Category: သတင်း

အိမ်မွေးခွေးနဲ့ကြောင်မှတ်ပုံတင် အလျင်အမြန်ထုတ်ပေးနိုင်ဖို့ မြို့တော်ဝန်ကြီး စီစဉ်နေ

အိမ်မွေးခွေးနှင့်ကြောင်မှတ်ပုံတင် အလျင်အမြန်ထုတ်ပေးနိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်သည်။ “လက်ရှိမှာ အိမ်မွေးခွေးကြောင်တွေ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာမှာ လွယ်ကူစွာလျှောက်ထားနိုင်ရေးနဲ့ စနစ်တကျ စိစစ်ခွင့်ပြုနိုင်ရေးတို့အတွက် အိမ်မွေးတိရစ္ဆာန်မွေးမြူခွင့် မှတ်ပုံတင်လျှောက်လွှာပုံစံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ Website (www. ycdc. gov.mm)မှာ Download ပြုလုပ် နိုင်ပါတယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရုံးတွေ၊ ပြည်သူ့ကျန်းမာရေး နဲ့ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနဲ့ဘသားသတ်ရုံများဌာနလက်အောက်ရှိ ကုသရေးနဲ့ကာကွယ်ရေးဌာနခွဲ (ခရိုင်ရုံး)တွေမှာလည်းမှာလည်း အချက်အလက်ပြည့်စုံစွာဖြည့်စွက်ပြီး ကုသရေးနဲ့ကာကွယ်ရေးဌာနခွဲ (ခရိုင်ရုံး)တွေမှာ ပြန်လည်လျှောက်ထားနိုင်ဖို့နဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီမှုမရှိကြောင်း စိစစ်တွေ့ရှိရင် သတ်မှတ်အခွန်အခပေးသွင်းစေပြီး အိမ်မွေးခွေး၊ကြောင်မှတ်ပုံတင်ကို အလျင်အမြန်ထုတ်ပေးနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု၎င်းကပြောသည်။ ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပုဒ်မ(၃၂၁)၊ ပုဒ်မခွဲ(ခ)အရမည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုရ။ ပုဒ်မ (၃၂၁)၊ ပုဒ်မခွဲ(ခ)ပါ တားမြစ်ချက်ကိုလိုက်နာရန် ပျက်ကွက်ကြောင်း...

ဈေးကွက်အတွင်း ရောက်ရှိနေသည့် ကြက်သားစိမ်းများကို သေချာစွာ ချက်ပြုတ်စားသင့်

ဈေးကွက်ထဲ ရောက်ရှိနေတဲ့ ကြက်သားစိမ်းတချို့မှာ ဆေးယဉ်ပါးနေသော ဆယ်မိုနဲလားဗက်တီးရီးယားပိုး (Saimonella) တွေ့ရှိနေတဲ့အပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ သေချာစွာ ချက်ပြုတ်စားသုံးသင့်‌ကြောင်း ဆေးသုတေသနဦးစီးဌာန ၊ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။ မကြာသေးခင် ရက်ပိုင်းက ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးသုတေသန ညီလာခံမှာ တင်သွင်းခဲ့သော စာတမ်းတစ်စောင်အားဖြင့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ် နှင့် သင်္ယန်းကျွန်းမြို့နယ် ဈေးများရှိ ကြက်သားစိမ်းအချို့မှာ ပဋိဇီဝဆေးယဉ်ပါးနေသည့် ဆယ်မိုနဲလားပိုး အများဆုံး တွေ့ရှိနေကြောင်း သိရသည်။ အခုတွေ့ရှိနေရသော ဆယ်မိုနဲလားဗိုင်းရပ်စ်ပိုးသည် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အဆိုပါ ဗက်တီးရီးယားပိုးပါဝင်သော ကြက်သားများကို ကျက်အောင်ချက်ပြုတ်ရင် ပိုးသေနိုင်ကြောင်း ၊ အသားစိမ်း ကိုင်ထားသောလက်ကိုလည်း သေချာစွာဆေးကြောသန့်စင်ရန် လိုအပ်သလို အသားစိမ်းများနှင့် ချက်ပြုတ်ပြီးသား အစားအစာများ အတူမထားသင့်ကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက...

ဖယ်ခုံမြို့တွင် ကြွက်များကိုနှိမ်နင်းရန် အစိုးရအဖွဲ့က မြွေများ လာလွှတ်ရာ ဒေသခံများကြောက်လန့်နေ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကယန်းဒေသရှိကျေးရွာ တောင်ယာခင်းများတွင် ကြွက်များပေါများသဖြင့် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးမှ လွှတ်ခိုင်းသဖြင့်ဟုဆိုကာ တောင်ယာခင်းများအတွင်းသို့ မြွေများ လာရောက်လွတ်ရာ ကျေးရွာသားများမှ ကြောက်လန့်၍ ကန့်ကွက်မောင်းထုတ်နေခြင်းဖြစ်သည်။ ” မြွေက ဘယ်လိုလည်း သူ့ရဲ့ဆိုးကျိုးဘယ်လိုလည်း ကောင်းကျိုးဘယ်လိုလည်း ဂဃနဏမသိတဲ့ခါကျတော့ ရွာသားတွေက စိုးရိမ်စိတ်က ရှိလာတာပေါ့နော်။ နောက်ပြီးတဆင့်က ကျွန်တော်တို့ဒေသခံ အဖွဲ့အစည်းနဲ့လည်း ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘူး။ ရွာသူရွာသားနဲ့လည်းလာပြီး ဆွေးနွေးတာရော တိုင်ပင်တာမရှိတဲ့ခါကျတော့ ဒီတိုင်းလာချတဲ့အခါကျတော့ ရွာသားက ကြောက်နဲ့စိတ်ရယ်။ ဘာဖြစ်လည်း ငါတို့ကို ကြံစည်တာလား ဘာဖြစ်မလည်း အခြေအနေမျိုး ဖြစ်လာတာပေါ့နော်” ဟု မောင်တိုးရွာဟောင်းနေ ရပ်မိရပ်ဖ ခွန်းသားငယ်က ပြောကြားသည်။ ကြွက်များသောင်းကျန်းသဖြင့် တောင်ယာများပျက်စီးခဲ့ရသည့် ရွာတစ်ရွာလျှင် မြွေအကောင် ၂၀၀ ခန့်အား လာလွှတ်နေပြီး မြွေများမှာ နိုင်ငံခြားမှ မှာယူပြီးလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ”မနေ့က ဝန်ကြီးနဲ့စကားပြောတယ်။ ငါကလုပ်ချင်လို့ လုပ်နေရတာမဟုတ်ပါဘူးတဲ့။ အထက်လူကြီးတွေက ငါ့ကိုခိုင်းလို့...

ဘီလျံနာဘဏ်သူဋ္ဌေးမဘဝမှ ဗုဒ္ဓဘာသာသီလရှင်တစ်ပါးဖြစ်လာသူ အကြောင်း(ဖြစ်ရပ်မှန်)

အယ်မာစလိတ်(Emma Slade) ဆိုတဲ့ ဗြိတိန်သူ ဟာ တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ ဘဏ်သူဌေးမတစ် ယောက်ပါ။ ဘယ်လောက်ချမ်းသာသလဲဆိုရင် အမေရိကန် ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာတာပါ။ ဒါပေမယ့် သူဘဝဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ရပါတယ်။ ၁၉၉၇ခုနှစ် တုန်းက သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်က သူတည်းတဲ့ ဟိုတယ်ခန်းထဲမှာ ဓါးပြတိုက်ခံရတာကစတာပါ။ အဲဒီသကောင့်သားက သူ့ဝမ်းဗိုက်ကိုသေနတ်ပြောင်းဝနဲ့ တေ့ထားတယ်။ အခြားလက်တစ်ဖက်က သူ့ပါးစပ်ပေါ်မှာ။ ပြီးတော့ သူ့ကို ကော်ဇော ပေါ် တွန်းချတယ်။ “ ဆရာလေးအနေနဲ့ တကယ့်ကို မသေချင်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ မကြာမီဆုံးရှုံးတော့မယ့် ဘဝနဲ့ပတ်သက်ပြီး အတွေးကြီးကြီး တစ်ခုဝင်လာတယ်” လို့ သူကပြောပါတယ်။ ဆလိတ်ဟာကံကောင်းထောက်မစွာနဲ့ သေဘေးက လက်မတင်ကလေး လွတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ ဘဝနဲ့ပတ်သက်လို့ပိုပြီးကြီးမားနက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် တွေကို အငမ်းမရရှာခဲ့တယ်။ ဓားပြတွေလက်က အသက်မသေပဲ လွတ်မြောက်ခဲ့တဲ့သူမရဲ့...

ပန်းအပြင်အဆင် ကျပ်သိန်း ၅၀၀၀ ခန့် ကုန်ကျခံပြင်ဆင်ခဲ့တဲ့ ပြင်ဦးလွင် ကန်တော်ကြီးထဲက ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးတေဇကိုတော့ ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။ ၁၉.၁.၂၀၂၀ တနင်္ဂနွေနေ့မှာတော့ ပြင်ဦးလွင်၊ ကန်တော်ကြီးဥယျာဉ်ထဲမှာ ခမ်းနားသိုက်မြိုက်တဲ့ မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကြီးကတော့ ဦးတေဇရဲ့သား ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကြီးဖြစ်ပါတယ်။ ယနေ့ လူမှုကွန်ယက်ပေါ်မှာတော့ သူတို့ မင်္ဂလာပွဲရဲ့ အပြင်အဆင်တွေက လူပြောများလောက်အောင် ရေပန်းစားနေတာဖြစ်ပါတယ်။ ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမင်္ဂလာပွဲကြီးကို ထိုင်းကပညာရှင်တွေလာရောက်ပြီး ပန်းအပြင်အဆင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပန်းပြင်ဆင်မှုအတွက် ကျပ်သိန်း ၅၀၀၀ ခန့် ကုန်ကျခံပြင်ဆင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားနေကြတာ တွေ့ရပါတယ်။ ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ဟာ ဒီဇင်ဘာလအတွင်းမှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့တာဖြစ်ပြီးတော့ ဇန်နဝါရီလအတွင်းမှာပဲ မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကိုတော့ မြန်မာနိုင်ငံရဲ့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ ပြင်ဦးလွင်က ကန်တော်ကြီးပန်းဥယျာဉ်ထဲမှာ မနေ့က ကျင်းပပြုလုပ်ခဲ့တာပါ။ ခမ်းနားလွန်းလှတဲ့ ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပန်းအလှဆင်ပုံရိပ်တွေဟာ လူငယ်တွေကြားမှာ အားကျစရာကောင်းလောက်အောင် ရေပန်းစားနေတာ တွေ့ရပါတယ်။ ထိမ်းမြားလက်ထပ်မင်္ဂလာဆောင်ခြင်းဟာ...

ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင် မျိုးဆက်သစ် ဘတ်စ်ကား ချောက်ထဲထိုးကျ (၄)ဦးသေဆုံး

ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင် မျိုးဆက်သစ် ဘတ်စ်ကား ချောက်ထဲထိုးကျ (၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ… ဇန်န၀ါရီ ၂၀ – ရန်ကုန်မြို့မှ ကျောက်ဖြူသို့ မောင်းနှင်လာသည့် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ယနေ့နံနက်က ရမ်းဗြဲမြို့နယ် ကုလားပုန်း မြိုချိန် ကျေးရွာအနီး ချောက်ထဲကို ထိုးကျသွားသဖြင့် အနည်းဆုံး ခရီးသည် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ ကုလားပုန်းမြိုချိန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ” အခု အလောင်း သုံးလောင်းကို ဆွဲတင်ထားပြီ။ ယောင်္ကျားလေး ၂ ယောက်နဲ့ ယောက်ျားကြီးတစ်ယောက်ပါ။ ယောက်ျားက ကားစပယ်ယာလို့ သိရပါတယ်။ ကလေးနှစ်ယောက်ကတော့ ဘယ်သူတွေလည်းဆိုတာ မသိရသေးဘူး။ ကားအောက်မှာလည်း မိန်းမကြီး တစ်ယောက် ပိပြီး သေနေတယ်လို့ ပြောတယ်။ ဘယ်နှစ်ယောက်သေတယ်ဆိုတာကို ကားကိုဆွဲတင်ပြီးမှ သိရမှာပါ” ဟု ပြောကြားသည်။ ခရီးသည်တင်ကားမှာ မျိုးဆက်သစ်...

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည် ဘာသာပြန်မှုတွင် ဆိုးရွားသည့် အလွဲအမှား ဖြစ်ပေါ်မှု Facebook တောင်းပန်

Facebook တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် “မစင်တွင်း” ဟု အဓိပ္ပါယ်ထွက်စေသည့် အင်္ဂလိပ်စကားလုံးဖြင့် လွဲမှားသည့် ဘာသာပြန်ဆိုချက် ထွက်ပေါ်ခဲ့ခြင်းအပေါ် Facebook ကုမ္ပဏီဘက်က ထုတ်ဖော်တောင်းပန်သွားခဲ့သည်ဟု သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ facebook စာမျက်နှာပေါ်တွင် တရုတ်သမ္မတ ရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဦးအကြား တွေ့ဆုံမှုအကြောင်း တင်ထားသည့် ပို့စ်တစ်ခုကို ဘာသာပြန်ဆိုရာတွင် ယင်းအမှားအယွင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။   မြန်မာဘာသာဖြင့် မူလ ရေးသားထားသော ရေးသားချက်ကို Facebook ပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုရာတွင် မစ္စတာ ရှီ ၏ အမည်ကို “မစ္စတာ မစင်တွင်း” ဟု သီးခြား ခြောက်ကြိမ်အထိ ထွက်ပေါ်ထားခဲ့သည်။ “တရုတ်သမ္မတ မစ္စတာ မစင်တွင်း ညနေ ၄ နာရီမှာ...

ထိုင်းမှာ ပထမဆုံး ဆေးခြောက်သုံး ကုသသည့်ဆေးခန်း ဖွင့်လှစ်ခဲ့ပြီးနောက် လာရောက်ပြသသည့် လူနာများဖြင့် ကြိတ်ကြိတ်တိုး

ထိုင်းနိုင်ငံမှာ ဆေးခြောက်သုံး ကုသတဲ့ ပထမဆုံး ဆေးခန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပြီး ဖွင့်လှစ်ပြီး ၁၀ ရက်အကြာမှာပဲ လာရောက်ပြသတဲ့ လူနာတွေနဲ့ ကြိတ်ကြိတ်တိုး နေခဲ့ပြီလို့  ဆိုပါတယ်။ လူနာ ၄၀၀၀ ကျော်ကို ဆရာဝန်တွေ စမ်းသပ်ကုသပေးခဲ့ရပြီးဖြစ်ကာ ဆေးခန်းမှာ ပြသဖို့  နောက်ထပ် လူနာ ၁၂၀၀၀ စာရင်းပေးထားတာကြောင့် လာမယ့် မတ်လအထိ စာရင်းပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရိုးရာဆေးနည်းနဲ့ ဆေးခြောက်အခြေပြုဆေးဝါးတွေသုံးကာ အချိန်ပြည့် ကုသမှုပေးသွားမယ့် ဆေးခန်းကို ဘန်ကောက်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခြောက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ လုံလုံလောက်လောက်မရှိသေးတာကြောင့် ဒီဆေးခန်းဟာ ရှေ့ပြေးအစီအမံ ဆေးခန်းတစ်ခုဖြစ်တယ်လို့  ဆိုပါတယ်။ ယင်းဆေးခန်းကို ကျန်းမာရေးဝန်ကြီးရဲ့ စီမံကြီးကြပ်မှုနဲ့ ဖွင့်လှစ် ကုသပေးနေခဲ့ခြင်းဖြစ်ကာ ဆေးခြောက် အခြေပြု...

ရတနာပုံဈေးမီးလောင်မှုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ အညတရသူရဲကောင်း မီးသတ်ရဲဘော်လေး

မနေ့က ရတနာပုံဈေးမီးလောင်မှုဟာ မန္တလေးမြို့ရဲ့ မီးအကြီးအကျယ်လောင်မှု ဖြစ်စဉ်တွေထဲမှာ အကြီးဆုံး မီးလောင်မှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မီးလောင်မှု အဆင့် (၅) ဖြစ်ပြီး မီးသတ်ကား အစီး ရာကျော်နဲ့ မီးသတ်သမား အင်အား ၅၀၀ ကျော် အသုံးပြုခဲ့ပြီး အခြား တပ်မတော်သား၊ ရဲတပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ အပါအဝင် စေတနာ့ဝန်ထမ်း အများအပြား ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ကြီးမားတဲ့ မီးလောင်မှုဖြစ်တဲ့အပြင် အဆောက်အဦးတွင်းမှာ လောင်မြှိက်နေတာ ဖြစ်တဲ့အတွက် မီးသတ်သမားများဟာ စစ်ဆင်ရေးအသွင်နဲ့ တခန်းပြီး တခန်း လိုက်လံ ငြိမ်းသတ်ခဲ့ရပါတယ်။ အန္တရာယ်ကြားမှာ အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား မီးငြိမ်းသတ်ခဲ့တဲ့ မီးသတ်ရဲဘော်အချို့လည်း ဒဏ်ရာအနာတရ ရရှိခဲ့ကြပါတယ်။ တချို့ရဲဘော်တွေက မူးဝေ၊ အသက်ရှုမဝရုံသာ ဒဏ်ရာ ရခဲ့ပေမယ့် အခုဖော်ပြမယ့် ရဲဘော်လေးကတော့ အမြင့်ကနေ ပြုတ်ကျပြီး ပေါင်ရိုးကျိုး၊...

တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ထောက်ခံမှုရရေး သမ္မတ နှစ်ဦး ဆွေးနွေး

မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်မယ့်၊ ဆောင်ရွက်ဆဲ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဒေသခံပြည်သူတွေရဲ့ထောက်ခံမှုရဖို့ မြန်မာသမ္မတနဲ့တရုတ်သမ္မတတို့ ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာလာရောက်တဲ့ချစ်ကြည်ရေးခရီးစဉ်ရဲ့ပထမနေ့မှာ သမ္မတ ဦးဝင်းမြင့်နဲ့အခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။ တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနဲ့ မြန်မာ့ထွက်ကုန်တွေ ပိုမိုလက်ခံဝယ်ယူဖို့၊ ပိုးလမ်းမစီမံကိန်း (BRI) နဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတို့မှာ နှစ်ဖက်အကျိုးရှိပြီး ကောင်မွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွဲ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းများ အကောင်အထည်ဖော်ရာမှာ လူမှုရေးနဲ့သဘာဝပတ်ဝန်းကျင်တို့အပေါ် ဒေသခံပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှု ရရှိရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ အပြန်အလှန် လေးစားမှု၊ နားလည်မှုနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်...