ကြွေလွင့်သွားတာ (၃၁)နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး ဦးဝင်းဦး
ဦးဝင်းဦးကတော့ မြန်မာ့အနုပညာသမိုင်းမှာ ထူးချွန်တဲ့ ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲတတ်သော ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင် ဖြစ်ခဲ့တဲ့ အထိကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ဦးဝင်းဦးရဲ့ မင်းသားအနေနဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကတော့ “နှစ်ယောက်တည်းနေချင်တယ်”လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားကြီးမှာတင် မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်းဦးရယ်လို့ လွှမ်းမိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဦးဝင်းဦးဟာ ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ “စန္ဒာ”ဆိုတဲ့ အမည်ဖြင့် ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့ပါသေးတယ်။ ဦးဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ဆောင်းအိပ်မက်” ဇာတ်ကားကြီးမှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ဦးဝင်းဦးဟာ (၁၉၇၀)ပြည့်နှစ်မှာတော့ နာမည်ကျော် “မှုံရွှေရည်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကယ်ဒမီဆုကြီးကို ထပ်မံဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ဦးဝင်းဦးက အနုပညာသက်တမ်းတစ်လျှောက်မှာ အမျိုးသားဇာတ်ဆောင်ဆု (၂)ဆုနဲ့ ဇာတ်ကားဆု (၂)ဆုတိတိကို ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ “မောင်တို့ ချယ်ရီမြေ”၊”တစ်ကျော့နှစ်ကျော့ တေးကိုသီ”၊” ခိုင်မာလာနှင်းဆီ”၊”တိမ်လွှာမို့မိုလွင်”၊”မင်း...