သမီးတွေနဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ လည်ပတ်နေတဲ့ စမိုင်းလ်

ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ မင်းသမီးချောလေး စမိုင်းလ်က တစ်ခေတ်တစ်ခါက ကြော်ငြာတွေနဲ့ သီချင်း MV တွေမှာ နေရာယူထားနိုင်သူလေး ဖြစ်ပါတယ်။ စမိုင်းလ်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ သိပ်ပြီး မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဒီနေ့ဒီအချိန်ထိ ရရှိနေဆဲ ဖြစ်ပါတယ်။ စမိုင်းလ်က လွန်ခဲ့တဲ့ရက်ပိုင်းက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် သွားရောက်ဝန်းရံအားပေးခဲ့ပြီး အခုလက်ရှိမှာတော့ သမီးတွေနဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ စမိုင်းလ်က ” ကိုရီးယားပထမနေ့ အရမ်းအေးပေမဲ့အရမ်းပျော် 🥰 ဆာဒါးငယ် 😘” ဆိုပြီး ဆိုးလ်မြို့မှာ ပျော်ရွှင်စွာ လည်ပတ်နေတဲ့ပုံရိပ်တွေကို မျှဝေထားပါတယ်။ စမိုင်းလ်က သမီးလေးပေါ်ရှာနဲ့ ကလိုဝီတို့ရဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်မှာ နိုင်ငံခြားခရီးစဉ်ကို လိုက်ပို့ပေးပြီး မိသားစုလေးယောက် ပျော်ရွှင်စွာ လည်ပတ်၊ စားသောက်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ကိုရီးယားမှာ ချစ်ရတဲ့ ခင်ပွန်း၊...

စွန့်ပစ်ပလတ်စတစ်ကနေ လျှပ်စစ်ထုတ်နိုင်မယ့် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိ

သိပ္ပံပညာရှင်တစုဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် နည်းပညာသစ်တမျိုးကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ပြောကြားလိုက်ပါတယ်။ ပလတ်စတစ်တွေကို နေရောင်ခြည်အတု သုံး ပြီး လျှပ်စစ်ထုတ်လုပ်နိုင်မယ့် ဓာတုပစ္စည်းအဖြစ် ပြောင်းလဲနိုင်မယ့် လမ်းစကို တွေ့ရှိခဲ့ကြတာပါ။ကမ္ဘာနိုင်ငံအသီးသီးမှာ နေ့စဉ်စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကြောင့် ကုန်းမြေပေါ်တင်မကဘဲ သမုဒ္ဒရာ ထဲမှာ တန်နဲ့ချီတဲ့ အမှိုက်တွေ ပုံလာပါပြီ။ ဒါကြောင့် အာရှနိုင်ငံတွေမှာလား စွန့်ပစ်ပလတ်စတစ်ပြဿနာဟာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စရပ်တခု ဖြစ်လာနေပါတယ်။ စင်ကာပူနိုင်ငံက သုတေသီအဖွဲ့ဟာ စွန့်ပစ်ပလတ်စတစ်တွေ လျော့ချနိုင်ဖို့အတွက် နေရောင်ခြည်အတုသုံးပြီး ပလတ်စတစ်တွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ Formic Acid အသွင်ပြောင်းလဲ ဖန်တီးနိုင်ခဲ့ကြပါတယ်။ အဆိုပါနည်းလမ်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့အပြင် ငွေကုန်ကြေးကျလည်းနည်းတယ်လို့ ဆိုပါတယ်။ နန့်ယန်းနည်းပညာတက္ကသိုလ်မှာ ဓာတ်ခွဲလေ့လာခဲ့သမျှ ပလတ်စတစ်တွေကို ဓာတုပစ္စည်းတွေနဲ့ရောပြီး နေရောင်ခြည် အတုသုံးကာ ချေဖျက်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါနည်းလမ်းအရ ပျက်စီးဖို့အတွက်...

လားရှိုးတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဆိုင်ကယ်လုယူမှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်

လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး လုံခြုံရေးတပ်ခွဲမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးသည် ဒီဇင်ဘာလ ၈ ရက်နှင့် ၁၄ ရက်တို့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဆိုင်ကယ်လုယူမှုနှင့် ပြန်ပေးဆွဲ ငွေတောင်းခံမှုများ ကျူးလွန်ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။ . ဟိုပန်မြို့နယ်နေ ဦးကြာတော့သည် ဒီဇင်ဘာလ ၈ ရက်၊ ညနေပိုင်းက ငွေကျပ် ၄၈ သိန်း ကျော် အား ၎င်းပိုင်မော်တော်ဆိုင်ကယ် တူးဘောက်အတွင်း ထည့်၍ မောင်းနှင်နေစဉ် လားရှိုးမြို့၊ ရပ်ကွက် (၃)၊ နယ်မြေ (၁) ရင်ခွဲရုံလမ်းကြားအရောက်တွင် အမျိုးသား ၂ ဦး (ရဲတပ်ဖွဲ့ဝင်များ) မှ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးကြာတော့၏ ဆိုင်ကယ်အား တားဆီး ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ထို့အတူ လားရှိုးမြို့၊ ရပ်ကွက် (၇)၊ မေတ္တာလမ်းနေ ဦးအိုက်ခြံ၏ နေအိမ်သို့ ဒီဇင်ဘာလ ၁၄...

မူလတရားရုံး အမိန့်ကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ဖျက်ပစ်တဲ့ အောင်ရဲထွေး အမှု

၀၁၇ ဒီဇင်ဘာ ၃၁ ရက်ည နှစ်သစ်ကူး ပါတီပွဲမှာ ထိုးကြိတ် ကန်ကျောက်မှုဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုကို ပြန်လည် စစ်ဆေး နေရာမှာ ရန်ကုန်တိုင်း တရားလွှတ်တော်က ၂၀၁၉ ဒီဇင်ဘာ ၁၃ရက်နေ့မှာ မူလတရားရုံး အမိန့်ကို ပယ်ဖျက်ပြီး ပြောင်းလဲ စွဲချက်တင်ဖို့ အမိန့် ချမှတ်လိုက်ပါတယ်။ အုပ်စုဖွဲ့ ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ တရားခံတွေ အဖြစ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့သလို ၊ တရားခံ အဖြစ် စွပ်စွဲခံရတဲ့ ကျော်ဇော ခေါ် ကျော်ဇောဟန်၊ သန်းထွဋ်အောင် ခေါ် သားကြီးနဲ့ ပြည့်ဖြိုးအောင် ခေါ် အောင်လေးတို့ သုံးယောက်စလုံးကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ခြောက်လကြာ စစ်ဆေးခဲ့ပြီးနောက်...

လေဆိပ်ကားပါကင်အတွင်းရပ်ထားသည့်ကားကို ခိုးယူသွားမှုဖြစ်ပွား

ခဏလေးရပ်နားထားသည့်ကားကို ခိုးယူသွားသည့်ဖြစ်စဉ်တစ်ခု မန္တလေးလေဆိပ်၌ ဒီဇင်ဘာလ ၁၃ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။တံတားဦးမြို့နယ်၊ မန္တလေးလေဆိပ်အတွင်းဖွင့်လှစ်ထားသော “888” လက်ဆောင်အရောင်းပစ္စည်းဆိုင်၌ မန်နေဂျာစိုးသူရနောင်(၂၂)နှစ် ဒီဇင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီကျော်တွင် ကိုယ်တိုင်မောင်းလာသည့် YGN 6D/×××× Mark II ယာဉ်ကို လေဆပ်ကားပါကင်၌ ခေတ္တရပ်နားထားခဲ့သည်။ ထို့နောက်ကိစ္စများအပြီး ကားပါကင်သို့ပြန်လာစဉ် ၎င်း၏ကားများပျောက်ဆုံးသွားသဖြင့် မန္တလေး၊ လေကြောင်းရဲတပ်ဖွဲ့ထံအကြောင်းကြား၍ အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များကလည်းပူးပေါင်း၍ရှာဖွေစုံစမ်းပေးခဲ့ကြသည်။ လေကြောင်းရဲတပ်ဖွဲ့သည် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့နှင့်စကားအင်းအမြန်ယာဉ်လမ်းမကြီးရဲတပ်ဖွဲ့တို့ကိုချိတ်ဆက်ကာ ပျောက်ဆုံးနေသည့် YGN 6D/×××× Mark II ယာဉ်ကို စုံစမ်းရှာဖွေခဲ့ရာ ည ၈ နာရီခွဲ(အချိန် ၃ နာရီအတွင်း)၌ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျော်ဘွယ်မြို့၊ မြို့ဝင်မောင်းတံဂိတ်တွင် ပျော်ဘွယ် မြို့မရဲစခန်းမှူးဦးစီးသောပူးပေါင်းအဖွဲ့မှ ဇာနည်အောင်(၃၅)နှစ်နှင့် မလှမျိုးအောင်တို့၂ ဦးကို အဆိုပါယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ယာဉ်ကိုခိုးယူမောင်းနှင်သွားသည့် ဇာနည်အောင်နှင့်မလှမျိုးအောင်တို့ကို...

သီလရှင်ဆရာလေးတပါး အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယို လူကြိုက်များ

သီလရှင်ဆရာလေးတပါးရဲ့ အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယိုတခုဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ လူကြိုက်များနေပါတယ်။ဒီဗွီဒီယိုကို Koko Ayelay ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်မှာ စတင် တိုက်ရိုက် လွှင့်တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၃ သိန်းခွဲလောက်နဲ့ ပြန်ဝေမျှသူပေါင်း ၂ သောင်းခွဲလောက် ရှိနေပါတယ်။ ဒီဗွီဒီယိုကိုပဲ ဖေ့စ်ဘွတ်ခ်သုံးသူတွေက ပြန်ယူတင်ကြပြီး အဲဒီမှာလည်း ကြည့်ရှုသူတွေ အများအပြားစီ ရှိနေတာကို တွေ့ရပါတယ်။အသက် ၄ နှစ်လောက်ပဲ ရှိဦးမယ့် ဆရာလေးဟာ ‘ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒ ပြည့်ပါစေ၊ ဆတက်ထမ်းပိုး တိုးပွားပါစေ ..’ လို့ မပီကလာနဲ့ ဆုပေးခဲ့တာကြောင့် အလှူရှင်တွေက သဘောကျပြီး ထပ်ကာထပ်ကာ ဆုပေးဖို့လည်း ပြောခဲ့ပါတယ်။ ဆုပေးအပြီး အလှူရှင်တွေက ဆရာလေးပေးတဲ့ ဆုနဲ့ ပြည့်ပါစေဆိုတဲ့အခါ ‘ဟုတ်ကဲ့ ပြည့်ပါစေ ဘဘ’လို့ ပြန်ပြောတာကြောင့် အလှူရှင်တွေက ပြုံးရွှင်ရယ်မော...

Treasureလေးရဲ့ ၅လပြည့်မှာ သမီးလေးကိုခေါ်ပြီး ဘုရားသွားကာကုသိုလ်ယူခဲ့တဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးချောချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့မိသားစုဘဝလေးက အရမ်းစိုပြေသာယာပြီး ပရိသတ်တွေကလည်းအရမ်းချစ်ကြတာဖြစ်ပါတယ်။ဒီးဒီးက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက်သာလုပ်ဆောင်နေပါတယ်နော်။ စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သမီးအပေါ်ကို ကြင်နာမှုတွေနဲ့နွေးထွေးစွာဂရုစိုက်ပေးနိုင်စွမ်းရှိတဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasureလေးကတော့ မေမေနဲ့ချွတ်စွပ်တူပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့လေးဟာဆိုရင်တော့ Treasureလေးရဲ့ ၅လပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်နော်။Treasureလေးရဲ့ ၅လပြည့်လေးမှာ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက သမီးလေးနဲ့အတူ ဘုရားသွားပြီးကုသိုလ်ယူကြတာဖြစ်ပါတယ်။မိသားစုစုံစုံလင်လင်နဲ့ ကြည်နူးဖို့ကောင်းတဲ့ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို ချက်ချင်းရောက်လာတဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ပတ်ထရစ်ရှာ

ညှို့အားပြင်းလွန်းတဲ့ အမိုက်​စားမင်းသမီး​ချော​လေး ပတ်​ထရစ်​ရှာက​တော့ ရူးခါ​အောင်​မိုက်​တဲ့ ခန္ဓာကိုယ်​ကောင်​ကြောင်း​အလှနဲ့ International ဆန်​တဲ့ မျက်​နှာကျ​လေးကို ပိုင်​ဆိုင်​ထားသူ​လေးမို့ ပရိသတ်တွေ အမြဲစောင့်ကြည့်အားပေးနေရသူလေးပါ။ သူမကို အရမ်းချစ်တဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရတဲ့ ပတ်​ထရစ်​ရှာက​တော့ လတ်​တ​လောမှာလည်း သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို အပြေးအလွှားရောက်လာတဲ့ ချစ်သူအကြောင်းကို လူမှုကွန်​ယက်​မှာ​ ကြည်နူးစွာဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ နိုင်ငံခြားသားပေမယ့် သူမကို ဂရုတစိုက် ချစ်တတ်လွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူလေး ပတ်​ထရစ်​ရှာကတော့ အရမ်းကို ကံကောင်းလွန်းပါတယ်​နော်​။ ချစ်​ပရိသတ်​တွေအတွက်​ အရမ်းချစ်ပြီး ဂရုစိုက်တတ်လွန်းတဲ့ ချစ်သူကြောင့် ပျော်စရာမွေးနေ့လေး ပိုင်ဆိုင်ခဲ့ရတဲ့ ပတ်​ထရစ်​ရှာရဲ့အကြောင်းကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ ပတ်ထရစ်ရှာကတော့ “မနေ့ညက ၁၂ နာရီလည်းထိုးရော ကိုယ့်ကို surprise ဝိုင်းလုပ်ကြတာအရမ်း surprised ဖြစ်ပြီးတကယ်ဝမ်းသာပျော်ရွှင်ခဲ့ရတယ် Special thanks to my mom for always being there for...

ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ

ထူးခြားတဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar အစီအစဉ်က တစ်ပတ်ထက်တစ်ပတ် စိတ်လှုပ်ရှားဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။ မျက်နှာဖုံးဝတ်စုံတွေအောက်က အနုပညာရှင် Cele တွေက ဘယ်သူများဖြစ်မလဲဆိုတာ ခန့်မှန်းရတာ တော်တော်လေး ပျော်ဖို့ကောင်းပြီး သိလိုစိတ်ကို နှိုးဆွနိုင်တာ ဖြစ်ပါတယ်။ The Mask Singer Myanmar မှာ ကျား၊ ဇီးကွက်၊ ယက္ခ စတဲ့ ဇာတ်ကောင်တွေကတော့ ပိုင်တံခွန်၊ ဟန်တီ၊ ကျော်ထူးတို့ဖြစ်မှန်း ပေါ်လွင်ထင်ရှားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအပတ်ထုတ်လွှင့်ပြသတဲ့ The Mask Singer Myanmar အပိုင်း (၅) မှာတော့ Group A မှ နဂါး၊ Group B မှ သီးမွှေး၊ Group C မှ ဖိုးဝတို့ရဲ့ ထိပ်တိုက်သီဆိုယှဉ်ပြိုင်မှုအပြီးမှာ ဖိုးဝနဲ့ သီးမွှေးတို့က...

မိမိဘက်က မှားယွင်းပါက စီမံကိန်းများကို ပြန်သိမ်းရန် ဇေကမ္ဘာ ကုမ္မဏီဥက္ကဌ ဒေါက်တာခင်ရွှေ ပြော

ဇေကမ္ဘာ ကုမ္မဏီ မှ လုပ်ကိုင်နေသည့် မြရိပ်ညိုဟိုတယ်စီမံကိန်းအပါအ၀င် စီမံကိန်း လုပ်ငန်းကြီးများ လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေခြင်း ၊ အချို့သော လုပ်ငန်းများ ရပ်တန့်နေသည့် ကိစ္စ နိုင်ငံတော် အဆင့် တာဝန်ရှိသူများ အနေဖြင့် အခြေအနေ မှန်သိရန် ကြိုးစားဆုံးဖြတ်ပေးပါရန် နှင့် ကုမ္ပဏီဘက်မှ အမှားအယွင်း ရှိပါက စီမံကိန်းလုပ်ငန်းများကို ပြန်လည်သိမ်းဆည်းရန် ဇေကမ္ဘာ ကုမ္မဏီ ဥက္ကဌ ၀ဏ္ဏ ကျော်ထင် ဒေါက်တာ ခင်ရွှေက ပြောကြားခဲ့သည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ပရဝဏ်အတွင်းရှိ စေတီတော်များတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များ အား ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ ပြုလုပ်သည့်အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။”မြရိပ်ညို ကိစ္စက ပြန်ပြီးတော့ အယူခံတင်သွင်းလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက ၁၉၅၅ ခုနှစ်...