Category: သတင်း

Mask တပ်ဆင်သည့် အလေ့အထကို အားပေးရန်အတွက် Mask ပြိုင်ပွဲတစ်ခုလုပ်ရန် စဉ်းစားနေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

Mask တပ်ဆင်သည့် အလေ့အထကို အားပေးရန်အတွက် Mask ပြိုင်ပွဲတစ်ခုလုပ်ရန် စဉ်းစားနေကြောင်း မေ ၆ ရက် ညနေပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ Facebook ၌ ရေးသားထားသည်။ အဆိုပါဖော်ပြချက်တွင် အိမ်ထဲ၌ ရက်ရှည်နေရခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း၊ နေမကောင်းသဖြင့်၊ ပင်ပန်းပြီး နားချင်သဖြင့်၊ အကျယ်ချုပ်ကျနေသဖြင့်၊ ဘုရား၊ တရားအလုပ်များ အချိန်ပြည့် လုပ်နေသဖြင့် ဖြစ်နိုင်ကြောင်း၊ နောက်ဆုံးအကြောင်းမှာ အကောင်းဆုံးဖြစ်ကြောင်း၊ ၎င်း၏ မိတ်ဆွေတစ်ယောက်က တစ်နေ့ တစ်နေ့ ဘုရား၊ တရား အလုပ်များဖြင့် အချိန် ခုနစ်နာရီ လောက်ကုန်ပြီး အေးချမ်းကျေနပ်စွာ ညအိပ်ရာဝင်နိုင်သည်ဆိုတာ ကြားရသဖြင့် မုဒိတာပွား အားရကြောင်း ရေးသားထားသည်။ ထို့ပြင် COVID မပြန့်ပွားစေရန် အိမ်ထဲတွင် နေရပုံက အခြားအကြောင်းများကြောင့် နေရပုံနှင့် တူခြင်းများလည်း ရှိလိမ့်မည် ဖြစ်ကြောင်း၊...

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖမ်းမိသူ ၆ ဦးအား ယခုလအတွင်း အမိန့်ချမည်

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး ရက္ခိုင်စစ်တပ် (အေအေ) နှင့် ဆက်နွယ်နေသူ ဆိုသည့် ၆ ဦး အမှုကို ယခုလ ၁၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း စွပ်စွဲခံ ထားရသူ တဦးဖက်မှ လိုက်ပါဆောင်ရွက် ပေးနေသော တရားလွှတ်တော် ရှေ့နေ ဦးမျိုးမင်းဇော်က ဧရာဝတီကို ပြောသည်။ ရှေ့နေ ဦးမျိုးမင်းဇော်က “သူတို့ကိုစွဲချက်အမိန့်ချဖို့အတွက် တာဝန်ရှိတဲ့တရားသူကြီးက အပြောင်း အရွေ့ဖြစ်တယ်။ အဲဒါကြောင့် အသစ်ရောက်မဲ့တရားသူကြီးကို မလာသေးတဲ့အတွက် ဒီနေ့ရုံးချိန်းကို ရက်ရွေ့လိုက်တာဖြစ်ပါတယ်” ဟု မေလ ၅ ရက်နေ့က ရုံးချိန်းရွေ့လိုက်ရသည့် အပေါ် ရှင်းပြသည်။ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော အဆိုပါ ၆ ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် မန္တလေးအိုးဘိုအကျဉ်းထောင်၌...

လေဖိအားနည်းရပ်ဝန်းအားပျော့သွားပြီဟု မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အားပျော့သွားပြီလို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန်က ထုတ်ပြန်ပါတယ်။ မနက်ဖြန် မနက်အထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာစိပ်စိပ်၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ (၅)ပေမှ (၈)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ ဒီဗွီဘီ

ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေကျပ် ၂၄ ဘီလီယံကျော်ကို စီမံကိန်းများတွင်သုံးစွဲရန် မကွေးတိုင်းလွှတ်တော် အတည်ပြု

ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ငွေ ကျပ် ၂၄ ဘီလီယံကျော်ကို အုပ်ချုပ်ရေးနဲ့၊ စိုက်ပျိုးရေး စီမံကိန်းတွေမှာ အသုံးပြုဖို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။  အုပ်ချုပ်ရေးအခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှာ ခေတ်မီနည်းပညာနဲ့ ပစ္စည်းတွေ သုံးစွဲတဲ့လုပ်ငန်းအတွက် ငွေကျပ်သန်း ၅၃၀၀ ကျော် အသုံးပြုကာ ရေပေးမြောင်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်း (တူးမြောင်း မြေကြီးလုပ်ငန်း၊ ကွန်ကရစ်လိုင်နင်စီခြင်း၊ ရေပေး အဆောက်အဦများ ပြုပြင်တည်ဆောက်ခြင်း)အတွက် ကျပ်သန်း ၁၃၀၀၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး မျိုးသန့်ခြံ တည်ဆောက်ခြင်း၊ နှမ်းဧက ၅၀၀၀ ကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေအတွက် ငွေကျပ်သန်း ပေါင်း ၄၂၀၀ ကျော်၊ စီမံ အုပ်ချုပ်ရေး၊ သတင်း အချက်အလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေကို (ICT...

မကွေးတိုင်းပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၅ ဦးကို Facility Quarantine ထားရှိ

စောင့်ကြည့်လူနာနဲ့ ထိတွေ့ခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံက ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးကို Facility Quarantine ပြုလုပ်ပေးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးထံကနေ သိရပါတယ်။စောင့်ကြည့်လူနာဖြစ်တဲ့ ဆေးရုံက သူနာပြုဆရာမတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ခွဲစိတ်ခန်းမှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၃ ရက်မှ ၅ ရက်နေ့အထိ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက “ဆေးရုံက သူနာပြုဆရာမတစ်ဦး မီးယပ်ရောဂါဖြစ်ပြီး ကိုယ်ပူချိန်မြင့်တက်တဲ့အတွက် စောင်ကြည့်လူနာ အဖြစ်သတ်မှတ်ကာ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ရယူကာ ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။ လူနာနဲ့ ထိစပ်ခဲ့တဲ ဆေးရုံဝန်ထမ်း ၁၅ ဦးကို ချမ်းမြေ့သာယာ အိမ်ရာမှာ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။ လူနာရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေက COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့မေလ ၄ ရက်နေမှာ အဖြေထွက်တဲ့အတွက် Quarantine ပြုလုပ်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကို မေလ...

COVID-19 လူနာအမှတ် ၁၆၁ နေထိုင်ခဲ့သည့် ကျောက်တန်းမြို့နယ်ရှိ ရွာကို Lockdown ချ

COVID-19 လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်မှာနေထိုင်သူဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေလ ၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် သူပေးထားတဲ့ အင်းစိန်မြို့နယ် နေရပ်လိပ်စာကို သက်ဆိုင်ရာက သွားရောက်ရှာဖွေရာမှာ မတွေ့ရဘဲ သူနေထိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ဖြစ်ကြောင်း သိရပါတယ်။ အသက် ၆၂ နှစ်အရွယ်အမျိုးသား ၁ ဦးဖြစ်တဲ့ လူနာအမှတ် ၁၆၁ ဟာ ဒလမြို့နယ်က ကျူးကျော်ရပ်ကွက်မှာ နေထိုင်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့တာကြောင့်လည်း အဲဒီရပ်ကွက်နဲ့အနီးနားက ရပ်ကွက်တွေအတွင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် မတွေ့ရကြောင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဒီဗွီဘီကို ပြောပါတယ်။ သူနေခဲ့တဲ့ရာဇသင်္ကြန်ရပ်ကွက် ကျော်ထင်အနော်ရထာလမ်း နေအိမ်ကို သွားရှာပေမဲ့ သူဟာ ဒလနဲ့ အဆက်အစပ်မရှိတာ ၂ နှစ်လောက်ရှိပြီဖြစ်ကြောင်းကို စုံစမ်းသိရှိရတယ်လို့ ဒလမြို့ကျန်းမာရေးဌာနကပြောပါတယ်။သူနဲ့ ပတ်သက်ပြီး လက်ရှိဆေးကုသမှုခံယူနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီး တာဝန်ရှိသူကို...

COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်ကိုသတ်နိုင်သော ပဋိပစ္စည်းထုတ်နိုင်ပြီဟု အစ္စရေးထုတ်ပြန်

COVID-19 ကိုဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သစ်ကို သတ်နိုင်သော ပဋိပစ္စည်းကို အစ္စရေးဇီဝသုတေသနအင်စတီကျု(IIBR) က ခွဲထုတ်ဖန်တီးနိုင်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး နက်ဖ်တာလီ ဘန်းနက်က မေ ၄ ရက်တွင် ပြောဆိုခဲ့သည်။ ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခု( မိုနိုကလိုနယ်)မှ ထုတ်ယူထားသည့် ပဋိပစ္စည်းဖြစ်ပြီး ဗိုင်းရပ်စ်သယ်ဆောင်ထားသူ၏ခန္ဓာကိုယ်ရှိ ကိုရိုနာဗိုင်းရပ်စ်များကို သတ်နိုင်စွမ်းရှိနေကြောင်း နက်ဖ်တာလီ ဘန်းနက်က ပြောဆိုခဲ့သည်။ ပဋိပစ္စည်းထုတ်လုပ်မှုနည်းလမ်းကို မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး အမြောက်အများထုတ်လုပ်နိုင်မည့် နိုင်ငံတကာဆေးကုမ္ပဏီတစ်ခုကို ရှာဖွေနေကြောင်း IIBR ၏အကြီးအကဲ ရှမြူယယ် ရှာပီရာက ပြောဆိုခဲ့သည်။ IIBR သည် COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏သွေးရည်ကြည်ကိုစစ်ဆေးခြင်းအပါအဝင် COVID-19 ကုသရေး၊ ကာကွယ်ရေးတွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုကျော်လွှားနိုင်ခဲ့သည့် ခုခံအားစနစ်ပရိုတင်းများမှ ပဋိပစ္စည်းသည် COVID-19 ကုသရေးတွင် အရေးပါသောကဏ္ဍမှပါဝင်နေသည်။ IIBR ကခွဲထုတ်နိုင်သည့် ပဋိပစ္စည်းသည် ပြန်လည်ကျန်းမာလာသည့် ကလာပ်စည်းတစ်ခုမှထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ကုသရေးတွင် ပိုမိုစွမ်းအားရှိသည်။...

ရန်ကုန်မှာ အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေ ဖမ်းခံရ

အလုပ်သမားအခွင့်အရေး တောင်းဆိုရာက အလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံနေရတဲ့အကြောင်းကို မ ဆုမွန်ပြောပြမှာပါ။COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာ လုပ်ခလစာပြည့် ခံစားခွင့်ရရှိရေး ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် စက်ရုံအလုပ်သမားတွေ၊ အလုပ်သမားရေးလှုပ်ရှားသူတွေကို အာဏာပိုင်တွေ ဆက်လက် ဖမ်းဆီးနေတာပါ။ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား အစောပိုင်းမှာ ဆွေးနွေးညှိနှိုင်းထားတဲ့ Rainwear House မြန်မာမိုးကာစက်ရုံက အလုပ်သမားတွေနဲ့ ဘရိုက်ဘတ် ကျောပိုးအိတ်စက်ရုံက အလုပ်သမားတချို့ဟာလည်း အင်္ဂါနေ့မှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က စက်ရုံရှေ့ ဆန္ဒပြခဲ့ကြတဲ့ Blue Diamond စက်ရုံက အလုပ်သမားခေါင်းဆောင် ၂ ဦးနဲ့ အလုပ်သမားတွေအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေကိုလည်း တနင်္လာနေ့ကပဲ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ လ အပြစ်ပေးခဲ့တာပါ။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့...

ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လှူဖွယ်ပစ္စည်းတွေကို အိမ်ဘုရားမှာလှူဖြစ်တဲ့အကြောင်းပြောပြလာတဲ့ စမိုင်းလ်

လစဉ်လတိုင်းမှာ နေ့တိုင်းနီးပါးလောက် အလှူပြုလုပ်လေ့ရှိတာကြောင့်လည်း ပရိသတ်တွေရဲ့ လေးစားအားကျခြင်းကို ခံနေရတဲ့ စမိုင်းလ်ကတော့ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လှူဖွယ်ပစ္စည်းတွေကို အိမ်ဘုရားမှာလှူဖြစ်တဲ့အကြောင်းကို ” ဘေးဘရာတွေကြော်ဖို့ ဘရာကြော်လေးကိုယ်တိုင်လုပ်ပြီးမနက်ဖြန်ဘုရားကပ်မယ် ရွှေရင်အေးအောင် ရွှေရင်အေးကပ်မယ် အသီး ၁၀မျိုး မာလကာသီး ( မာမာချာချာဖြစ်အောင်) ထောပတ်သီး ( ထပ်ပြီးထော ) ကျွဲကောသီး ( ကံကော်သီး ကွကိုယ်ထွင်တာ ) ငှက်ပျော်သီး ( ငွေပျော်သီး ) ဇီးသီး ( သမီးတွေနေ့နံ့ ) စိန်တစ်လုံး သရက်သီး ( သရက်သီးလောက်စိန်ဝတ်နိုင်အောင် ) မင်းဂွတ်သီး ( မင်းဂွတ်သလိုငါလည်းဂွတ်အောင် ကွကိုယ်ထွင်တာ ) သစ်တော်သီး ( အသစ်အတော်တွေထွင်နိုင်အောင် ကွကိုယ်ထွင်တာ ) ဩဇာသီး ( ဩဇာရှိအောင် ) နဂါးမောက်သီး ( နဂါးလိုအမောက်ထောင်နိုင်အောင် )...

ဦးစောဒေးဗစ်လားရဲ့ ကျန်းမာရေးအခြေအနေတည်ငြိမ်လာပါက အမှုကိစ္စဆက်လက်ဆောင်ရွက်မည်

ခရစ်ယာန်တရားဟော ဆရာ စောဒေးဗစ်လားကို COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ နိုင်ငံတော်က တားမြစ်ထားတဲ့စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ ဘာသာရေးပွဲတစ်ခုကို ကျင်းပခဲ့တာကြောင့် မရမ်းကုန်းမြို့နယ်မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဘာသာရေးပွဲအပြီးမှာ COVID 19 ရောဂါအတည်ပြုလူနာဖြစ်လာခဲ့ပြီး ပွဲကိုတက်ရောက်ခဲ့သူတွေအပါအဝင် ဆင့်ပွားကူးစက်မှုတွေက အယောက်(၇၀)ကျော်လောက်ထိရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စောဒေးဗစ်လားက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံကဆင်းခွင့်ရထားပြီး နေအိမ်မှာပဲ Home Quarantine ဆက်လက်ခံယူနေပါတယ်။ “ ဒီအချိန်က ကျန်းမာရေးကောင်းပြီး ဆေးရုံကဆင်းခွင့်ရပေမယ့် Home Quarantineထားတဲ့အချိန်ပါ။ Home Quarantine ထားတဲ့အချိန်ကိုလည်း လူနာအဖြစ်သတ်မှတ်ထားရမယ့်အခြေအနေပါ။ နောက်ပိုင်း သူ့ရဲ့ ကျန်းမာရေးပေါ်မူတည်ပြီး အမှုကိစ္စကိုတော့ သက်ဆိုင်ရာဌာနတွေရဲ့ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Duwun ကိုပြောပါတယ်။ တရားဟောဆရာ ဦးစောဒေးဗစ်လားနဲ့အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး COVID 19...