လေဆိပ်ကားပါကင်အတွင်းရပ်ထားသည့်ကားကို ခိုးယူသွားမှုဖြစ်ပွား

ခဏလေးရပ်နားထားသည့်ကားကို ခိုးယူသွားသည့်ဖြစ်စဉ်တစ်ခု မန္တလေးလေဆိပ်၌ ဒီဇင်ဘာလ ၁၃ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။တံတားဦးမြို့နယ်၊ မန္တလေးလေဆိပ်အတွင်းဖွင့်လှစ်ထားသော “888” လက်ဆောင်အရောင်းပစ္စည်းဆိုင်၌ မန်နေဂျာစိုးသူရနောင်(၂၂)နှစ် ဒီဇင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီကျော်တွင် ကိုယ်တိုင်မောင်းလာသည့် YGN 6D/×××× Mark II ယာဉ်ကို လေဆပ်ကားပါကင်၌ ခေတ္တရပ်နားထားခဲ့သည်။ ထို့နောက်ကိစ္စများအပြီး ကားပါကင်သို့ပြန်လာစဉ် ၎င်း၏ကားများပျောက်ဆုံးသွားသဖြင့် မန္တလေး၊ လေကြောင်းရဲတပ်ဖွဲ့ထံအကြောင်းကြား၍ အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များကလည်းပူးပေါင်း၍ရှာဖွေစုံစမ်းပေးခဲ့ကြသည်။ လေကြောင်းရဲတပ်ဖွဲ့သည် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့နှင့်စကားအင်းအမြန်ယာဉ်လမ်းမကြီးရဲတပ်ဖွဲ့တို့ကိုချိတ်ဆက်ကာ ပျောက်ဆုံးနေသည့် YGN 6D/×××× Mark II ယာဉ်ကို စုံစမ်းရှာဖွေခဲ့ရာ ည ၈ နာရီခွဲ(အချိန် ၃ နာရီအတွင်း)၌ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျော်ဘွယ်မြို့၊ မြို့ဝင်မောင်းတံဂိတ်တွင် ပျော်ဘွယ် မြို့မရဲစခန်းမှူးဦးစီးသောပူးပေါင်းအဖွဲ့မှ ဇာနည်အောင်(၃၅)နှစ်နှင့် မလှမျိုးအောင်တို့၂ ဦးကို အဆိုပါယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ယာဉ်ကိုခိုးယူမောင်းနှင်သွားသည့် ဇာနည်အောင်နှင့်မလှမျိုးအောင်တို့ကို...

သီလရှင်ဆရာလေးတပါး အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယို လူကြိုက်များ

သီလရှင်ဆရာလေးတပါးရဲ့ အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယိုတခုဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ လူကြိုက်များနေပါတယ်။ဒီဗွီဒီယိုကို Koko Ayelay ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်မှာ စတင် တိုက်ရိုက် လွှင့်တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၃ သိန်းခွဲလောက်နဲ့ ပြန်ဝေမျှသူပေါင်း ၂ သောင်းခွဲလောက် ရှိနေပါတယ်။ ဒီဗွီဒီယိုကိုပဲ ဖေ့စ်ဘွတ်ခ်သုံးသူတွေက ပြန်ယူတင်ကြပြီး အဲဒီမှာလည်း ကြည့်ရှုသူတွေ အများအပြားစီ ရှိနေတာကို တွေ့ရပါတယ်။အသက် ၄ နှစ်လောက်ပဲ ရှိဦးမယ့် ဆရာလေးဟာ ‘ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒ ပြည့်ပါစေ၊ ဆတက်ထမ်းပိုး တိုးပွားပါစေ ..’ လို့ မပီကလာနဲ့ ဆုပေးခဲ့တာကြောင့် အလှူရှင်တွေက သဘောကျပြီး ထပ်ကာထပ်ကာ ဆုပေးဖို့လည်း ပြောခဲ့ပါတယ်။ ဆုပေးအပြီး အလှူရှင်တွေက ဆရာလေးပေးတဲ့ ဆုနဲ့ ပြည့်ပါစေဆိုတဲ့အခါ ‘ဟုတ်ကဲ့ ပြည့်ပါစေ ဘဘ’လို့ ပြန်ပြောတာကြောင့် အလှူရှင်တွေက ပြုံးရွှင်ရယ်မော...

Treasureလေးရဲ့ ၅လပြည့်မှာ သမီးလေးကိုခေါ်ပြီး ဘုရားသွားကာကုသိုလ်ယူခဲ့တဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးချောချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့မိသားစုဘဝလေးက အရမ်းစိုပြေသာယာပြီး ပရိသတ်တွေကလည်းအရမ်းချစ်ကြတာဖြစ်ပါတယ်။ဒီးဒီးက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက်သာလုပ်ဆောင်နေပါတယ်နော်။ စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သမီးအပေါ်ကို ကြင်နာမှုတွေနဲ့နွေးထွေးစွာဂရုစိုက်ပေးနိုင်စွမ်းရှိတဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasureလေးကတော့ မေမေနဲ့ချွတ်စွပ်တူပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့လေးဟာဆိုရင်တော့ Treasureလေးရဲ့ ၅လပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်နော်။Treasureလေးရဲ့ ၅လပြည့်လေးမှာ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက သမီးလေးနဲ့အတူ ဘုရားသွားပြီးကုသိုလ်ယူကြတာဖြစ်ပါတယ်။မိသားစုစုံစုံလင်လင်နဲ့ ကြည်နူးဖို့ကောင်းတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို ချက်ချင်းရောက်လာတဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ပတ်ထရစ်ရှာ

ညှို့အားပြင်းလွန်းတဲ့ အမိုက်​စားမင်းသမီး​ချော​လေး ပတ်​ထရစ်​ရှာက​တော့ ရူးခါ​အောင်​မိုက်​တဲ့ ခန္ဓာကိုယ်​ကောင်​ကြောင်း​အလှနဲ့ International ဆန်​တဲ့ မျက်​နှာကျ​လေးကို ပိုင်​ဆိုင်​ထားသူ​လေးမို့ ပရိသတ်တွေ အမြဲစောင့်ကြည့်အားပေးနေရသူလေးပါ။ သူမကို အရမ်းချစ်တဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရတဲ့ ပတ်​ထရစ်​ရှာက​တော့ လတ်​တ​လောမှာလည်း သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို အပြေးအလွှားရောက်လာတဲ့ ချစ်သူအကြောင်းကို လူမှုကွန်​ယက်​မှာ​ ကြည်နူးစွာဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ နိုင်ငံခြားသားပေမယ့် သူမကို ဂရုတစိုက် ချစ်တတ်လွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူလေး ပတ်​ထရစ်​ရှာကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်​နော်​။ ချစ်​ပရိသတ်​တွေအတွက်​ အရမ်းချစ်ပြီး ဂရုစိုက်တတ်လွန်းတဲ့ ချစ်သူကြောင့် ပျော်စရာမွေးနေ့လေး ပိုင်ဆိုင်ခဲ့ရတဲ့ ပတ်​ထရစ်​ရှာရဲ့အကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ ပတ်ထရစ်ရှာကတော့ “မနေ့ညက ၁၂ နာရီလည်းထိုးရော ကိုယ့်ကို surprise ဝိုင်းလုပ်ကြတာအရမ်း surprised ဖြစ်ပြီးတကယ်ဝမ်းသာပျော်ရွှင်ခဲ့ရတယ် Special thanks to my mom for always being there for...

ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ

ထူးခြားတဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar အစီအစဉ်က တစ်ပတ်ထက်တစ်ပတ် စိတ်လှုပ်ရှားဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။ မျက်နှာဖုံးဝတ်စုံတွေအောက်က အနုပညာရှင် Cele တွေက ဘယ်သူများဖြစ်မလဲဆိုတာ ခန့်မှန်းရတာ တော်တော်လေး ပျော်ဖို့ကောင်းပြီး သိလိုစိတ်ကို နှိုးဆွနိုင်တာ ဖြစ်ပါတယ်။ The Mask Singer Myanmar မှာ ကျား၊ ဇီးကွက်၊ ယက္ခ စတဲ့ ဇာတ်ကောင်တွေကတော့ ပိုင်တံခွန်၊ ဟန်တီ၊ ကျော်ထူးတို့ဖြစ်မှန်း ပေါ်လွင်ထင်ရှားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပတ်ထုတ်လွှင့်ပြသတဲ့ The Mask Singer Myanmar အပိုင်း (၅) မှာတော့ Group A မှ နဂါး၊ Group B မှ သီးမွှေး၊ Group C မှ ဖိုးဝတို့ရဲ့ ထိပ်တိုက်သီဆိုယှဉ်ပြိုင်မှုအပြီးမှာ ဖိုးဝနဲ့ သီးမွှေးတို့က...

မိမိဘက်က မှားယွင်းပါက စီမံကိန်းများကို ပြန်သိမ်းရန် ဇေကမ္ဘာ ကုမ္မဏီဥက္ကဌ ဒေါက်တာခင်ရွှေ ပြော

ဇေကမ္ဘာ ကုမ္မဏီ မှ လုပ်ကိုင်နေသည့် မြရိပ်ညိုဟိုတယ်စီမံကိန်းအပါအ၀င် စီမံကိန်း လုပ်ငန်းကြီးများ လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေခြင်း ၊ အချို့သော လုပ်ငန်းများ ရပ်တန့်နေသည့် ကိစ္စ နိုင်ငံတော် အဆင့် တာဝန်ရှိသူများ အနေဖြင့် အခြေအနေ မှန်သိရန် ကြိုးစားဆုံးဖြတ်ပေးပါရန် နှင့် ကုမ္ပဏီဘက်မှ အမှားအယွင်း ရှိပါက စီမံကိန်းလုပ်ငန်းများကို ပြန်လည်သိမ်းဆည်းရန် ဇေကမ္ဘာ ကုမ္မဏီ ဥက္ကဌ ၀ဏ္ဏ ကျော်ထင် ဒေါက်တာ ခင်ရွှေက ပြောကြားခဲ့သည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များ အား ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ ပြုလုပ်သည့်အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။”မြရိပ်ညို ကိစ္စက ပြန်ပြီးတော့ အယူခံတင်သွင်းလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက ၁၉၅၅ ခုနှစ်...

ကြွေလွင့်သွားတာ (၃၁)နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး ဦးဝင်းဦး

ဦးဝင်းဦးကတော့ မြန်မာ့အနုပညာသမိုင်းမှာ ထူးချွန်တဲ့ ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲတတ်သော ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင် ဖြစ်ခဲ့တဲ့ အထိကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ဦးဝင်းဦးရဲ့ မင်းသားအနေနဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကတော့ “နှစ်ယောက်တည်းနေချင်တယ်”လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားကြီးမှာတင် မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်းဦးရယ်လို့ လွှမ်းမိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဦးဝင်းဦးဟာ ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ “စန္ဒာ”ဆိုတဲ့ အမည်ဖြင့် ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့ပါသေးတယ်။ ဦးဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ဆောင်းအိပ်မက်” ဇာတ်ကားကြီးမှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ဦးဝင်းဦးဟာ (၁၉၇၀)ပြည့်နှစ်မှာတော့ နာမည်ကျော် “မှုံရွှေရည်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကယ်ဒမီဆုကြီးကို ထပ်မံဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ဦးဝင်းဦးက အနုပညာသက်တမ်းတစ်လျှောက်မှာ အမျိုးသားဇာတ်ဆောင်ဆု (၂)ဆုနဲ့ ဇာတ်ကားဆု (၂)ဆုတိတိကို ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ “မောင်တို့ ချယ်ရီမြေ”၊”တစ်ကျော့နှစ်ကျော့ တေးကိုသီ”၊” ခိုင်မာလာနှင်းဆီ”၊”တိမ်လွှာမို့မိုလွင်”၊”မင်း...

ထိုင်းနိုင်ငံမှာ လက်ဗွေယာကို ပြတိုက်ထဲသိမ်းထားတယ်ဆိုတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ရဲ့ လက်ဗွေယာလေးကိုတော့ ထိုင်းနိုင်ငံရဲ့ Kanchanaburi မြို့က ပြတိုက်ထဲမှာ သိမ်းထားတယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ Kanchanaburi ခရီးစဉ်ဟာ အမှတ်တရအဖြစ်ဆုံး ခရီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အောင်မြင်မှုတွေရရှိလာတဲ့ လူငယ်အနုပညာရှင်တွေထဲကမှ ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းလောက်အောင်ပါပဲ။ သူဟာ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်မြို့တော်အဖြစ် တည်ထောင်မယ့် Kanchanaburi မြို့မှာ သူ့ရဲ့ လက်ဗွေယာလေးတွေကို မှတ်တမ်းတင်ခဲ့နိုင်လို့ ဝမ်းသာမိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။“ထိုင်းရုပ်ရှင်ပွဲတော်အတွက် သူတို့က လှမ်းဖိတ်တယ်။ ကိုယ့်ကို ပိုပြီးတော့ အလေးထားဆက်ဆံတယ်။ ပြီးတော့ လက်ဗွေရာကလည်း Kanchanaburi မြို့က ကျွန်တော်သိခဲ့သလောက် နောက်ပိုင်းကျရင် ရုပ်ရှင်ဇာတ်ကားတွေ အဓိက ရိုက်လို့ရတဲ့နေရာ ဟောလိဝုဒ်လို ပုံစံမျိုး တည်ထောင်မှာဖြစ်တဲ့အတွက် သူတို့နိုင်ငံကိုလာတဲ့ Super Star တွေရဲ့ လက်ဗွေယာလေးတွေကို ယူပြီးတော့ သူတို့ရဲ့ ပြတိုက်ထဲမှာ ထိန်းသိမ်းထားတယ်ပေါ့” လို့ သူကဆိုပါတယ်။ ပိုင်တံခွန်ဟာ...

ဆံပင်ပုံစံအသစ်နဲ့ အရမ်းစတိုင်ကျနေတဲ့ မိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူ

ပရိသတ်​အချစ်​တော်​မေ​မေမိုးယုစံရဲ့ တစ်​ဦးတည်း​သော သားသား​လေး​ ကောင်းသိင်္ခမိုးသူက​တော့ ငယ်​ငယ်​လေးနဲ့ အမြဲပြုံးနေတတ်တာမို့ အားလုံးက ဖိုးပြုံးချိုလေးဆိုပြီး အချစ်ပိုနေရတာပါ။ မျက်နှာချိုလွန်းတဲ့ သား​လေးကို​တော့ မိသားစု​တွေကသာမက ပရိသတ်​တွေကလည်း အချစ်​ပို​နေရတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့​မေ​မေမိုးယုစံက ချစ်​စရာ​ကောင်းတဲ့ သား​လေးကို ဆံပင်လိုက်ညှပ်ပေးခဲ့တဲ့ ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဆံပင်ပုံစံအသစ်နဲ့ အရမ်းမိုက်နေတဲ့ သားသား​လေး ကောင်းသိင်္ခမိုးသူရဲ့ပုံရိပ်​တွေက အရမ်းကို ချစ်​ဖို့​ကောင်းလှပါတယ်​။ ချစ်​ပရိသတ်​တွေအတွက်​ အရမ်းကို ချစ်​စရာ​ကောင်းတဲ့ အမေတူသားလေး ကောင်းသိင်္ခမိုးသူရဲ့ ပုံ​လေး​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ မိုးယုစံက​တော့ ” ကေညှပ်ပီး ဆံပင်ထောင်ပီး စတိုင်အပြည့်နဲ့🥰🥰🥰”ဆိုပြီး ဆံပင်ပုံစံအသစ်နဲ့ စတိုင်ကျနေတဲ့ သူမသားသားလေးရဲ့ ပုံရိပ်လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ မိုးယုစံရဲ့သားလေးကတော့ ကြီးလာရင် အမေလို အနုပညာဝါသနာပါမလားဆိုတာကိုတော့ ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။ အိုက်တင်ပေးနေတဲ့သားလေးကို အမိအရ ဓာတ်ဖမ်းပေးနေတဲ့ မေမေ မိုးယုစံ…။ မိုးယုစံကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်း​နဲ့အတူ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ရင်း...

အောင်ရဲထွေးအမှု ကို လူသတ်မှုမှ အပြင်းအထန် နာကျင်စေမှုသို့ ပြောင်းလဲ

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် စွဲချက် အမိန့်ချထားခြင်းကို ပယ်ဖျက်ပေး ရန် လျှောက်ထားမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က မူလတရားရုံးအမိန့်ကို ပယ်ဖျက်ပြီး ပြောင်းလဲစွဲ ချက်တင်ကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။ မူလတရားရုံး (အရှေ့ပိုင်းခရိုင်တရားရုံး)က သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေး တို့သည် အောင်ရဲထွေးအား လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်နှင့်ကန်ခြင်း၊ ဗော်ကာပုလင်းခွံဖြင့် ရိုက်နှက်ခြင်း တို့ကြောင့် သေဆုံးစေသည် ဟုဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂(၂)၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ၎င်းတို့နှစ်ဦး ပြစ်မှုကျူးလွန်ရန် အားပေးကူညီသည် ဟုဆိုကာ လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် ၂၀၁၉ ဇန်နဝါရီ ၇ ရက်တွင် စွဲချက်တင်ခဲ့သည်။ ထိုစွဲချက်အမိန့်ကို ကာယကံရှင်များက ကျေနပ်မှုမရှိ ဟုဆိုကာ...