သီချင်းဆိုပြိုင်ပွဲတွေကို နှာခေါင်းနဲ့ အားပေးတာပါဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ ရွှေအိမ်စည်

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်ောတ် အလှမယ်သရုပ်ဆောင်မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ယောက်ျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့အိမ်စည်လေးကတော့ အချိုးအစားကျတဲ့ခန္ဓာကိုယ် အလှတရားတွေကို ပိုင်ဆိုင်ထာတဲ့အပြင် စကားပြောပွင့်လင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြရတာပါ..။ လတ်တလောလူမှုကွန်ယက်နဲ့ ပရိသတ်တွေကြားရေပန်းစားနေကြတဲ့ အဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး အိမ်စည်လေးကတော့ သီချင်းဆိုပြိုင်ပွဲတွေကို ပရိသတ်တစ်ယောက်အနေနဲ့ နှာခေါင်းနဲ့ အားပေးဖြစ်တဲ့အကြောင်းလေးကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်နော်..။ “ပရိသတ်အနေနဲ့ကတော့ နှာခေါင်းနဲ့ အားပေးတယ် အရမ်းကြီးတော့ မဂွမ်းစေရဘူး အရမ်းကြီးလည်း ပြီးပြည့်စုံနေစရာလည်းမလိုဘူး ချောလည်းချောတယ် အသံလေးကလည်း အသင့်တင့်ပေါ့ သူ့မျက်နှာလေးနဲ့ထိန်းသွားလိမ့်မယ်ပေါ့ ရုပ်နဲ့ထိန်းမှာလည်း အသံနဲ့ထိန်းမှာလည်း ပရောဖက်ရှင်နယ်အဆိုတော်တွေကတော့ အိမ်စည့်အမြင်နဲ့ ဘယ်တူပါ့မလဲနော်..” ဆိုပြီး ပြောပြထားတာပါ..။ အိမ်စည်လေးဟာ သူမက TV မကြည့်ဖြစ်တဲ့လူဆိုတော့ အဆက်ဆက်ဖြစ်ပြီးတော့ မကြည့်ဖြစ်ပေမယ့် အရမ်းပေါက်တဲ့ဗီဒီယိုတွေကိုတော့ ဖေ့စ်ဘွတ်ကနေ ကြည့်ဖြစ်ပြီး ကိုယ်အားပေးတဲ့ သီးသန့်လူရယ်လို့တော့ မရှိဘူးဆိုပြီးတော့လည်း...

ခန့်ညားလွန်းတဲ့ ချစ်သူကို ဓါတ်ဆရာလုပ်ပေးနေရတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာ

International ဆန်ဆန် မျက်နှာကျလေးနဲ့ ညှို့အားပြင်းလွန်းတဲ့ စူးရှရှအကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော၊ ထူးခြားတဲ့ သူမရဲ့အလှတရားကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ပတ်ထရစ်ရှာလေးကတော့ ယုံကြည်စိတ်ချရတဲ့ ချစ်သူကြောင့် အမြဲပျော်နေရတာပါ။ လတ်တလောမှာတော့ ရှာရှာလေးက သူမရဲ့မွေးနေ့အတွက် Europe ကနေ မြန်မာပြည်ရောက်လာတဲ့ ချစ်သူလေးကို မြန်မာပြည်ရဲ့အလှအပတွေ ပြသရင်း ဓါတ်ပုံတွေ လိုက်ရိုက်ပေးနေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် အရမ်းချောတဲ့ ချစ်သူကောင်လေးကို အရိပ်တကြည့်ကြည့်နဲ့ ဓါတ်ပုံလိုက်ရိုက်ပေးနေတဲ့ ချစ်တတ်လွန်းသူလေး ပတ်ထရစ်ရှာရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပတ်ထရစ်ရှာကတော့ “မင်းသားကို ဓါတ်ပုံရိုက်ပေးနေရတယ်” ဆိုပြီး ရှမ်းဝတ်စုံနဲ့ ခန့်ညားချောမောနေတဲ့ ချစ်သူကို ဓါတ်ဆရာလုပ်ပေးနေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အရမ်းချစ်ရတဲ့ မြန်မာပြည်ရဲ့...

ကျားဖောင်လူပွဲစားကို အမှုဖွင့် အရေးယူခြင်း မရှိသဖြင့် ဘီးလင်းရဲစခန်းမှူး တိုင်ကြားခံရ

ပင်လယ်ကျားဖောင်လုပ်ငန်းခွင်ကို လိမ်လည်ပို့ဆောင်ခဲ့တဲ့ လူပွဲစားကို အရေးယူပေးဖို့ မွန်ပြည်နယ်၊ ဘီလင်းမြို့မရဲခန်းကို တိုင်ကြားရာမှာ  စခန်းမှူးက အမှုဖွင့်လှစ်ပေးခြင်းမရှိတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေထံ ပြန်လွတ်လာသူတွေက တင်ပြတိုင်ကြားထားပါတယ်။ အသက်မပြည့်သေးတဲ့လူငယ် အပါအဝင် လူ ၃ ဦးကို လူပွဲစားက ကုန်းပေါ် ငါးခြောက်ထမ်း၊ ကုန်ထမ်းအလုပ် လုပ်ကိုင်ရမယ် ပြောဆိုပြီး ရေးမြို့နယ်ရှိ ပင်လယ်ကျားဖောင်လုပ်ငန်းခွင်ကို ပို့ဆောင်ခဲ့သလို လုပ်အားခငွေတွေကိုလည်း ပွဲစားက ကြိုတင်ထုတ်ယူသွားခဲ့တယ်လို့ ကျားဖောင်ကနေ ပြန်လည်ထွက်ပြေးလာသူ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာသား ကိုဇော်ဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ဘီးလင်းရဲစခန်းကို သွားရောက် အကူအညီတောင်းခံခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးခြင်းမရှိတဲ့အတွက် ဘီးလင်းမြို့မရဲစခန်းမှူးကို နိုဝင်ဘာ ၂၅ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ ရဲချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့တာပါ။ပြန်လည်ထွက်ပြေးလာသူ ကိုဇော်ဦးက “တလနီးနီး ရဲစခန်းကို သွားပြီးတော့ ကျနော် အကူအညီတောင်းနေတာဟာဆိုရင် ဆယ်ခေါက်လောက်ရှိပါတယ်။ စခန်းမှူးကိုယ်တိုင်က ကျနော့်ကို...

ဖောက်ပြန်တာကိုတော့ လုံးဝလက်မခံပေးနိုင်ဘူးလို့ ပြောလာတဲ့ နန်းစန္ဒလှထွန်း

ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်စရာဟန်ပန်လေးတွေနဲ့ အားလုံးကို အချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်..။ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် “ရေဝတီ” ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ နန်းနန်းလေးကတော့ အခုဆိုရင် ပြည်သူချစ်တဲ့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အသည်းကျော်လေး နန်းနန်းကတော့ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး သူမကို သစ္စာရှိတဲ့လူကို မတွေ့ဖူးသေးသလို ဖောက်ပြန်တာကိုလည်း လုံးဝနားလည်လက်မခံပေးနိုင်ဘူးဆိုပြီး ပြောပြလာပါတယ်..။စီနီယာတွေဖြစ်တဲ့ ခိုင်သင်းကြည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ပြန်ရိုက်ထားတဲ့ သူမရဲ့ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ပြောပြရင်း အပြင်မှာဆိုရင် ဖောက်ပြန်တာကိုတော့ လက်မခံပေးနိုင်ဘူး ဘာလုပ်တာလဲ ဖြန်းဆိုပြီး ရိုက်မိမှာပါ ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာပဲ ဖြစ်ပါတယ်..။ မခိုင်လေးရဲ့ဇာတ်ကားကို ပြန်ရိုက်ထားတဲ့အပေါ်မှာလည်း ပထမတော့ စိုးရိမ်မိပေမယ့် ကာရိုက်တာကို စိတ်ထဲထည့်လိုက်တဲ့အချိန်မှာတော့ အဆင်ပြေသွားခဲ့ပြီး မခိုင်လေးသရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တဲ့ ရူးသွားတဲ့အခန်းကို တွေ့တော့...

အကုသိုလ်ကင်းတဲ့ အနုပညာသမားဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဒေါင်း

ဒေါင်းကတော့ ပရိသတ်တွေအတွက် အကုသိုလ်ကင်းတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ The Pride Myanmar ဆုပေးပွဲမှာ ဆုရရင် ပရိသတ်တွေဂုဏ်ယူရမှာပါတဲ့။ ဒေါင်းဟာ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာပြီဖြစ်တဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကိုလည်း အရမ်းဦးစားပေးတတ်သူတစ်ယောက်ပါ။ ဒါကြောင့် ပရိသတ်အားပေးရကျိုးနပ်မယ့် အနုပညာသမားတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။“ အနုပညာအလုပ်လုပ်တာဆိုတော့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့အတွက် အကောင်းဆုံး အလုပ်လုပ်မယ်။ ပရိသတ်အတွက် စေတနာပါတဲ့ အနုပညာ၊ အကုသိုလ်ကင်းတဲ့ အနုပညာသမားဖြစ်အောင် ကျွန်တော် ကြိုးစားမယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့က “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်ပြောပြခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဇန်နဝါရ်ီလ အတွင်းမှာ ကျင်းပပြုလုပ်မယ့် “The Pride Myanmar” ဆုပေးပွဲကြီးမှာတော့ ဆန်ခါတင် မင်းသားတွေထဲမှာ ဒေါင်းလည်း...

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ မြန်မာနိုင်ငံက နှင်းခဲရွာ

ဒီနေရာလေးကို သိကြလား။ ဒီနေရာက ဆီးနှင်း ခဲတဲ့၊ မြူတွေကျနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ မြင်ရလေ့ရှိပါတယ်။ လွန်ခဲ့ နှစ် ၁၃၀ ကျော် ၁၈၈၆ နိုဝင်ဘာလ ထဲမှာ ဗြိတိသျှတပ်တွေဟာ မိုးကုတ်မြို့ကို သိမ်းပိုက်ဖို့ မန္တလေးကနေ စတင်ထွက်ခွာခဲ့ကြပါတယ်။ ပြောင်ခေါင်းရွာနဲ့ မိုးကုတ်အကြား လေပေါက်နေရာ အနီးမှာ တိုက်ပွဲဖြစ်ပြီး ၁၈၈၆ ဒီဇင်ဘာမှာ မိုးကုတ်မြို့ကို သိမ်းပိုက် နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဗြိတိသျှ တပ်တွေ ရဲ့ အခြေစိုက် စစ်စခန်းနေရာကို မြန်မာနိုင်ငံရဲ့ မဟာမင်းကြီးဖြစ်တဲ့ မစ္စတာ ဘားနဒ် (Bernard) ရဲ့ အမည်ကိုယူပြီး ဘားနဒ်လို့ ပေးခဲ့ပါတယ်။ဘားနဒ်မှာ ဗြိတိသျှတပ်တွေ တပ်စွဲထားချိန်မှာ ဒေသခံတိုင်းရင်းသားတွေက ပြန် တိုက်ခိုက် တာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စစ်သားတချို့ ကျဆုံးတာတွေ ရှိခဲ့သလို ငှက်ဖျား ဒဏ်ကြောင့်...

သမီးတွေနဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ လည်ပတ်နေတဲ့ စမိုင်းလ်

ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ မင်းသမီးချောလေး စမိုင်းလ်က တစ်ခေတ်တစ်ခါက ကြော်ငြာတွေနဲ့ သီချင်း MV တွေမှာ နေရာယူထားနိုင်သူလေး ဖြစ်ပါတယ်။ စမိုင်းလ်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ သိပ်ပြီး မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဒီနေ့ဒီအချိန်ထိ ရရှိနေဆဲ ဖြစ်ပါတယ်။ စမိုင်းလ်က လွန်ခဲ့တဲ့ရက်ပိုင်းက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် သွားရောက်ဝန်းရံအားပေးခဲ့ပြီး အခုလက်ရှိမှာတော့ သမီးတွေနဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ စမိုင်းလ်က ” ကိုရီးယားပထမနေ့ အရမ်းအေးပေမဲ့အရမ်းပျော် 🥰 ဆာဒါးငယ် 😘” ဆိုပြီး ဆိုးလ်မြို့မှာ ပျော်ရွှင်စွာ လည်ပတ်နေတဲ့ပုံရိပ်တွေကို မျှဝေထားပါတယ်။ စမိုင်းလ်က သမီးလေးပေါ်ရှာနဲ့ ကလိုဝီတို့ရဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ နိုင်ငံခြားခရီးစဉ်ကို လိုက်ပို့ပေးပြီး မိသားစုလေးယောက် ပျော်ရွှင်စွာ လည်ပတ်၊ စားသောက်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ကိုရီးယားမှာ ချစ်ရတဲ့ ခင်ပွန်း၊...

စွန့်ပစ်ပလတ်စတစ်ကနေ လျှပ်စစ်ထုတ်နိုင်မယ့် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိ

သိပ္ပံပညာရှင်တစုဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် နည်းပညာသစ်တမျိုးကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ပြောကြားလိုက်ပါတယ်။ ပလတ်စတစ်တွေကို နေရောင်ခြည်အတု သုံး ပြီး လျှပ်စစ်ထုတ်လုပ်နိုင်မယ့် ဓာတုပစ္စည်းအဖြစ် ပြောင်းလဲနိုင်မယ့် လမ်းစကို တွေ့ရှိခဲ့ကြတာပါ။ကမ္ဘာနိုင်ငံအသီးသီးမှာ နေ့စဉ်စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကြောင့် ကုန်းမြေပေါ်တင်မကဘဲ သမုဒ္ဒရာ ထဲမှာ တန်နဲ့ချီတဲ့ အမှိုက်တွေ ပုံလာပါပြီ။ ဒါကြောင့် အာရှနိုင်ငံတွေမှာလား စွန့်ပစ်ပလတ်စတစ်ပြဿနာဟာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စရပ်တခု ဖြစ်လာနေပါတယ်။ စင်ကာပူနိုင်ငံက သုတေသီအဖွဲ့ဟာ စွန့်ပစ်ပလတ်စတစ်တွေ လျော့ချနိုင်ဖို့အတွက် နေရောင်ခြည်အတုသုံးပြီး ပလတ်စတစ်တွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ Formic Acid အသွင်ပြောင်းလဲ ဖန်တီးနိုင်ခဲ့ကြပါတယ်။ အဆိုပါနည်းလမ်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့အပြင် ငွေကုန်ကြေးကျလည်းနည်းတယ်လို့ ဆိုပါတယ်။ နန့်ယန်းနည်းပညာတက္ကသိုလ်မှာ ဓာတ်ခွဲလေ့လာခဲ့သမျှ ပလတ်စတစ်တွေကို ဓာတုပစ္စည်းတွေနဲ့ရောပြီး နေရောင်ခြည် အတုသုံးကာ ချေဖျက်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါနည်းလမ်းအရ ပျက်စီးဖို့အတွက်...

လားရှိုးတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆိုင်ကယ်လုယူမှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်

လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး လုံခြုံရေးတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးသည် ဒီဇင်ဘာလ ၈ ရက်နှင့် ၁၄ ရက်တို့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဆိုင်ကယ်လုယူမှုနှင့် ပြန်ပေးဆွဲ ငွေတောင်းခံမှုများ ကျူးလွန်ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။ . ဟိုပန်မြို့နယ်နေ ဦးကြာတော့သည် ဒီဇင်ဘာလ ၈ ရက်၊ ညနေပိုင်းက ငွေကျပ် ၄၈ သိန်း ကျော် အား ၎င်းပိုင်မော်တော်ဆိုင်ကယ် တူးဘောက်အတွင်း ထည့်၍ မောင်းနှင်နေစဉ် လားရှိုးမြို့၊ ရပ်ကွက် (၃)၊ နယ်မြေ (၁) ရင်ခွဲရုံလမ်းကြားအရောက်တွင် အမျိုးသား ၂ ဦး (ရဲတပ်ဖွဲ့ဝင်များ) မှ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးကြာတော့၏ ဆိုင်ကယ်အား တားဆီး ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ထို့အတူ လားရှိုးမြို့၊ ရပ်ကွက် (၇)၊ မေတ္တာလမ်းနေ ဦးအိုက်ခြံ၏ နေအိမ်သို့ ဒီဇင်ဘာလ ၁၄...

မူလတရားရုံး အမိန့်ကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ဖျက်ပစ်တဲ့ အောင်ရဲထွေး အမှု

၀၁၇ ဒီဇင်ဘာ ၃၁ ရက်ည နှစ်သစ်ကူး ပါတီပွဲမှာ ထိုးကြိတ် ကန်ကျောက်မှုဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုကို ပြန်လည် စစ်ဆေး နေရာမှာ ရန်ကုန်တိုင်း တရားလွှတ်တော်က ၂၀၁၉ ဒီဇင်ဘာ ၁၃ရက်နေ့မှာ မူလတရားရုံး အမိန့်ကို ပယ်ဖျက်ပြီး ပြောင်းလဲ စွဲချက်တင်ဖို့ အမိန့် ချမှတ်လိုက်ပါတယ်။ အုပ်စုဖွဲ့ ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ တရားခံတွေ အဖြစ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့သလို ၊ တရားခံ အဖြစ် စွပ်စွဲခံရတဲ့ ကျော်ဇော ခေါ် ကျော်ဇောဟန်၊ သန်းထွဋ်အောင် ခေါ် သားကြီးနဲ့ ပြည့်ဖြိုးအောင် ခေါ် အောင်လေးတို့ သုံးယောက်စလုံးကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ခြောက်လကြာ စစ်ဆေးခဲ့ပြီးနောက်...