Category: သတင်း

ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေကျပ် ၂၄ ဘီလီယံကျော်ကို စီမံကိန်းများတွင်သုံးစွဲရန် မကွေးတိုင်းလွှတ်တော် အတည်ပြု

ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ငွေ ကျပ် ၂၄ ဘီလီယံကျော်ကို အုပ်ချုပ်ရေးနဲ့၊ စိုက်ပျိုးရေး စီမံကိန်းတွေမှာ အသုံးပြုဖို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။  အုပ်ချုပ်ရေးအခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှာ ခေတ်မီနည်းပညာနဲ့ ပစ္စည်းတွေ သုံးစွဲတဲ့လုပ်ငန်းအတွက် ငွေကျပ်သန်း ၅၃၀၀ ကျော် အသုံးပြုကာ ရေပေးမြောင်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်း (တူးမြောင်း မြေကြီးလုပ်ငန်း၊ ကွန်ကရစ်လိုင်နင်စီခြင်း၊ ရေပေး အဆောက်အဦများ ပြုပြင်တည်ဆောက်ခြင်း)အတွက် ကျပ်သန်း ၁၃၀၀၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး မျိုးသန့်ခြံ တည်ဆောက်ခြင်း၊ နှမ်းဧက ၅၀၀၀ ကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေအတွက် ငွေကျပ်သန်း ပေါင်း ၄၂၀၀ ကျော်၊ စီမံ အုပ်ချုပ်ရေး၊ သတင်း အချက်အလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေကို (ICT...

မကွေးတိုင်းပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၅ ဦးကို Facility Quarantine ထားရှိ

စောင့်ကြည့်လူနာနဲ့ ထိတွေ့ခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံက ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးကို Facility Quarantine ပြုလုပ်ပေးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးထံကနေ သိရပါတယ်။စောင့်ကြည့်လူနာဖြစ်တဲ့ ဆေးရုံက သူနာပြုဆရာမတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ခွဲစိတ်ခန်းမှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၃ ရက်မှ ၅ ရက်နေ့အထိ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက “ဆေးရုံက သူနာပြုဆရာမတစ်ဦး မီးယပ်ရောဂါဖြစ်ပြီး ကိုယ်ပူချိန်မြင့်တက်တဲ့အတွက် စောင်ကြည့်လူနာ အဖြစ်သတ်မှတ်ကာ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ရယူကာ ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။ လူနာနဲ့ ထိစပ်ခဲ့တဲ ဆေးရုံဝန်ထမ်း ၁၅ ဦးကို ချမ်းမြေ့သာယာ အိမ်ရာမှာ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။ လူနာရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေက COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့မေလ ၄ ရက်နေမှာ အဖြေထွက်တဲ့အတွက် Quarantine ပြုလုပ်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကို မေလ...

COVID-19 လူနာအမှတ် ၁၆၁ နေထိုင်ခဲ့သည့် ကျောက်တန်းမြို့နယ်ရှိ ရွာကို Lockdown ချ

COVID-19 လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်မှာနေထိုင်သူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေလ ၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် သူပေးထားတဲ့ အင်းစိန်မြို့နယ် နေရပ်လိပ်စာကို သက်ဆိုင်ရာက သွားရောက်ရှာဖွေရာမှာ မတွေ့ရဘဲ သူနေထိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ဖြစ်ကြောင်း သိရပါတယ်။ အသက် ၆၂ နှစ်အရွယ်အမျိုးသား ၁ ဦးဖြစ်တဲ့ လူနာအမှတ် ၁၆၁ ဟာ ဒလမြို့နယ်က ကျူးကျော်ရပ်ကွက်မှာ နေထိုင်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တာကြောင့်လည်း အဲဒီရပ်ကွက်နဲ့အနီးနားက ရပ်ကွက်တွေအတွင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် မတွေ့ရကြောင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဒီဗွီဘီကို ပြောပါတယ်။ သူနေခဲ့တဲ့ရာဇသင်္ကြန်ရပ်ကွက် ကျော်ထင်အနော်ရထာလမ်း နေအိမ်ကို သွားရှာပေမဲ့ သူဟာ ဒလနဲ့ အဆက်အစပ်မရှိတာ ၂ နှစ်လောက်ရှိပြီဖြစ်ကြောင်းကို စုံစမ်းသိရှိရတယ်လို့ ဒလမြို့ကျန်းမာရေးဌာနကပြောပါတယ်။သူနဲ့ ပတ်သက်ပြီး လက်ရှိဆေးကုသမှုခံယူနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီး တာဝန်ရှိသူကို...

COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်ကိုသတ်နိုင်သော ပဋိပစ္စည်းထုတ်နိုင်ပြီဟု အစ္စရေးထုတ်ပြန်

COVID-19 ကိုဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သစ်ကို သတ်နိုင်သော ပဋိပစ္စည်းကို အစ္စရေးဇီဝသုတေသနအင်စတီကျု(IIBR) က ခွဲထုတ်ဖန်တီးနိုင်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး နက်ဖ်တာလီ ဘန်းနက်က မေ ၄ ရက်တွင် ပြောဆိုခဲ့သည်။ ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခု( မိုနိုကလိုနယ်)မှ ထုတ်ယူထားသည့် ပဋိပစ္စည်းဖြစ်ပြီး ဗိုင်းရပ်စ်သယ်ဆောင်ထားသူ၏ခန္ဓာကိုယ်ရှိ ကိုရိုနာဗိုင်းရပ်စ်များကို သတ်နိုင်စွမ်းရှိနေကြောင်း နက်ဖ်တာလီ ဘန်းနက်က ပြောဆိုခဲ့သည်။ ပဋိပစ္စည်းထုတ်လုပ်မှုနည်းလမ်းကို မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး အမြောက်အများထုတ်လုပ်နိုင်မည့် နိုင်ငံတကာဆေးကုမ္ပဏီတစ်ခုကို ရှာဖွေနေကြောင်း IIBR ၏အကြီးအကဲ ရှမြူယယ် ရှာပီရာက ပြောဆိုခဲ့သည်။ IIBR သည် COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏သွေးရည်ကြည်ကိုစစ်ဆေးခြင်းအပါအဝင် COVID-19 ကုသရေး၊ ကာကွယ်ရေးတွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုကျော်လွှားနိုင်ခဲ့သည့် ခုခံအားစနစ်ပရိုတင်းများမှ ပဋိပစ္စည်းသည် COVID-19 ကုသရေးတွင် အရေးပါသောကဏ္ဍမှပါဝင်နေသည်။ IIBR ကခွဲထုတ်နိုင်သည့် ပဋိပစ္စည်းသည် ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခုမှထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ကုသရေးတွင် ပိုမိုစွမ်းအားရှိသည်။...

ရန်ကုန်မှာ အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေ ဖမ်းခံရ

အလုပ်သမားအခွင့်အရေး တောင်းဆိုရာက အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံနေရတဲ့အကြောင်းကို မ ဆုမွန်ပြောပြမှာပါ။COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာ လုပ်ခလစာပြည့် ခံစားခွင့်ရရှိရေး ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် စက်ရုံအလုပ်သမားတွေ၊ အလုပ်သမားရေးလှုပ်ရှားသူတွေကို အာဏာပိုင်တွေ ဆက်လက် ဖမ်းဆီးနေတာပါ။ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား အစောပိုင်းမှာ ဆွေးနွေးညှိနှိုင်းထားတဲ့ Rainwear House မြန်မာမိုးကာစက်ရုံက အလုပ်သမားတွေနဲ့ ဘရိုက်ဘတ် ကျောပိုးအိတ်စက်ရုံက အလုပ်သမားတချို့ဟာလည်း အင်္ဂါနေ့မှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က စက်ရုံရှေ့ ဆန္ဒပြခဲ့ကြတဲ့ Blue Diamond စက်ရုံက အလုပ်သမားခေါင်းဆောင် ၂ ဦးနဲ့ အလုပ်သမားတွေအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေကိုလည်း တနင်္လာနေ့ကပဲ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ လ အပြစ်ပေးခဲ့တာပါ။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့...

ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လှူဖွယ်ပစ္စည်းတွေကို အိမ်ဘုရားမှာလှူဖြစ်တဲ့အကြောင်းပြောပြလာတဲ့ စမိုင်းလ်

လစဉ်လတိုင်းမှာ နေ့တိုင်းနီးပါးလောက် အလှူပြုလုပ်လေ့ရှိတာကြောင့်လည်း ပရိသတ်တွေရဲ့ လေးစားအားကျခြင်းကို ခံနေရတဲ့ စမိုင်းလ်ကတော့ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လှူဖွယ်ပစ္စည်းတွေကို အိမ်ဘုရားမှာလှူဖြစ်တဲ့အကြောင်းကို ” ဘေးဘရာတွေကြော်ဖို့ ဘရာကြော်လေးကိုယ်တိုင်လုပ်ပြီးမနက်ဖြန်ဘုရားကပ်မယ် ရွှေရင်အေးအောင် ရွှေရင်အေးကပ်မယ် အသီး ၁၀မျိုး မာလကာသီး ( မာမာချာချာဖြစ်အောင်) ထောပတ်သီး ( ထပ်ပြီးထော ) ကျွဲကောသီး ( ကံကော်သီး ကွကိုယ်ထွင်တာ ) ငှက်ပျော်သီး ( ငွေပျော်သီး ) ဇီးသီး ( သမီးတွေနေ့နံ့ ) စိန်တစ်လုံး သရက်သီး ( သရက်သီးလောက်စိန်ဝတ်နိုင်အောင် ) မင်းဂွတ်သီး ( မင်းဂွတ်သလိုငါလည်းဂွတ်အောင် ကွကိုယ်ထွင်တာ ) သစ်တော်သီး ( အသစ်အတော်တွေထွင်နိုင်အောင် ကွကိုယ်ထွင်တာ ) ဩဇာသီး ( ဩဇာရှိအောင် ) နဂါးမောက်သီး ( နဂါးလိုအမောက်ထောင်နိုင်အောင် )...

ဦးစောဒေးဗစ်လားရဲ့ ကျန်းမာရေးအခြေအနေတည်ငြိမ်လာပါက အမှုကိစ္စဆက်လက်ဆောင်ရွက်မည်

ခရစ်ယာန်တရားဟော ဆရာ စောဒေးဗစ်လားကို COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ နိုင်ငံတော်က တားမြစ်ထားတဲ့စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ ဘာသာရေးပွဲတစ်ခုကို ကျင်းပခဲ့တာကြောင့် မရမ်းကုန်းမြို့နယ်မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဘာသာရေးပွဲအပြီးမှာ COVID 19 ရောဂါအတည်ပြုလူနာဖြစ်လာခဲ့ပြီး ပွဲကိုတက်ရောက်ခဲ့သူတွေအပါအဝင် ဆင့်ပွားကူးစက်မှုတွေက အယောက်(၇၀)ကျော်လောက်ထိရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စောဒေးဗစ်လားက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံကဆင်းခွင့်ရထားပြီး နေအိမ်မှာပဲ Home Quarantine ဆက်လက်ခံယူနေပါတယ်။ “ ဒီအချိန်က ကျန်းမာရေးကောင်းပြီး ဆေးရုံကဆင်းခွင့်ရပေမယ့် Home Quarantineထားတဲ့အချိန်ပါ။ Home Quarantine ထားတဲ့အချိန်ကိုလည်း လူနာအဖြစ်သတ်မှတ်ထားရမယ့်အခြေအနေပါ။ နောက်ပိုင်း သူ့ရဲ့ ကျန်းမာရေးပေါ်မူတည်ပြီး အမှုကိစ္စကိုတော့ သက်ဆိုင်ရာဌာနတွေရဲ့ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး COVID 19...

စင်ကာပူတွင် COVID-19 ပိုးတွေ့လူနာသစ် ၆၃၂ ဦး ထပ်တိုး 😔😔😔

စင်ကာပူနိုင်ငံမှာ ဒီကနေ့ နေ့လယ်ပိုင်းအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၆၃၂ ယောက် ရှိလာပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၉၄၁၀ ယောက် ရှိလာခဲ့ပြီ လို့ စီအန်အေ သတင်းမှာ ဖော်ပြပါတယ်။ အခုအသစ်တွေ့ရှိရသူတွေကတော့ နိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်နဲ့ နိုင်ငံခြားသား အလုပ်သမားဆောင်မှာ နေထိုင်သူတွေအများစု ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အဲဒီထဲက ၉ ယောက်ကတော့ စင်ကာပူနိုင်ငံသားတွေနဲ့ နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဝန်ကြီးဌာနအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိရတာတွေကို ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အနေနဲ့ အခုညမှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” လတ်တလော COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေနဲ့ ပတ်သက်ပြီး စင် ကာပူအစိုးရက လွှတ်တော်ထဲမှာ မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုလမ်းကြောင်းနဲ့ ထိန်းချုပ်နိုင်မယ့် အချက်တွေကို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။...

လူနာအမှတ် (၁၆၁) နှင့် ဒလကျူးကျော်ရပ်ကွက်တွင် အတူနေသူ (၂)ဦးကို ပိုက်စိပ်တိုက်ရှာဖွေနေ

ယမန်နေ့ကထုတ်ပြန်ခဲ့သော COVID-19 အတည်ပြုလူနာအမှတ်-၁၆၁ သည် အင်းစိန်မြို့နယ်တွင်နေထိုင်သူ မဟုတ်ဘဲ ဒလမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်သူဖြစ်ခြင်းကြောင့် အဆိုပါအတည်ပြုလူနာနှင့်အတူ နေထိုင်သူ ၂ ဦးကို ပိုက်စိပ်တိုက်ရှာနေကြောင်း ဒလမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။ “သူပြောတာကတော့ သူနဲ့အတူနေထိုင်သူ ၂ ဦးရှိတယ်။ လူနာက သူများအိမ်မှာ ကပ်နေရတာ။ အိမ်ရှင်သားအဖ ဆိုတဲ့လူနှစ်ဦးကို ပိုက်စိပ်တိုက် လိုက်ရှာနေတယ်” ဟု ဦးထွန်းရင်က ပြောသည်။ လက်ရှိအချိန်တွင် အတည်ပြုလူနာပြောကြားသည့် နေရပ်လိပ်စာ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ နေအိမ်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သတင်းထောက်လှမ်းရေးအဖွဲ့များက လိုက်လံရှာဖွေနေကြောင်း သိရသည်။ “ခက်တာက ကျွန်တော်တို့မြို့နယ်မှာက မြို့ပတ်လမ်းလည်းမရှိဘူး။ ချောင်းပတ်လမ်းပဲရှိတယ်။ အဲ့ဒီနေရာတွေကို တော့ပိုက်စိပ်တိုက်ရှာနေတယ်။ တကယ်လို့တွေ့ခဲ့ရင်တော့ သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေအကုန်လုံးကို Quarantine ထားပြီး ဆေးစစ်ချက်ယူရမှာပေါ့” ဟု ဦးထွန်းရင်က ဆိုသည်။ “ကျွန်တော်တို့လည်း အင်းစိန်မြို့နယ်တွင် နေထိုင်သူမဟုတ်ဘဲ ဒလမြို့နယ်ရှိကျူးကျော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း...

(၅) နိုင်ငံ သံမဏိ ထောက်လှမ်းရေးအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်ပုံ တွေ့ရှိချက်

(၅) နိုင်ငံ သံမဏိညွှန့်ပေါင်း ထောက်လှမ်းရေးအဖွဲ့၏ တရုတ်ပြည်က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်ပုံ ရှာဖွေတွေ့ရှိချက်…. ကနေဒါ၊ ဗြိတိန်၊ နယူးဇီလန်နှင့် သြစတြေးလျစသည့် အမေရိကန်အပါအဝင် ၅-နိုင်ငံ သံမဏိညွန့်ပေါင်းအုပ်စု၏ ထောက်လှမ်းရေးအဖွဲ့အချင်းချင်း သတင်းဖလှယ်ချက်များအရ လက်ရှိကူးစက်ပျံ့ပွားလျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ တရုတ်ဓါတ်ခွဲခန်းမှ မတော်တဆလွတ်ထွက်လာသည်ဆိုခြင်းထက် ၀ူဟန်မြို့သားရိုင်းဈေးမှ အစပြုပုံရန် ပိုမိုသေချာကြောင်းဖော်ပြပါရှိသဖြင့် ဒေါ်နယ်ထရမ့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ပြောဆိုချက်နှင့် ဆန့်ကျင်နေသည် ဟု CNN က ယနေ့ရေးသားသည်။ ၀ူဟန်ဓါတ်ခွဲခန်းမှ မတော်တဆ လွတ်ထွက်လာသည်ဆိုခြင်းမှာ ဖြစ်နိုင်ပုံမရကြောင်း၊ သဘာဝအလျှောက်ဖြစ်လာသည့် ဗိုင်းရပ်စ်က ဖြစ်လေ့ရှိသည့်အတိုင်း လူသို့ကူးစက်ပြီး၊ လူနှင့် တိရိစ္ဆာန်တို့ အပြန်အလှန်ကူးစက်ကြခြင်းဖြင့် ဖြစ်ပေါ်လာပုံရကြောင်း၊ ယခုအခါ ၅-နိုင်ငံညွန့်ပေါင်းအဖွဲ့၏ ထောက်လှမ်းရေးအကဲဖြတ်သတင်းများအား တစ်ပေါင်းတည်းဖြစ်အောင် စုပေါင်းလျှက်ရှိကြောင်း ထောက်လှမ်းရေးအသိုင်းအ၀ိုင်းနှင့် နီးစပ်သူ အနောက်နိုင်ငံသံတမန်တဦးက ပြောဆိုသည်။ အမေရိကန်အနေဖြင့်မူ ၄င်းအကဲဖြတ်ချက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဟု ဆို၏။ တရုတ်ဓါတ်ခွဲခန်းမှ ဗိုင်းရပ်စ်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရက...