ရတနာပုံဈေးမီးလောင်မှုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ အညတရသူရဲကောင်း မီးသတ်ရဲဘော်လေး

မနေ့က ရတနာပုံဈေးမီးလောင်မှုဟာ မန္တလေးမြို့ရဲ့ မီးအကြီးအကျယ်လောင်မှု ဖြစ်စဉ်တွေထဲမှာ အကြီးဆုံး မီးလောင်မှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မီးလောင်မှု အဆင့် (၅) ဖြစ်ပြီး မီးသတ်ကား အစီး ရာကျော်နဲ့ မီးသတ်သမား အင်အား ၅၀၀ ကျော် အသုံးပြုခဲ့ပြီး အခြား တပ်မတော်သား၊ ရဲတပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ အပါအဝင် စေတနာ့ဝန်ထမ်း အများအပြား ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ကြီးမားတဲ့ မီးလောင်မှုဖြစ်တဲ့အပြင် အဆောက်အဦးတွင်းမှာ လောင်မြှိက်နေတာ ဖြစ်တဲ့အတွက် မီးသတ်သမားများဟာ စစ်ဆင်ရေးအသွင်နဲ့ တခန်းပြီး တခန်း လိုက်လံ ငြိမ်းသတ်ခဲ့ရပါတယ်။ အန္တရာယ်ကြားမှာ အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား မီးငြိမ်းသတ်ခဲ့တဲ့ မီးသတ်ရဲဘော်အချို့လည်း ဒဏ်ရာအနာတရ ရရှိခဲ့ကြပါတယ်။ တချို့ရဲဘော်တွေက မူးဝေ၊ အသက်ရှုမဝရုံသာ ဒဏ်ရာ ရခဲ့ပေမယ့် အခုဖော်ပြမယ့် ရဲဘော်လေးကတော့ အမြင့်ကနေ ပြုတ်ကျပြီး ပေါင်ရိုးကျိုး၊...

နာမည်ကြီးရုပ်သံကုမ္ပဏီတစ်ခုရဲ့ လိမ်လည်မှုကိုဖော်ထုတ်လိုက်တဲ့ ဖွေးဖွေး

အကယ်ဒမီရွှေစင်ရုပ်ထု သုံးဆုကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်ရဲ့အချစ်တော်ဖွေးဖွေးကတော့ လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ ကြယ်တစ်ပွင့်ပါ။Brand Ambassador အဖြစ်ကုမ္ပဏီတွေနဲ့လက်တွဲပြီး လုပ်ဆောင်နေသလို အနုပညာအလုပ်တွေနဲ့မအားလပ်သူတစ်ယောက်ပါ။ဖွေးဖွေးကတော့ ဒီနေ့မှာနာမည်ကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ လူလည်ကျမှုတစ်ခုကို အများသိအောင်ဖော်ထုတ်ခဲ့တာပါ။ အဲ့ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများအသုံးပြုနေတဲ့ Application တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံအခြေစိုက် iflix ကုမ္ပဏီကနေ အကြွေးရရှိရန်ကျန်နေတဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာမျှဝေခဲ့တာပါ။ “Dear iflix! For the Debts you have to give me…you are still on my mind… Don’t you think I m done with u coz I’m on my vacation” ဆိုတဲ့အင်္ဂလိပ်စာသားလေးနဲ့အတူ “ဘယ်တော့မှ ကိုယ်ကြောင့်လူတွေကို စိတ်ဒုက္ခမပေးချင်ဘူး… မထင်ထားတဲ့လူတွေက အဲ့လိုလုပ်တတ်တာလား… ဒါပေမယ့် ကိုယ်မှန်ရင်တော့ ခေါင်းငုံ့ခံနေလို့လည်း...

တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ထောက်ခံမှုရရေး သမ္မတ နှစ်ဦး ဆွေးနွေး

မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်မယ့်၊ ဆောင်ရွက်ဆဲ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဒေသခံပြည်သူတွေရဲ့ထောက်ခံမှုရဖို့ မြန်မာသမ္မတနဲ့တရုတ်သမ္မတတို့ ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာလာရောက်တဲ့ချစ်ကြည်ရေးခရီးစဉ်ရဲ့ပထမနေ့မှာ သမ္မတ ဦးဝင်းမြင့်နဲ့အခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။ တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနဲ့ မြန်မာ့ထွက်ကုန်တွေ ပိုမိုလက်ခံဝယ်ယူဖို့၊ ပိုးလမ်းမစီမံကိန်း (BRI) နဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတို့မှာ နှစ်ဖက်အကျိုးရှိပြီး ကောင်မွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွဲ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းများ အကောင်အထည်ဖော်ရာမှာ လူမှုရေးနဲ့သဘာဝပတ်ဝန်းကျင်တို့အပေါ် ဒေသခံပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှု ရရှိရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ အပြန်အလှန် လေးစားမှု၊ နားလည်မှုနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်...

အိမ်တွင်းပုန်းမြေးမလေးကို ပရိသတ်အရှေ့ထုတ်ပြလိုက်တဲ့ ချိုပြုံး

ချိုပြုံးကတော့ မြေးမလေး သန့်သီရိမိုးကို အဆိုတော် တစ်ယောက်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ အိမ်တွင်းပုန်းမြေးမလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ အကယ်ဒမီ ချိုပြုံးကတော့ အိမ်တွင်းပုန်းတတ်တဲ့ မြေးမလေးကို ပရိသတ်အရှေ့ ထုတ်ပြလိုက်ပါပြီ။ မြေးမလေးနာမည်ကတော့ သန့်သီရိမိုးလို့ခေါ်ပါတယ်။ ချိုပြုံးကတော့ မြေးမလေးကို အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့  အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “သူ့ကိုတော့ မေချိုက သီချင်းလေး ဆိုခိုင်းချင်တယ်။ သူ့အသံ ဘယ်လိုနေမလဲတော့ မသိဘူး ဆရာတစ်ယောက်နဲ့တော့ အပ်ထားတယ်။ အဲဒီမှာ အသံအဆင်ပြေတယ်ဆိုရင်တော့ သူ့ကို သီချင်းဆိုခိုင်းမှာ။ သူ့ကို ဥ ထားတာတော့ မဟုတ်ဘူး သူကိုယ်တိုင်က အပြင်ကိုမထွက်ချင်တဲ့သူ။ မြေး ၅ ယောက်ထဲမှာ သူက အငယ်ဆုံးလေ ။ အသက်ကလည်း ၁၆ နှစ်ပဲရှိသေးတယ်။ ဒီနှစ်မှ ၁၀ တန်းစာမေးပွဲအောင်တာ။ သူ့ကိုလည်း သူ့အထက်က အစ်ကိုတွေ အစ်မတွေက ချုပ်ခြယ်လွန်းတော့...

သမ္မတ ရှီကျင့်ဖျင် နေပြည်တော် လေဆိပ်ကို ရောက်လာ ရင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြိုဆိုပေးရမယ်ဆိုတဲ့ အချက်မျိုးပါဝင်ခဲ့ဟုဆို

တပ်မတော် အစိုးရလက်ထက်က အပြီးဆောက်လုပ်ခဲ့တဲ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို မြန်မာရဲ့ အိမ်နီးချင်း နိုင်ငံကြီး တခု ဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် ဒီနေ့ ရောက်ရှိလာပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ တခြား နိုင်ငံခေါင်းဆောင်တွေ လာရင် ကြိုသလိုမျိုး ပုံမှန်မဟုတ်တဲ့ ကိစ္စအများအပြားကိုလည်း သတိထားမိတာကြောင့် အများစိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ ပထမဆုံး တရုတ် သမ္မတ ရောက်လာတော့မယ်လို့ အသံကြားတဲ့အချိန်မှာပဲ နေပြည်တော်က လမ်းမကြီးတချို့ မှာ ဆေးပြန်သုတ်တာတွေ၊ ဖြူနီကြား ဆေးပြန်မှုတ်နေတာတွေကို စပြီး သတိထားမိပါတယ်။ လေဆိပ်ကနေ နေပြည်တော်ကို ဝင်တဲ့ လမ်းတလျှောက် လမ်းအပေါက်၊ အနာအဆာတချို့ကိုလည်း ပြန်ပြင်ထားတာမျိုးတွေ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစလို့ နေပြည်တော်ရဲ့ လမ်းမတွေအပေါ်မှာ ရဲတပ်ဖွဲ့ ဝင်တွေ စပြီး ချထားတာပါ။ နေပြည်တော်က...

ဗိုလ်ချုပ်ပုံပါ (၁၀၀၀) တန်ကို မခေါက်မချိုး၊ မညစ်ပတ်အောင် ကိုင်တွယ်ဖို့ ဗဟိုဘဏ်မေတ္တာရပ်ခံ

ဇန်နဝါရီလ(၇)ရက်နေ့ကစတင်ပြီး ပြည်သူတွေလက်ထဲကို ဖြန့်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)တန်အသစ်ကို ပြည်သူတွေအနေနဲ့ သပ်သပ်ရပ်ရပ်ကိုင်တွယ်သုံးစွဲကြဖို့နဲ့ နောက်ထပ်ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေကိုလည်း တန်ဖိုးအလိုက်ထုတ်လုပ်သွားမယ်လို့ ဗဟိုဘဏ်ကနေသိရပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်အသစ်ကို ပြည်သူလူထုတွေအနေနဲ့ ငွေစက္ကူအပြန့်အတိုင်း သပ်သပ်ရပ်ရပ်ကိုင်တွယ်သုံးစွဲကြဖို့ကို ဗဟိုဘဏ်က မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်သူတွေကို သစ်လွန်ကောင်းမွန်တဲ့ ငွေစက္ကူတွေကိုင်တွယ်သုံးစွဲနိုင်ဖို့ ဆောင်ရွက်ပေးနေသလို ပြည်သူတွေဘက်ကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် အရာတွေကိုမလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း နိုင်ငံပိုင်မီဒီယာကနေ အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ “ပြည်သူတွေကို သစ်လွင်ကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ပြည်သူတွေကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် ခေါက်ခြင်း၊ ချိုးခြင်း၊ လိပ်ခြင်း၊ လုံးခြင်းတွေမပြုလုပ်ဖို့နဲ့ ဆီစွန်းညစ်ပေခြင်းတွေမဖြစ်အောင်ကိုင်တွယ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဆိုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဟောင်းနွမ်းညစ်ပေနေတဲ့ ငွေစက္ကူတွေကိုလည်း ဗဟိုဘဏ်မှာ အပ်နှံလဲလှယ်ဖို့ ဘဏ်တွေအားလုံးကိုညွှန်ကြားထားသလို...

သမီးလေးရွှန်းရွှန်းနဲ့အတူ ကျောင်းလိုက်တက်ခဲ့တဲ့ မေမေခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ဒီကနေ့မှာ သမီးလေးရွှန်းရွှန်းနဲ့အတူ ကျောင်းလိုက်တက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သမီးလေးရွှန်းရွှန်းရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ ခိုင်နှင်းဝေက ကျောင်းလိုက်တက်ခဲ့တာဖြစ်ပြီး ဒီလိုတက်ရတဲ့အတွက် သူမကိုယ်သူမ ကျောင်းသူလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်လို့ ခံစားရကြောင်း သူမရဲ့ အကောင့်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။ သမီးလေး ရွှန်းရွှန်းဟာ ခိုင်နှင်းဝေရဲ့ မွေးစားသမီးလေးတစ်ယောက်ဖြစ်ပေမယ့် သမီးအရင်းလေးတစ်ယောက်လို မိခင်မေတ္တာတွေကို အပြည့်အဝရရှိနေတာဖြစ်ပါတယ်။ သမီးလေး ရွှန်းရွှန်းတင်မကဘဲ သူမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ သားသမီးပေါင်းမြောက်မြားစွာကို ပြုစုပြိုးထောင်ပြီး စောင့်ရှောက်ထားတာဖြစ်ပါတယ်။ သူမနဲ့ရုပ်ချင်းဆင်တူတဲ့ သမီးလေး ရွှန်းရွှန်းကိုမွေးစားပြီးနောက်မှာတော့ စွန့်ပစ်ခံ ကလေးငယ်ပေါင်းများစွာရဲ့ ဘဝကို ကူညီစောင့်ရှောက်ဖို့ ရွေးချယ်ခဲ့တာပါ။ ဒီနေ့လေးကတော့ သမီးလေးရွှန်းရွှန်း ပထမဆုံးကျောင်းစတက်ရမယ့် နေ့လည်းဖြစ်တာကြောင့် မိခင်ဖြစ်သူ ခိုင်နှင်းဝေက ကိုယ်တိုင် ကျောင်းသူအဖြစ် လိုက်တက်ပေးခဲ့တာ တွေ့ရပါတယ်။ ဝမ်းနဲ့လွယ်မွေးခဲ့တာမဟုတ်ပေမယ့် သားသမီးအပေါ်ထားရှိတဲ့ ခိုင်နှင်းဝေရဲ့ မိခင်မေတ္တာတရားဘယ်လောက်ကြီးမားလိုက်သလဲဆိုတာ ပရိသတ်ကြီးက တွေ့မြင်ခံစားမိကြမယ်လို့ထင်ပါတယ်နော်။ Cele Star

မိသားစုဝင်ဖြစ်နေတာကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဖြေရှင်းရခက်ခဲနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ထားကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မိသားစုဝင်ဖြစ်နေတာကြောင့် ဆုံးဖြတ်ရခက်ခဲနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်က လွိုင်ကော်မြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီပြည်လူငယ်အင်အားစု တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဆွေးနွေးရာမှာ ပြောကြားခဲ့တာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စပြေလည်မှုရရှိအောင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ကရင်နီလူငယ်အဖွဲ့တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင်မှာ ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ “ နိုင်ငံတော်အတိုင်ပင်ခံက သူ့မိသားစုဝင်နဲ့ ဆက်စပ်တဲ့ကိစ္စဖြစ်လို့ ဆုံးဖြတ်ရခက်နေတယ်လို့ ပြောပါတယ်။ ဒီလိုပြဿနာတွေ ဖြစ်နေတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းမူဘောင်တွေကို စဉ်းစားပြီး စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းတစ်ခုဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။” လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်နီပြည်လူငယ်အင်အားစုမှ ခွန်းသောမတ်စ်က ပြောပါတယ်။ ကရင်နီလူငယ်တွေအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာကို ဖြေရှင်းလိုပြီး အစိုးရတာဝန်ရှိသူတွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို စောင့်ဆိုင်းသွားမယ်လို့လည်း ဆိုပါတယ်။“ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာက ဖြေကို ဖြေရှင်းရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်တို့မှတ်ယူထားတယ်။...

ကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသည် အချိန်စောသည်ဟု ရဲတပ်ဖွဲ့ပြော

ပြေည်တော်၊ ဒီဇင်ဘာ ၁၉ ။            ။ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံထားရသူ ယာဉ်မောင်းကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသည် အချိန်စောသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ယနေ့ နေပြည်တော်တွင်ပြုလုပ်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောကြားလိုက်ခြင်းဖြစ်သည်။ တင်သွင်းထားသော တရားလိုပြသက်သေ ၂၇ ဦးတွင် ၂၀ ဦးသာ စစ်ဆေးပြီးစီးသော်လည်း ကျန် ၇ ဦးကို မစစ်ဆေးသေးဘဲ ကိုအောင်ကြီးကို တရားရုံးကတရားရှင်လွှတ်ပေးလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူ ရဲအရာရှိကြီးများက ဆိုသည်။အခင်းဖြစ်ပွားသည့်နေ့က ၀တ်ဆင်ခဲ့သည့် ယာဉ်မောင်းကိုအောင်ကြီး၏ ဘောင်းဘီတွင် သုတ်ရည်တွေ့ကြောင်း၊ ဗစ်တိုးရီးယားကလေးငယ်၏ ဘောင်းဘီနှင့်မိန်းမကိုယ်တွင် သုတ်ရည်တွေ့ကြောင်း၊ ယင်းအပြင် ကလေးမလေး၏ ဖခင်ကိုယ်တိုင်အပ်သောဗီဒီယိုထဲတွင် အကျီ င်္အဖြူနှင့်ပုဆိုးအပြာဝတ်ထားသောသူဖြတ်သွားချိန် ကလေးမလေးက (သမီးဖင်ဖုကို ဆိတ်တာ ဒီကိုကို)ဟုပြောထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ယင်းကဲ့သို့သော သက်မဲ့အထောက်အထားများကိုသာ အားကိုး၍ ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ရှိအထောက်အထားများကို အားမကိုးခဲ့ကြောင်းရဲတပ်ဖွဲ့ကဆိုသည်။”အကြောင်းမဲ့သက်သက်စွဲတာမဟုတ်ပါဘူး။...

သူမနဲ့တစ်ပုံစံတည်းတူတဲ့ သမီးလေးကို ချစ်မဝဖြစ်နေတဲ့ မေမေ ခိုင်နှင်းဝေ

အများ​ကောင်းကျိုးကို ကြည့်​တတ်​လွန်းလို့ ပရိသတ်​တွေက ပရဟိတ မင်းသမီးကြီးလို့​တောင်​တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ပရိသတ်​တွေ လေးစား ချစ်ခင်ကြသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ အမွေစားအမွေခံနဲ့ မွေးစားထားတဲ့ သမီးလေးတစ်ယောက်အပြင်၊ မိဘမဲ့က​လေး​တွေကိုလည်း သူမကိုယ်​တိုင်​မိခင်​အဖြစ်​ခံယူပြီး​မွေးစား​နေတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ သားသမီးတွေနဲ့ အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်တလောမှာ သူမနဲ့ တစ်ပုံစံတည်းတူတဲ့ သမီးလေး ရွှန်းရတီခိုင်နဲ့ လျှောက်လည်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်​ပရိသတ်​တွေ​အတွက်​ သူမရဲ့ကိုယ်ပွားလေးလို့တောင် ပြောရလောက်တဲ့အထိ ခိုင်နှင်းဝေနဲ့ တူလွန်းတဲ့ သမီးလေး ရွှန်းရတီခိုင်ရဲ့ ပုံရိပ်လေးတွေကို​ ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ ခိုင်​နှင်း​ဝေက​တော့ “အမေ့ရဲ့ ကိုယ်ပွားလေး ❤️❤️❤️💕💕💕😘😘😘 ” ဆိုပြီး ချစ်ရတဲ့ သမီးလေးနဲ့ လည်လည်ထွက်နေတဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်​ယက်​မှာ ဝေမျှပေးထားတာပါ။ ခိုင်နှင်းဝေရဲ့ သမီးလေးကတော့ အိုက်တင်တွေကအစ...