝန်ရှိသူတွေက သူတို့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးနောက်မှာတော့ မိခင်နဲ့...

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၅ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၄၁ ဦး ရှိပြီ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာ နောက်ထပ် ၁၅ ယောက် သေဆုံးခဲ့ပြီး အဲဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၁ ယောက်အထိ ရှိလာပြီလို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၄ ရက်က မိုက်ခရိုစကုပ်နဲ့ချဲ့ပြီး ရိုက်ကူးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ပုံကို တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာ ဝက်ဘ်ဆိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဖြူအမည်း ဓာတ်ပုံကို မြင်တွေ့ရပါတယ်။ နောက်ပြီး ဒီဗိုင်းရပ်စ်ဖြစ်ပွားတာကို ထိန်းချုပ်ဖို့ရာ လိုအပ်တဲ့ နည်းလမ်းတွေ မျှဝေပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့တာလို့လည်း စင်တာက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားမှု အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတော့ မပြုလုပ်ခဲ့ပါဘူး။ ဒါ့အပြင် ဟူဘေးပြည်နယ် ဝူဟန်မြို့ရှိ ဆေးရုံဝန်ထမ်းတွေကလည်း ရောဂါပိုးတွေ့ လူနာတွေကို...

မြန်မာနိုင်ငံနယ်စပ် တရုတ်ပြည်ယူနန်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွေ့ရှိ

မြန်မာနိုင်ငံနယ်စပ် တရုတ်ပြည်ယူနန်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွေ့ရှိ… ရန်ကုန်၊ ဇန်န၀ါရီ ၂၅ – မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ၀ူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူများရှိလာနေပြီး အဆိုပါဝူဟန်ကော်ရိုနာဗိုင်းရပ်စ် အဆုတ်နာ ရောဂါကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၁ ဦးထိရှိလာပြီး တရုတ်အပါအ၀င် အခြားနိုင်ငံများတွင် ပိုးကူးစက်ခံရသူလူနာ ၁၁၃၈ ဦးရှိလာကြောင်း CNN သတင်းဌာနနှင့် South China Morning Post သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ တရုတ်နိုင်ငံ၏ မြို့ ၂၉ ခုတွင် ရောဂါကူးစက်ခံရမှုများရှိလာနေပြီး တရုတ်ဗဟိုအစိုးရက မြို့ကြီး ၁၁ မြို့ကို သွားလာမှုများကို ပိတ်ပင်ထားသည်။ ရောဂါကူးစက်ခံနေရသော တရုတ်မြို့ကြီးများတွင် မြန်မာနိုင်ငံနှင့်နယ်နယ်မိတ်ခြင်း ထိစပ်နေသည့် ယူနန်ပြည်နယ်လည်းပါဝင်ကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက် ကိုးကား၍ CNN သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ တရုတ်နှစ်သစ်ကူး...