Category: သတင်း

မိုးညှင်းထောင်တွင် အကျဉ်းသားတဦး အတက်ရောဂါကြောင့်သတိလစ်၊ ဆေးရုံပို့စဉ် လမ်းခုလပ်၌ သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းအကျဉ်းထောင်ကနေ အကျဉ်းသားတဦးကို မိုးညှင်းပြည်သူ့ဆေးရုံ ပို့ဆောင်စဉ် လမ်းခုလပ်မှာ သေဆုံးတယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ သေဆုံးသူမှာ အကျဉ်းသား အောင်ထွန်းဖြစ်ပြီး မိုးညှင်းအကျဉ်းထောင်မှာ ပြစ်ဒဏ် ကျခံနေစဉ် အတက်ရောဂါကြောင့် ရုတ်တရက် သတိလစ်သွားလို့ မေ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ချိန် မိုးညှင်းအကျဉ်းထောင်ကနေ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် ညောင်ကိုင်းကျေးရွာအရောက် ၃ နာရီ မိနစ် ၂၀ မိနစ်မှာ အဲဒီရောဂါနဲ့ သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ အကျဉ်းသားသေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ် စစ်ဆေးနိုင်ဖို့ မိုးညှင်းမြို့မစခန်းမှူး ဒုရဲမှူး ဝင်းအောင်ကျော်က တရားလိုပြုလုပ် တိုင်ကြားပြီး သေမှုသေခင်းအမှတ်စဉ် ၈/၂၀၂၀ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သွေးရည်ကြည်ကုထုံးအတွက် သွေးပြန်လှူသွားမယ့် နီတာ

“ဆေးရုံမှာကလည်း သွေးရည်ကြည်ကုထုံးတွေနဲ့ ကုသဖို့ စစမ်းနေပြီဆိုတော့ အကိုလည်း အကို့ရဲ့ သွေးကို လှူချင်နေတာ။ အကိုက Positive ကနေ Negative နှစ်ကြိမ်ထွက်ပြီး ပြန်ကောင်းလာတဲ့လူနာဖြစ်တာကြောင့် အကိုရဲ့သွေးနဲ့ ပြန်ကုပြီးတော့ သူများတွေ ကောင်းမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အဲ့ဒါကြောင့်လှူဖို့ ဆုံးဖြတ်ထားတယ်” လို့ နီတာက ပြောပါတယ်။ Covid -19 Positive ကနေ Negative နှစ်ကြိမ်ပြကာ ဆေးရုံက ဆင်းခွင့်ရခဲ့တဲ့ အဆိုတော် နီတာဟာ သူ့ရဲ့ သွေးကို သွေးရည်ကြည် ကုထုံးမှာ အသုံးပြုဖို့အတွက် ပြန်လှူဒါန်းသွားမယ်လို့ ဆိုလိုပါတယ်။ အခလို ပြန်လည်လှူဒါန်းခွင့်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိတယ်လို့ သူက Duwun ကိုပြောပါတယ်။ “ဆေးရုံမှာကလည်း သွေးရည်ကြည်ကုထုံးတွေနဲ့ ကုသဖို့ စစမ်းနေပြီဆိုတော့ အကိုလည်း အကို့ရဲ့ သွေးကို လှူချင်နေတာ။ အကိုက Positive ကနေ Negative...

ဒေးဗစ်လား အိမ်ပြန်လာဖို့ကို တောင်ဥက္ကလာပပြည်သူများ လက်မခံ

ဟိုတယ်မှာပဲ Quarantine ဆက်ဝင်နေပါတယ်။COVID 19 ရောဂါကူးစက်ခံခဲ့ရတဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားဟာ ဆေးရုံကဆင်းခွင့်ရရှိသွားပြီးနောက် ဟိုတယ်တစ်ခုမှာ Quarantine ဆက်ဝင်နေရတယ်လို့ သိရပါတယ်။နှစ်ချုပ်နဲ့ ငှားရမ်းထားတဲ့ နေအိမ်မှာ Quarantine ဆက်ဝင်ဖို့ စီစဉ်ခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူလူထုက လက်မခံတာကြောင့် ဟိုတယ်တစ်ခုမှာ Quarantine ဝင်နေရတာဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ “ ဒေးဗစ်လားနဲ့ ပတ်သက်ပြီးတော့ တောင်ဥက္ကလာပမြို့နယ်ထဲက ဆက်စပ်တဲ့သူတွေအပါအဝင် ဇီဇဝါအိမ်ယာပါ lock down လုပ်ခဲ့ရတာတွေရှိခဲ့တော့ ရပ်ကွက်နေပြည်သူလူထုကလည်း ဒေးဗစ်လားနဲ့ပတ်သက်ပြီး တော်တော်ကြောက်သွားကြတာလည်းပါသလို၊ စိုးရိမ်မှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ အခုဒေးဗစ်လားက ဆေးရုံကဆင်းခွင့်ရပြီး တောင်ဥက္ကလာထဲကသူနှစ်ချုပ်နဲ့ ဌားထားတဲ့ နေအိမ်မှာပဲ (၂၁) ရက် Quarantine ဝင်ပြီး ဆက်နေမယ်ဆိုတော့ ပြည်သူလူထုကလည်း သူတို့လက်မခံနိုင်တဲ့အကြောင်း ကျွန်တော်တို့ကိုတင်ပြတော့ ကျွန်တော်တို့ကလည်း အများဆန္ဒအတိုင်းလိုက်လုပ်ပေးတာပါ” လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့် က Duwun...

ရန်ကုန်မှခရီးသည်များ မန္တလေးဘူတာကြီးအနီး ခုန်ချမှုများ ရှိနေ၍ လုံခြုံရေးချထား

ကန့်သတ် စောင့်ကြည့် (Quarantine) ခံရမည်စိုး၍ ရန် ကုန်မှ မန္တလေးသို့လာသည့် ခရီး သည်အချို့ မန္တလေးဘူတာကြီး မရောက်ခင်တွင် ရထားပေါ်မှ ခုန်ဆင်းနေသဖြင့် စောင့်ကြည့်နေ ရကြောင်း လုံခြုံရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးကဆိုသည်။ရန်ကုန်-မန္တလေးရထားမှာ ဘူတာကြီးသို့ ဝင်ရန် အရှိန်လျှော့ လိုက်ချိန်တွင် ခရီးသည်များက ခုန်ချနေကြခြင်းဖြစ်ပြီး ဧပြီ ၂၆ က အယောက် ၂၀ ကျော် ခုန်ချ သည်ကို တွေ့မြင်ရကြောင်း၊ယင်း သို့ခရီးသည်များ ခုန်ချနေခြင်းကို မန္တလေးဘူတာကြီးအနီးရှိ ကဉ္စန မဟီရပ်ကွက်တွင် နေထိုင်သူများ က တိုင်တန်းလာခြင်းဖြစ်ကြောင်း ကဉ္စနမဟီရပ်ကွက် အုပ်ချုပ်ရေး မှူးဦးအောင်မြင့်ဦးကဆိုသည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်က စတင်ကာ လုံခြုံရေးအဖွဲ့များက စောင့်ကြည့်နေရခြင်းဖြစ်ပြီး ယင်း သို့ စောင့်ကြည့်ဖမ်းဆီးနေမှု ကြောင့် ခုန်ချသူမရှိသလောက် ဖြစ်နေပြီဖြစ်ကြောင်း ၎င်းကဆို သည်။ဘူတာသို့ရထားမဆိုက်မီ ၃၄ လမ်းနှင့် ၃၅...

အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို လစာအပြည့်မပေးပဲ သဘောမတူလျှင် မောင်းထုတ်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၁)ရှိ ပျော်ရွှင်လင်းလက် အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို ဧပြီလလုပ်ခလစာ အပြည့်အဝမပေးဘဲ လစာလျှော့ပေးခြင်းကို သဘောမတူပါက စက်ရုံအတွင်း ပေးမဝင်ဘဲ စက်ရုံ အပြင်သို့ မောင်းထုတ်မှုဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ‘မေ ၅ ရက်က စဖြစ်တာပါ။ အလုပ်သမားတွေအတွက် ရက် ၂၀ စာ ရှင်းပေးပြီးတော့ အလုပ်သမားတွေက လက်မခံကြဘူး။ ၄ လပိုင်း ဧပြီလစာကို လျှော့ပြီးပေးတယ်။ အလုပ်သမားတွေအတွက် နေ့စဉ် ကြေးတို့၊ ကျွမ်းကျင်ကြေးတို့ တခြားဟာ တွေအကုန်မပေးတော့ အလုပ်သမားတွေက နစ်နာနေရတယ်။ ဒီနေ့သူတို့တွေက စက်ရုံကိုသွားတော့ လုပ်ငန်းရှင်က စက်ရုံတံခါးကို ပိတ်ထားတယ်။ သူတို့ပေးတဲ့ လစာကိုယူမှ စက်ရုံထဲ ဝင်ခွင့်ရှိမယ်။ လက်မခံတဲ့သူကို လုံးဝ ဝင်ခွင့်မပေးဘူး။ ဒီစက်ရုံကိုလည်း ပိတ်မယ်ပြောတယ်။ လက်မခံတဲ့သူတွေကတော့ မဝင်ဘဲ အပြင်မှာပဲ နေနေရတာပါ’ ဟု ရောင်ခြည်ဦး...

အင်းစိန်မှ Positive လူနာ (၁၂) ဦးလုံးမှာ တစ်အိမ်ထဲနေ မိသားစုတွေဖြစ်

ဧပြီလ ၇ ရက်နေ့ည ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည (၈:၀၀) သတင်းထုတ်ပြန်ချက်အရ အင်းစိန်တစ်မြို့တည်းမှ Positive လူနာ စုစုပေါင်း (၁၂) ဦး တိုးခဲ့ပါတယ်။ ကျန် (၂) ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့မှာ နေထိုင်သူများဖြစ်ကြပါတယ်။ ထပ်တိုးလူနာ (၁၂) ဦးမှာ အင်းစိန်မြို့နယ် ခဝဲခြံ ၂ လမ်းတွင် နေထိုင်ကြသူများဖြစ်ပြီး တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်ကြကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ခဝဲခြံ ၂ လမ်း မှ case 152, 153, 154 တို့၏ contact person ၁၄ ဦးကို Quarantine Center သို့ပို့ဆောင်စစ်ဆေးရာမှ ယနေ့ည case-165 မှ case-176 အထိ...

“အားလုံးထင်သလို မဟုတ်ပါဘူး။ စေတနာကောင်းရင် ကံကောင်းတယ်” ဟု မင်းရာဇာပြော

အသက် မပြည့်သေးတဲ့ အိမ်အကူအမျိုးသမီးငယ် အပေါ် အက်ဆစ်နဲ့ပက်တာ၊ ဓားနဲ့ထိုးတာ၊ တူနဲ့ရိုက်တာ စတဲ့ ညှဉ်းပန်း နှိပ်စက်မှု တွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၄ ဦး ကို မေ ၇ ရက်နေ့ (ဒီနေ့မှာ) မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ သရုပ်ဆောင် မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ အငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံးက ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦး နဲ့အာမခံပေးခဲ့ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်ကို မေ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ သရုပ်ဆောင် မင်းရာဇာဟာ အသက်မပြည့်သေးတဲ့ အဲဒီ အိမ်အကူကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု လုပ်ခဲ့တယ်...

Mask တပ်ဆင်သည့် အလေ့အထကို အားပေးရန်အတွက် Mask ပြိုင်ပွဲတစ်ခုလုပ်ရန် စဉ်းစားနေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

Mask တပ်ဆင်သည့် အလေ့အထကို အားပေးရန်အတွက် Mask ပြိုင်ပွဲတစ်ခုလုပ်ရန် စဉ်းစားနေကြောင်း မေ ၆ ရက် ညနေပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook ၌ ရေးသားထားသည်။ အဆိုပါဖော်ပြချက်တွင် အိမ်ထဲ၌ ရက်ရှည်နေရခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ နေမကောင်းသဖြင့်၊ ပင်ပန်းပြီး နားချင်သဖြင့်၊ အကျယ်ချုပ်ကျနေသဖြင့်၊ ဘုရား၊ တရားအလုပ်များ အချိန်ပြည့် လုပ်နေသဖြင့် ဖြစ်နိုင်ကြောင်း၊ နောက်ဆုံးအကြောင်းမှာ အကောင်းဆုံးဖြစ်ကြောင်း၊ ၎င်း၏ မိတ်ဆွေတစ်ယောက်က တစ်နေ့ တစ်နေ့ ဘုရား၊ တရား အလုပ်များဖြင့် အချိန် ခုနစ်နာရီ လောက်ကုန်ပြီး အေးချမ်းကျေနပ်စွာ ညအိပ်ရာဝင်နိုင်သည်ဆိုတာ ကြားရသဖြင့် မုဒိတာပွား အားရကြောင်း ရေးသားထားသည်။ ထို့ပြင် COVID မပြန့်ပွားစေရန် အိမ်ထဲတွင် နေရပုံက အခြားအကြောင်းများကြောင့် နေရပုံနှင့် တူခြင်းများလည်း ရှိလိမ့်မည် ဖြစ်ကြောင်း၊...

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖမ်းမိသူ ၆ ဦးအား ယခုလအတွင်း အမိန့်ချမည်

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး ရက္ခိုင်စစ်တပ် (အေအေ) နှင့် ဆက်နွယ်နေသူ ဆိုသည့် ၆ ဦး အမှုကို ယခုလ ၁၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း စွပ်စွဲခံ ထားရသူ တဦးဖက်မှ လိုက်ပါဆောင်ရွက် ပေးနေသော တရားလွှတ်တော် ရှေ့နေ ဦးမျိုးမင်းဇော်က ဧရာဝတီကို ပြောသည်။ ရှေ့နေ ဦးမျိုးမင်းဇော်က “သူတို့ကိုစွဲချက်အမိန့်ချဖို့အတွက် တာဝန်ရှိတဲ့တရားသူကြီးက အပြောင်း အရွေ့ဖြစ်တယ်။ အဲဒါကြောင့် အသစ်ရောက်မဲ့တရားသူကြီးကို မလာသေးတဲ့အတွက် ဒီနေ့ရုံးချိန်းကို ရက်ရွေ့လိုက်တာဖြစ်ပါတယ်” ဟု မေလ ၅ ရက်နေ့က ရုံးချိန်းရွေ့လိုက်ရသည့် အပေါ် ရှင်းပြသည်။ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော အဆိုပါ ၆ ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် မန္တလေးအိုးဘိုအကျဉ်းထောင်၌...

လေဖိအားနည်းရပ်ဝန်းအားပျော့သွားပြီဟု မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အားပျော့သွားပြီလို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန်က ထုတ်ပြန်ပါတယ်။ မနက်ဖြန် မနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာစိပ်စိပ်၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ (၅)ပေမှ (၈)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ ဒီဗွီဘီ