Category: သတင်း

မကွေးတိုင်းက မိန်းကလေးငယ် (၄၀၀၀၀)အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီးမှာ အသက်(၉)နှစ်နဲ့ (၁၀)နှစ်အရွယ် မိန်းကလေးငယ် (၄၀၀၀၀)ကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဌာနက သိရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ(၂၀) ရက်က စတင်ကာ တစ်နိုင်ငံလုံးမှာ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။ (HPV) ကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာ၊စအိုနဲ့ မွေးဖွားလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ တွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာန လက်ထောက် ညွှန့်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ အောက်တိုဘာလ (၂၀)ရက်က မကွေးမြို့ နယ် ပြည်သူ့ကျန်းမာရေးဌာနမှာ မိန်းကလေးငယ်တွေကို (HPV) ကာကွယ်ဆေးထိုးပေးနေတာတွေကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ တာဝန်ရှိသူတွေ၊ တိုင်းပြည်သူ့ကျန်းမာရေးဌာနက တိုင်းဦးစီးမှူးနှဲ့ တာဝန်ရှိသူများက လိုက်လံအားပေးပြီး မိန်းကလေးငယ်တွေကို အရုပ်လက်ဆောင်တွေ ပေးခဲ့ပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါမိန်းကလေးတွေ မှာဖြစ်တတ်တယ်လို့ ကြားဖူးတဲ့အတွက်...

နိုင်ငံတော်က ကိုဗစ်ကာလ ထောက်ပံ့ငွေများ ပေးလို့မကုန်သေးပါဘူး၊ ခုတခါလည်း လာပြန်ပါပြီ

ကိုဗစ် ရောဂါကာလ ပြန်လည်ထူထောင်ရေးအတွက် မကွေးတိုင်းအတွင်းက ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသည့် အနာကြီးရောဂါသည် (၃၅၀၀)ကျော်ကို အစိုးရက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း မကွေးတိုင်းအနာကြီးရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ အနာကြီးရောဂါသည်များ၌ အဆင့် (၃) ဆင့်ဖြင့်ခွဲခြားထားပြီး ပထမအဆင့်(ဝ)မှာ ပကတိအတိုင်းရှိနေသည့် ကိုယ်အင်္ဂါမချို့ယွင်းသည့် အနာကြီးရောဂါသည်၊ ဒုတိယအဆင့် (၁)မှာ ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည် နှင့် တတိယအဆင့်(၂)မှာ ကိုယ်အင်္ဂါချို့ယွင်းသည့်အနာကြီးရောဂါသည်ဖြစ်ကြောင်း သိရသည်။ “ကိုယ်အင်္ဂါချို့ယွင်းမှု တတိယအဆင့် (၂) ရှိတဲ့ အနာကြီးရောဂါသည်များကို အစိုးရက တစ်ဦးလျှင် ကျပ် ၅သောင်းနှုန်းနဲ့ထောက်ပံ့တာဖြစ်ပါတယ်။ ထောက်ပံ့မှုကို စက်တင်ဘာလက တိုင်းအခြေခံကျန်းမာ ရေးဝန်ထမ်းတွေကနေ အိမ်အရောက်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အားလုံးနီးပါးကိုထောက်ပံ့ပေးပြီး ဖြစ်ပါတယ်”လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ် တာဝန်ခံဦးညီညီလွင် က ပြောသည်။ မကွေးတိုင်း၌ အနာကြီးရောဂါသည် လူနာများမှာ ဝန်ထုပ်ဝန်ပိုးဖြစ်ရလောက်သည်အထိအခြေအနေ မရှိသော်လည်း ရှိနေသည့်ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသူအနာကြီးရောဂါသည်များကို အခါအားလျှော်စွာထောက်ပံ့ပေးစေချင်ကြောင်း တာဝန်ခံဦးညီညီလွင်က...

WHO အသိအမှတ်ပြု COVID-19 ကာကွယ်ဆေး ထွက်ရှိလာပါက မြန်မာနိုင်ငံအတွက် GAVI အဖွဲ့က လူဦးရေ ရာခိုင်နှုန်း ၂၀ စာ ကူညီမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

WHO အသိအမှတ်ပြု COVID-19 ကာကွယ်ဆေး ထွက်ရှိလာပါက မြန်မာနိုင်ငံအတွက် GAVI အဖွဲ့က လူဦးရေ ရာခိုင်နှုန်း ၂၀ စာ ကူညီမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေးသစ် စတင်ထည့်သွင်းခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။ “မကြာခင် COVID ကာကွယ်ဆေး ပေါ်လာတဲ့အခါကျရင်လည်း GAVI က ၂၀ ရာခိုင်နှုန်းသော လူဦးရေစာကို ကျွန်တော်တို့ ရပါမယ်။ ဒါတင်မကပါဘူး။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကလည်း ဘယ်လိုသုံးမလဲ။ ဘယ်လိုမှာမလဲ ဆိုတာကို တာဝန်ပေးထားတဲ့အတွက် ကျွန်တော်တို့ အကုန်လုံး လေ့လာသုံးသပ်နေပါတယ်။ COVID ကာကွယ်ဆေး ဆိုတာကလည်း အဆင့်ခြောက်ဆင့် ရှိပါတယ်။ အဆင့်သုံးပြီးရင် ကျွန်တော်တို့ကစပြီး ခွင့်ပြုရင် သုံးပါမယ်။...

COVID-19 ရောဂါပိုးကြောင့် ရုတ်တရက်ကွယ်လွန်သွားရှာတဲ့ သရုပ်ဆောင်၊ အဆိုတော် ရန်ပိုင်စိုး

သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို၊သီချင်းတွေများစွာကိုလည်း သီဆိုခဲ့တဲ့ စတူဒီယိုအဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ပိုင်စိုးက အနုပညာအလုပ်တွေများစွာကို လုပ်ကိုင်ခဲ့သလို ဘိသိတ်မြှောက် အခမ်းအနားမှူးတစ်ယောက်အဖြစ်လည်း မင်္ဂင်္လာရှိတဲ့ ပွဲအခမ်းအနားတွေမှာ ဆောင်ရွက်ပေးခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့မှာတော့ အဆိုတော်၊ သရုပ်ဆောင် ရန်ပိုင်စိုးက မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုတော် ရန်ပိုင်စိုးက မနက် (၁၁) နာရီ (၁၁) မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီး ဂီတပညာရှင် နိုင်ဇော်ကတော့ “တကယ်လားဖိုးသောကြာရယ် အကိုတို့ချစ်တဲ့အဆိုတော်အခမ်းအနားမှူးကြီးလား။ မယုံနိုင်ဘူးနော်။ အရမ်းချစ်ဖို့ကောင်းတဲ့စိတ်ထားပြည့်ဝသူတယောက် covidကြောင့်ပထမဆုံးအနုပညာလောကသားတယောက် ဆုံးရှုံးရတာပါလို့မှတ်ယူလိုက်ပါမယ်” ဆိုပြီး အတည်ပြုရေးသားထားပါတယ်။ အဆိုတော်ကြီး ရန်ပိုင်စိုးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေပေးသေးခဲ့ပြီး ကွယ်လွန်သွားခဲ့ရှာတာပဲ ဖြစ်ပါတယ်။ ဦးရန်ပိုင်စိုးတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ...

NLD က ကုန်တင်ကားအစီး ၃၀၀ ခန့်ဖြင့် နေပြည်တော် ၇ မြို့နယ်တွင် အင်အားပြ

နေပြည်တော်၊ အောက်တိုဘာ ၂၁။ NPT News Team NLD က ကုန်တင်ကားအစီး ၃၀၀ ခန့်ဖြင့် နေပြည်တော်ရှိ ၇ မြို့နယ်တွင် အောာက်တိုဘာလ ၂၁ ရက်နေ့ ၊ နံနက်ပိုင်းမှ စတင်ကာ လှည့်လည်အင်အားပြခဲ့ကြောင်း သိရသည်။ နေပြည်တော်ကောင်စီနယ်မြေရှိ တပ်ကုန်းမြို့နယ်မှ လွဲပြီး ကျန်မြို့နယ် ၇ မြို့နယ်ကို လှည့်လည်မည်ဖြစ်ပြီး မြေသည်ကားများ၊ ကုန်တင်ကားများ၊ တွဲကားများ စုစုပေါင်း အစီး ၃၀၀ ခန့်ဖြင့် အင်အားပြခဲ့ခြင်း ဖြစ်သည်။ Photo-NI TOE(Myanma Platform)

ဖီဂျီကျွန်းနိုင်ငံတွင် တရုတ်နှင့် ထိုင်ဝမ်သံတမန်များ ခိုက်ရန်ဖြစ်ပွား

ဖီဂျီကျွန်းနိုင်ငံတွင် တရုတ်နှင့်ထိုင်ဝမ်သံတမန်များ ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုများဖြစ်ပြီးနောက် တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်တို့ကြား ကာလရှည်တင်းမာမှုများပြန်လည်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။ ယခုလအစောပိုင်းအောက်တိုဘာ ၈ ရက်က အမျိုးသားနေ့အခမ်းအနားသို့ တရုတ်သံရုံးအရာရှိ ၂ ယောက်က ဝင်ရောက်ထိုးကြိတ်ခဲ့သည်ဟု ထိုင်ဝမ်က စွပ်စွဲသည်။ တရုတ်ပြည်မကြီးဘက်က ထိုဖြစ်ရပ်ကို ငြင်းဆိုထားသည်။ ထိုထိုးကြိတ်မှုများကြောင့် အရာရှိများဒဏ်ရာရခဲ့သည်ဟု နှစ်ဖက်စလုံးကပြောထားပြီး စုံစမ်းစစ်ဆေးပေးရန်လည်း ဖီဂျီရဲတပ်ဖွဲ့ကို တောင်းဆိုထားသည်။ ထိုင်ဝမ်၏နိုင်ငံတကာလှုပ်ရှားမှုများကို တရုတ်ပြည်မကြီးက ကန့်သတ်ရန်ကြိုးစားနေပြီး ပစိဖိတ်ဒေသတွင် လွှမ်းမိုးမှုရှိရန် နှစ်ဖက်စလုံးကကြိုးစားနေသည်။ ထိုင်ဝမ်သည် ပြည်မကြီးမှကွဲကွာနေသည့်ပြည်နယ်တခုဟု တရုတ်ပြည်မကြီးဘက်ကမှတ်ယူထားသော်လည်း ထိုင်ဝမ်ခေါင်းဆောင်များက ငြင်းဆိုပြီး အချုပ်အခြာအာဏာပိုင်နယ်မြေတခုဟု တုံ့ပြန်ထားသည်။ Credit – People Media

၇-လကြာ ပိတ်ထားပြီးနောက် နိုင်ငံခြားခရီးသည်များကို ထိုင်းက စတင်လက်ခံ

ကိုဗစ်ကြောင့် ၇ လကြာပိတ်ထားရတဲ့ နိုင်ငံခြားခရီးသည်လက်ခံရေးကို ထိုင်းနိုင်ငံက ဒီနေ့ ပြန်လည်စတင်လိုက်ပါတယ်။ ဒါဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာရေးအတွက် မျှော်လင့်ချက် ရောင်ချည်မျှင်တန်းလေးတခုဖြစ်တယ်လို့ဆိုပါတယ်။ပြန်ဖွင့်ဖွင့်ခြင်း ဘန်ကောက်ရှိ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာလေဆိပ်ကို ပထမ ဆုံးရောက်လာတာကတော့ ရှန်ဟဲက တရုတ်ခရီးသည် ၃၉ ဦးဖြစ်ပါတယ်။ သူတို့ဟာ အထူးနေထိုင်ခွင့်ဗီဇာနဲ့ လာရောက်တာဖြစ်ပြီး၊ ဗီဇာသက်တမ်းအရ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ပြုထားတဲ့အပြင် ၂ ကြိမ်တိတိ ဗီဇာထပ်တိုးခွင့်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ကိုဗစ်စည်းကမ်းချက်အရ ရောက်လာသူတွေဟာ ရောက်ရောက်ချင်း ကွာရန်တင်း ၂ ပတ် ဝင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားအာမခံ၊ ကိုဗစ်ဖြစ်ရင် ကုသရေးအပါဝင် ကျန်းမာရေးအာမခံတွေကိုလည်း ပြသရမယ်လို့ လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။ လေဆိပ်ကို ဆိုက်ပြီးတာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးတာအပြင် လူဝင်မှုကြီးကြပ်စစ်ဆေးရေးဂိတ်မဖြတ်ခင်မှာ ခရီးသည်တွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ လေဆိပ်မှာ...

ပွဲတော်ရာသီမှာ ကိုဗစ်ကူးစက်မှု သတိထားကြဖို့ အိန္ဒိယ ဝန်ကြီးချုပ်တိုက်တွန်း

မကြာခင်ရောက်လာတော့မယ့် ပွဲတော်ရာသီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အထူးသတိထားကြဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက နိုင်ငံသားတွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ဒီနေ့ ရုပ်-သံ ကနေ နိုင်ငံကို မိန့်ခွန်းပြောရာမှာ လူထုအနေနဲ့ ဗိုင်းရပ်စ် သတိထားကားကွယ်ရေး ဆက်လုပ်ဖို့၊ လူချင်းခပ်ခွာခွာနေတာကိုဆက်လုပ်ဖို့၊ အထူးသဖြင့် ပွဲတော်ကာလမှာ လူချင်းခပ်ခွာခွာနေရေးကို သတိထားဖို့ ဝန်ကြီးချုပ်က တိုက်တွန်းသွား ပါတယ်။ “ခင်ဗျားနဲ့ ခင်ဗျားမိသားစုကို ကျန်းမာစွာတွေ့ချင်ပါတယ်” လို့ မိုဒီကပြောပါတယ်။ ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးရလာတဲ့အခါ နိုင်ငံသားတိုင်းရရှိအောင် ခွဲဝေပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သူကပြောပါတယ်။ ကိုဗစ်ကြောင့် ရပ်တန့်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပွဲတော်ရာသီမတိုင်မီ တဖြေးဖြေးချင်း ပြန်ဖွင့်ပေးနေပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဒီလနှောင်းပိုင်းနဲ့ နိဝင်ဘာထဲ ဆက်တိုက်လာတော့မယ့် ပွဲတော်ရာသီမှာ လူတွေ တိုးဝှေ့တဲ့အထိများပြားနိုင်တာကြောင့် ဗိုင်းရပ်စ် ကူးစက်မှု တခါထပ်တိုးလာမှာကို စိုးရိမ်နေပါတယ်။ ပွဲတော်ထဲရောက်ရင် လူတွေဟာ နှာခေါင်းစည်းမတပ်တာ၊ လူချင်း ခပ်ခွာခွာ...

တောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် တပ်မတော်က စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိကြောင်း သိရသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်ဂါးမှီး ကျေးရွာရှိ ဒေသခံတောင်သူများ၏စိုက်ခင်းများသို့ အနယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၅၂၇၅ ပိဿာနှင့် ဂေါ်ဖီထုပ် ၉၄၄၅ ထုပ်တို့ကို ဝယ်ယူပေးခဲ့သည်။ ဒေသခံ တောင်သူများ၏ အခက်အခဲများ အပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွား မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားချက်အရ သိရသည်။ Crd – People Media

မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက် ဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲနေ့တွင် မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးမြင့်နိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းရှိ ၄၄ မြို့နယ်တွင် Stay at Home လုပ်ဆောင်ထားကြောင်း၊ ကော်မရှင်အနေဖြင့် မဲပေးသည့်နေ့တွင် COVID-19 ရောဂါကူးစက်မှုများ မရှိအောင် အစီအစဉ် ချထားသည်ဟု သိရှိကြောင်း၊ ကော်မရှင်အနေဖြင့် ကိုးရီးယားနိုင်ငံကဲ့သို့ အခြားနိုင်ငံများထံ အကြံဉာဏ်ရယူထားပြီး အဆိုပါနိုင်ငံများထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားသည်ဟုပြောဆိုသဖြင့် မည်သည့်အစီအစဉ်များ ချထားသည်၊ ရောဂါအကူးမခံရအောင် မဲပေးသူများ စိတ်ချအောင် မည်သို့အစီအစဉ်များနှင့်လုပ်ထားသည်ကို အကျယ်တဝင့် ပြောကြားပေးရန် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ဥပမာအားဖြင့်ဆိုလို့ရှိရင် ကျွန်တော်တို့ နှာခေါင်းစည်းကအစ အကောင်းစားတွေပေါ့။...