တိုင်ပေအနီး ရေနံတင်သင်္ဘောပေါ်တွင် ခိုက်ရန်ဖြစ်ပြီး မြန်မာသင်္ဘောသားတစ်ဦးသေဆုံး
တိုင်ပေကမ်းရိုးတန်း အလွန်ရှိ နိုင်ငံခြားသင်္ဘောတစ် စီးပေါ်တွင် အပေါင်းအပါသင်္ဘော သားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နောက် မြန်မာသင်္ဘောသားတစ် ဦးသေဆုံးခဲ့ကြောင်း မီဒီယာများ က စနေနေ့တွင် ဖော်ပြသည်။ ကွတ်ခ်ကျွန်းတွင် မှတ်ပုံ တင်ထားသည့်ရေနံတင်သင်္ဘော New Progress သည် နယူးတိုင် ပေစီးတီး ကမ်းလွန်နိုင်ငံတကာ ရေပြင်၌ ခုတ်မောင်းနေစဉ် ယင်း သင်္ဘောပေါ်တွင် အထက်ပါဖြစ် ရပ်ဖြစ်ပွားခဲ့ကြောင်း စီအင်န်အေ သတင်းက ဖော်ပြသည်။ ရလဒ် အနေဖြင့် ယင်းအမှုနှင့်ပတ်သက် ၍ တိုင်ပေတွင်တရားစီရင်ပိုင် ခွင့်မရှိကြောင်း တိုင်ပေကမ်း ခြေစောင့်ကြပ်မှု စီမံခန့်ခွဲရေးဌာန CGA ၏ ဖော်ပြချက်အရ သိရ သည်။ သောကြာနေ့(ဇန်နဝါရီ၁ ရက်)ညနေပိုင်းက ယင်းသင်္ဘော သည် နယူးတိုင်ပေမှ ရေမိုင် ၃၁ မိုင်(၅၇ကီလိုမီတာ)အရောက် တွင် ခိုက်ရန်ဖြစ်ပွားပြီး ဝေဖြိုး အောင် (၂၇) နှစ်ဓားဖြင့်...