ကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသည် အချိန်စောသည်ဟု ရဲတပ်ဖွဲ့ပြော
ပြေည်တော်၊ ဒီဇင်ဘာ ၁၉ ။ ။ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံထားရသူ ယာဉ်မောင်းကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသည် အချိန်စောသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ယနေ့ နေပြည်တော်တွင်ပြုလုပ်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောကြားလိုက်ခြင်းဖြစ်သည်။ တင်သွင်းထားသော တရားလိုပြသက်သေ ၂၇ ဦးတွင် ၂၀ ဦးသာ စစ်ဆေးပြီးစီးသော်လည်း ကျန် ၇ ဦးကို မစစ်ဆေးသေးဘဲ ကိုအောင်ကြီးကို တရားရုံးကတရားရှင်လွှတ်ပေးလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူ ရဲအရာရှိကြီးများက ဆိုသည်။အခင်းဖြစ်ပွားသည့်နေ့က ၀တ်ဆင်ခဲ့သည့် ယာဉ်မောင်းကိုအောင်ကြီး၏ ဘောင်းဘီတွင် သုတ်ရည်တွေ့ကြောင်း၊ ဗစ်တိုးရီးယားကလေးငယ်၏ ဘောင်းဘီနှင့်မိန်းမကိုယ်တွင် သုတ်ရည်တွေ့ကြောင်း၊ ယင်းအပြင် ကလေးမလေး၏ ဖခင်ကိုယ်တိုင်အပ်သောဗီဒီယိုထဲတွင် အကျီ င်္အဖြူနှင့်ပုဆိုးအပြာဝတ်ထားသောသူဖြတ်သွားချိန် ကလေးမလေးက (သမီးဖင်ဖုကို ဆိတ်တာ ဒီကိုကို)ဟုပြောထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ယင်းကဲ့သို့သော သက်မဲ့အထောက်အထားများကိုသာ အားကိုး၍ ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ရှိအထောက်အထားများကို အားမကိုးခဲ့ကြောင်းရဲတပ်ဖွဲ့ကဆိုသည်။”အကြောင်းမဲ့သက်သက်စွဲတာမဟုတ်ပါဘူး။...