Category: သတင်း

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ရန် အသင့်ပြင်ထားကြောင်း ဝန်ကြီးပြော

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်မြို့၌ ခရီးသွားလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ−ဦးခင်အောင်ထွန်း)  မြန်မာနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိ လာပါက တိုက်ဖျက်နိုင်ရန် အ သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက    ပြော သည်။ အဆုတ်ရောင်ရောဂါ (နို ဗယ်ကိုရိုနာဗိုင်းရပ်စ်)နှင့် ပတ် သက်၍ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် ဇန်န ဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ပြောကြားခြင်းဖြစ်သည်။ ‘‘အခုချိန်အထိကတော့ အ ကောင်းဆုံးပြင်ဆင်ထားတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနမှာရှိတဲ့ ဆေးရုံဘက်က ဝန် ထမ်းတွေ၊ ဝေဘာဂီမှာရှိတဲ့ဆေး ရုံ၊ ဓာတ်ခွဲမှုအဆင့်ဆင့် အကုန် လုံး အရန်သင့်ပဲ’’ဟု ၎င်းကပြော သည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် ကြောက်စရာကောင်းသည့် ရော ဂါဖြစ်ကြောင်း၊ ကူးစက်ခံရသည့် အခါ အသက်ရှင်ရန်နှင့်...

တရုတ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ တစ်ညတည်းမှာ အယောက် ၁၀၀ ကျော်ခုန်တက်လာ

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ဇန်နဝါရီ ၂၈ ရက်မှာ ၁၀၆ ဦးအထိ တိုးသွားပြီလို့ တရုတ်မြို့တော် ပေကျင်းက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ကူးစက်မှုက အမြန်ပျံ့နေလို့ ဟန့်တားဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ တညတည်းမှာ အယောက် ၈၀ ကျော်ကနေ ၁၀၀ ကျော်အထိ ချက်ချင်းခုန်တက်လာခဲ့တယ်လို့ ကျန်းမာရေးကော်မရှင် အရာရှိတွေက ပြောပါတယ်။ တခြားနေရာတွေမှာ ၄ ယောက် သေဆုံးခဲ့တာပါ။ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံ လူဦးရေဟာ ခုတော့ ၄၀၀၀ ယောက် ရှိပြီလို့ အတည်ပြုထားပါတယ်။ ကူးစက်မှု စတင်ရာ ဝူဟန်မြို့နဲ့ တခြား တရုတ်မြို့တွေ အတော်များများတို့ ကူးလူးသွားလာမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပါတယ်။ အရင်က မတွေ့ဖူးတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့...

ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာပါက သေမည်ရှင်မည်ကို ဝေခွဲမရဖြစ်နေဟု ဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာပါက သေမည်ရှင်မည်ကို ဝေခွဲမရဖြစ်နေကြောင်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၇ ရက်နေ့က ကျိက္ကဆံ ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်သော ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြိုတင်သိရှိနိုင်ရန် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုသွားခြင်းဖြစ်သည်။ “တော်တော်ကြောက်ဖို့ကောင်းတယ် ဒီရောဂါမှာ ကုတဲ့ဆေးမရှိဘူး။ ရောဂါဖြစ်လာရင် သေမလားရှင်မလားဆိုတာ ဝေခွဲမရဘူး” ဟု ၎င်းကဆိုသည်။ လတ်တလော နိုင်ငံတကာတွေ့ရှိချက်များအရ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသဲရောဂါရှိသူများမှာ ဗိုင်းရပ်စ်ကူးစက်ခံရပါက သေဆုံးသည်ကိုတွေ့ရပြီး လက်ရှိ လူတစ်ရာကူးစက်ခံရလျှင် ၃ ယောက်နှုန်း သေဆုံးနေသည့်အတွက် သေဆုံးမှုနှုန်းမှာ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည့်အတွက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဝန်ကြီးကရှင်းပြသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပြီး ရောဂါမဖြစ်စေရန် ကာကွယ်မှုများပြုလုပ်ရာတွင် ကျန်းမာရေးပညာရှင်များနှင့်မလုံလောက်ဘဲ ကုသရေးပညာရှင်၊ ဓာတ်ခွဲခန်းပညာရှင်၊ ဆေးရုံအုပ်ကြီးများ စုစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။ နောက်ဆုံးရရှိသော သတင်းအချက်အလက်များအရ တရုတ်နိုင်ငံ၌...

ကိုရိုနာဗိုင်းရပ်စ်ပိုး ဆေးဝါးများ ရှိသော်လည်း မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့နိုင်ဟု ဆို

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ယခု ပျံ့နှံ့ဖြစ်ပွားမှု နှုန်းထားအတိုင်း ဆက်လက်သွားနေမည်ဆိုပါက မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားမည်ဟု ရုရှသိပ္ပံအကယ်ဒမီ RAS အကြီးအကဲက ယုံကြည် ပြောဆိုသည်။ “ဒီ ရောဂါပိုးဟာ အတော်လေး အန္တရာယ်ကြီးပါတယ်။ ပျံ့နှံ့ဖြစ်ပွားနှုန်း ဆပွားတိုးမြင့်နေတယ်။ နောက်တစ်လမှာ ဒီ နှုန်းအတိုင်း ပျံ့နှံ့နေမယ်ဆိုရင် တစ်ကမ္ဘာလုံး ပျံ့နှံ့တဲ့အထိ ကြီးထွားလာနိုင်တယ်။”ဟု RAS အကြီးအကဲ အလက်ဆန်ဒါးဆာဂျီးက ဇန်နဝါရီ ၂၇ ရက်၌ သတင်းထောက်များအား ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အနေဖြင့် ယင်းရောဂါပိုးနှင့် ပတ်သက်ပြီး ယခုထက်မက ပိုမိုလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။ အကောင်းဖက်က ရှုမြင်လျှင် ယင်းရောဂါပိုး ကူးစက်မှုကို ကုသနိုင်သည့် ဆေးဝါးပေါင်း ၃၀ ခန့် ရှိထားသည်ဟု ရုရှ ဗဟိုကျန်းမာရေး စစ်ဆေးရေးမှူးဟောင်း ဒေါက်တာ ဂျန်နာဒီက ပြောသည်။ “အားလုံး စိုးရိမ်ပူပန်မှု...

ညောင်ရွှေဆေးရုံ၌ တရုတ်နိုင်ငံသူ လူနာ ၁ ဦးကို စောင့်ကြည့်လူနာအဖြစ်ကုသပေးနေ

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ၊ ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်တဲ့ တရုတ် နိုင်ငံသူ တဦး ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲလောက်က ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံသို့ ဝမ်းလျှော၊ အဖျားရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူနေပါတယ်။အဆိုပါ တရုတ်အမျိုးသမီးဟာ အဖျားရောဂါရှိတာကြောင့် စောင့်ကြည့်လူနာတဦးအနေနဲ့ သီးသန့်ဆောင်မှာထားရှိကုသပေးပြီး ယနေ့မှာ အဖျားကျသွားပြီဖြစ်ပေမယ့် ဆေးရုံပေးမဆင်းဘဲ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။ ညောင်ရွှေမြို့နယ်ကျန်းမာရေးဌာန ဒေါက်တာ ကောင်းမြတ်က“သူကဝမ်းလျောလို့လာပြတာ အဖျားလေးနည်းနည်းရှိတော့ ဆေးရုံကောက်တင်လိုက်တာ၊ တရုတ်က လာတယ်။ တရုတ်နိုင်ငံသူ ဖြစ်ပြီး အဖျားရှိတော့ ဆေးရုံတင်လိုက်တာ၊ ဒီနေ့မနက်၊ နေ့လယ် အဖျားမရှိတော့ဘူး၊ ဝမ်းမသွားတော့ဘူး၊ လူလည်းလန်းပြီ သွေးအဖြေလည်း ကောင်းတယ်။ ဝူဟန်ဗိုင်းရပ်နဲ့ ပတ်သက်တဲ့လက္ခဏာမရှိဘူး သို့သော်စောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။ အဲဒီ တရုတ်နိုင်ငံသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က ပေကျင်းမြို့မှ ကူမင်း မြို့သို့ သွားရောက်ခဲ့ပြီး...

ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆ဝကို ကူမင်းမှတဆင့် မန္တလေးသို့ ပို့ဆောင်မည်

ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ တစ်နေ့တစ်ခြားတိုးလာနေသော ဝူဟန်မြို့၌ ခေတ္တရောက်ရှိနေသော မြန်မာ ကျောင်းသား၊ ကျောင်းသူ အယောက် ၆ဝ ကို တရုတ်နိုင်ငံ ချန်းရှမြို့ကတစ်ဆင့် မန္တလေးမြို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းတရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံးမှ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ လက်ရှိအချိန်တွင် မြန်မာကျောင်းသားများ ဝူဟန်မြို့မှ ချန်းရှမြို့သို့ ဘတ်စ်ကားဖြင့် ထွက်ခွာနိုင်ရန် စီစဉ်လျှက်ရှိပြီး ချန်းရှမြို့မှ တိုက်ရိုက်လေကြောင်းဖြင့် ဖြစ်စေ၊ ကူမင်း Transit ဖြင့်ဖြစ်စေ မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် တရုတ်နိုင်ငံ ဟူပေပြည်နယ် နိုင်ငံခြားရေးရုံး၊ ဟူနန်ပြည်နယ် နိုင်ငံခြားရေးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း သံရုံးက ထုတ်ပြန်ထားသည်။ လေယာဉ်လက်မှတ်ရရှိနိုင်သည့်အပေါ် မူတည်ပြီး မန္တလေးမြို့သို့ထွက်ခွာရမည်ဖြစ်သောကြောင့် ကျောင်းသားအယောက် ၆ဝ လုံး တစ်ကြိမ်တည်းပို့ဆောင်ရန် မဖြစ်နိုင်ပါက ကျောင်းသားအချို့အနေဖြင့် ချန်းရှမြို့တွင် လေယာဉ်စောင့်ဆိုင်းရဖွယ်ရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်...

ICJ တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်တစ်ဆုပ်စာ အမျိုးသား သစ္စာဖောက်များကသာ လက်ခံလိမ့်မည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္က ဋ္ဌ ပြော

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား လက်တစ်ဆုပ်စာ အမျိုးသားသစ္စာ ဖောက်များကသာ လက်ခံကြလိမ့်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။ ဇန်န၀ါရီ ၂၆ ရက်က လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်း ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ “ICJ က ဆုံးဖြတ်တွေအပေါ်မှာ ကျွန်တော် ဥက္ကဋ္ဌ လုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ကျွန်တော်တို့ လက် မခံဘူး။ လက်မခံနိုင်ကြောင်း ဒီမှာတရားဝင်ပြောတယ်။ ဒါက ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိသေးတဲ့ အချိန်အခါမှာ ကျွန်တော် တို့ရဲ့ သဘောထား။ ကျွန်တော်တို့ရဲ့ သဘောထားဟာလည်း တိုင်းပြည်မှာ လူဦးရေ ၅၂ သန်းလောက်ရှိရင် လက်တစ်ဆုပ်စာ အမျိုးသား သစ္စာဖောက်များက လွဲ၍ ကျန်တဲ့အားလုံးဟာ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းရှိနေမယ်လို့ ယုံကြည်တယ်” ဟု...

တိဘက်မှလွဲ၍တရုတ်တစ်နိုင်ငံလုံးကူးစက်သွားပြီဖြစ်ပြီးရောဂါကူးစက်မှုဟာတရှိန်ထိုးဆိုးရွားစွာပြန့် နှံနေဟုရှီကျင်းဖိန်ကိုယ်တိုင်ထုတ်ပြော

စနေနေ့မှာ စတင်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို အရိပ်မည်း ဖုံးလွှမ်းစေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့လည်း ခေါ်ကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူ ၅၆ ဦး ရှိလာတာကြောင့် သမ္မတရှီကျင့်ဖျင်အနေနဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေမျိုးကို ရင်ဆိုင်နေရပါတယ်။ နိုင်ငံအနှံ့ ကူးစက်သူပေါင်း ၁၉၇၅ ဦး ရှိနေပြီဖြစ်တဲ့ ဒီ ကိုနာရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ခရီးသွားလာရေး တင်းကြပ်မှုတွေ ထပ်မံချမှတ်မယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာထားပါတယ်။ ဟောင်ကောင်မှာဆိုရင် ဒီဗိုင်းရပ်စ်ပိုးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီဖြစ်ပြီး ပွဲလမ်းသဘင်တွေကိုလည်း လျှော့ချပစ်ကာ တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ရေးသွားလာမှုတွေကို ကန့်သတ်ထားပါတယ်။ ဒီ ဗိုင်းရပ်စ်ကြောင့် အလန့်တကြား အထိတ်တလန့် ဖြစ်ရအောင် ကမ္ဘာအနှံ့က အာဏာပိုင်တွေက ကြိုးစားနေပေမယ့် စနေနေ့က ဩစတြေးလျမှာ ဒီ ဗိုင်းရပ်စ်ပိုး ပထမဆုံး ကူးစက်သူ တွေ့ရှိသလို မလေးရှားမှာလည်း လေးဦး ကူးစက်သူ ရှိကာ ဥရောပမှာဆိုရင် ပထမဆုံးအဖြစ် သောကြာနေ့က...

ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် စတွေ့ပြီလို့ မြန်မာ အစိုးရကကြေငြာလိုက်တာနဲ့ ဘာတွေလုပ်ဆောင်သင့်လဲ ဆိုတာ……

ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် စတွေ့ပြီလို့ မြန်မာ အစိုးရကကြေငြာလိုက်တာနဲ့ ဘာတွေလုပ်ဆောင်သင့်လဲ ဆိုတာ ဒီစာလေးကို ဖတ်ကြည့်ပေးပါ ကျေးဇူးပြုပြီး တခြားမသိသေးသူများအတွက်လည်း ရှယ်ပေးပါ………. မိမိအနေနဲ့ မြို့မှာနေတယ်ဆိုရင် ခင်ဗျားအနေနဲ့ လေဆိပ်တွေ ဘူတာရုံတွေ ကားဂိတ်တွေ ကိုစရှောင်ဖို့လိုတယ်။ ဖြည်းဖြည်းနေပါ.. ဖြည်းဖြည်း လှုပ်ရှားပါ။ သတင်းတွေကို စဉ်ဆက်မပြတ်နားစွင့်ပါ.. အပြင်သွားရင် Mask တပ်ပါ.. ဈေး/စူပါမားကတ်ကို အရင်သွားပါ။ ဆန်ဆီဆား ကိုဝယ်ထားပါ။ ကလေးတွေကို ကျောင်းကိုမလွတ်ပါနဲ့။ ဆေးရုံတက်နေသူတွေ သတိထားပေးပါ။ သိပ်ပြီးရောဂါမကြီးမားရင် ဆေးရုံကဆင်းသင့်ပါတယ်။ လူသေဆုံးမှု ဖြစ်တာနဲ့ ၃ ရက်အတွင်း ဈေးတွေပိတ်ပါလိမ့်မယ်။ နောက်မိမိ အိမ်မှာပဲနေပါ.. လူထူထပ်တဲ့ နေရာတွေ ကိုရှောင်ပါ.. အပြင်သွားလျှင် Mask တပ်ပါ။ အပြင်က ပြန်လာတိုင်း လက်ကို သေချာစွာ ဆေးပါ။ ကိုယ်ခံအား ပြည့်မီရန် အာဟာရဖြစ်မည့် အစာများ စားသုံးပါ။ သတင်းအချက်အလက်များပေါ်မူတည်ပြီး သေချာ Plan ဆွဲပါ။ ဘယ်လောက်ဆိုးဝါးတယ်...

မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ဖြတ်ကျော်ဂိတ်ကိုပိတ်ရန်မရှိသေး

မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ဖြတ်ကျော်ဂိတ်အပါအဝင် ဂိတ်အားလုံးကို လတ်တလောပိတ်ရန်အစီအစဉ်မရှိသေးကြောင်း မူဆယ်ခရိုင်တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်တ ချို့ထံမှသိရသည်။ အာဏာပိုင်တွေက “ ပိတ်ဖို့အစီစဉ်မရှိဘူးလို့ပြောပါတယ်” ဟု မူဆယ်ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်သိန်းက မဇ္ဈိမသို့ ဖြေကြားသည်။ ထို့အပြင် အဓိကဝင်ပေါက်ဖြစ်သည့် နန်းတော်ပေါက်တွင် အပူချိန်တိုင်းကိရိယာကို အမြဲတမ်းတပ်ဆင်ထားပြီး ကျန်းမာရေး ဝန်ထမ်း များမှလည်း စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေသည်ဟု မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဉက္ကာကလည်းဆိုသည်။ “ သံသယရှိလူနာ အခုထိမတွေ့သေးပါဘူး” ဟု ဦးဉက္ကာက ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင်ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှင့်ဆက်စပ်၍ နန်းတော်ပေါက်ဂိတ်တွင် Mask များကို လိုက်လံဝေပေးနေကြောင်းလည်းသိရသည်။ “ နောက်ဆင်ဖြူပေါက်နဲ့ နောက်တစ်ပေါက်ကျတော့ ကျန်းမာရေးဝန်ထမ်း နှစ်ယောက်ကနေပြီးတော့ ဂန်းစကန်နာပေါ့လေ လာတဲ့ သူတိုင်းကို ထောက်ပြီးတော့ Mask ကိုတပ်ဆင်ဖို့တော့ ဆောင်ရွက်တာရှိပါတယ်” ဟု စိုင်းကျော်သိန်းကပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ...