တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည် ဘာသာပြန်မှုတွင် ဆိုးရွားသည့် အလွဲအမှား ဖြစ်ပေါ်မှု Facebook တောင်းပန်

Facebook တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် “မစင်တွင်း” ဟု အဓိပ္ပါယ်ထွက်စေသည့် အင်္ဂလိပ်စကားလုံးဖြင့် လွဲမှားသည့် ဘာသာပြန်ဆိုချက် ထွက်ပေါ်ခဲ့ခြင်းအပေါ် Facebook ကုမ္ပဏီဘက်က ထုတ်ဖော်တောင်းပန်သွားခဲ့သည်ဟု သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ facebook စာမျက်နှာပေါ်တွင် တရုတ်သမ္မတ ရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဦးအကြား တွေ့ဆုံမှုအကြောင်း တင်ထားသည့် ပို့စ်တစ်ခုကို ဘာသာပြန်ဆိုရာတွင် ယင်းအမှားအယွင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။   မြန်မာဘာသာဖြင့် မူလ ရေးသားထားသော ရေးသားချက်ကို Facebook ပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုရာတွင် မစ္စတာ ရှီ ၏ အမည်ကို “မစ္စတာ မစင်တွင်း” ဟု သီးခြား ခြောက်ကြိမ်အထိ ထွက်ပေါ်ထားခဲ့သည်။ “တရုတ်သမ္မတ မစ္စတာ မစင်တွင်း ညနေ ၄ နာရီမှာ...

ထိုင်းမှာ ပထမဆုံး ဆေးခြောက်သုံး ကုသသည့်ဆေးခန်း ဖွင့်လှစ်ခဲ့ပြီးနောက် လာရောက်ပြသသည့် လူနာများဖြင့် ကြိတ်ကြိတ်တိုး

ထိုင်းနိုင်ငံမှာ ဆေးခြောက်သုံး ကုသတဲ့ ပထမဆုံး ဆေးခန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပြီး ဖွင့်လှစ်ပြီး ၁၀ ရက်အကြာမှာပဲ လာရောက်ပြသတဲ့ လူနာတွေနဲ့ ကြိတ်ကြိတ်တိုး နေခဲ့ပြီလို့  ဆိုပါတယ်။ လူနာ ၄၀၀၀ ကျော်ကို ဆရာဝန်တွေ စမ်းသပ်ကုသပေးခဲ့ရပြီးဖြစ်ကာ ဆေးခန်းမှာ ပြသဖို့  နောက်ထပ် လူနာ ၁၂၀၀၀ စာရင်းပေးထားတာကြောင့် လာမယ့် မတ်လအထိ စာရင်းပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရိုးရာဆေးနည်းနဲ့ ဆေးခြောက်အခြေပြုဆေးဝါးတွေသုံးကာ အချိန်ပြည့် ကုသမှုပေးသွားမယ့် ဆေးခန်းကို ဘန်ကောက်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခြောက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ လုံလုံလောက်လောက်မရှိသေးတာကြောင့် ဒီဆေးခန်းဟာ ရှေ့ပြေးအစီအမံ ဆေးခန်းတစ်ခုဖြစ်တယ်လို့  ဆိုပါတယ်။ ယင်းဆေးခန်းကို ကျန်းမာရေးဝန်ကြီးရဲ့ စီမံကြီးကြပ်မှုနဲ့ ဖွင့်လှစ် ကုသပေးနေခဲ့ခြင်းဖြစ်ကာ ဆေးခြောက် အခြေပြု...

ဝါရင့် အနုပညာရှင်ကြီးတွေနဲ့အတူ ပွဲတက်ခဲ့တဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်လေး အေးမြဖြူကတော့ အနုပညာလောကထဲကို ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်းဝင်ရောက်လာခဲ့ပါတယ်။ ငယ်စဉ်တည်းကလည်း အဆိုဝါသနာရှင် ကလေးငယ်တွေအတွက် စီစဉ်ပေးထားတဲ့ ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေရရှိခဲ့သူဖြစ်ပါတယ်။ အေးမြဖြူက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသွားချိန်မှာတော့ မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ တစ်ဘက်မှာလည်း ပညာရေးလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းဖို့ရှိနေပေမယ့် သူမဝါသနာပါတဲ့ ပြိုင်ပွဲအတွက် အချိန်ပေးပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။  ပြိုင်ပွဲတစ်လျှောက်အမှားအယွင်းနည်းစွာနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ဝင်းနားဆုကြီးနဲ့ လွဲချော်ခဲ့တဲ့ အေးမြဖြူကို ပရိသတ်တွေက ရင်ထဲက ဝင်းနားဆုကို ပေးထားပြီးသားဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာဏကြီးရိုက်ကူးမယ့် ချစ်ခင်စမှော်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ မြန်မာပေါကားများရပ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပွဲကိုလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ ပွဲတက်ခွင့် ဖိတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီ ပွဲကြီးကိုတော့ အေးမြဖြူက ဝါရင့် နာမည်ကျော် သရုပ်ဆောင်များနဲ့အတူ တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မိုးသိုလေးတွေရဲ့ ပရိသတ်တွေ ဂုဏ်ယူနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ Source...

အိန္ဒိယနိုင်ငံရဲ့ ခမ်းနားလှတဲ့ အဆောက်အအုံတွေကြားမှာ အလှဆုံးဖြစ်နေတဲ့ သက်မွန်မြင့်

ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်ဟာ အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ်(၂၀) တစ်လျှောက် အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ပိုင်ဆိုင်ထားသူလေးပါ။ ဒါ့အပြင် သက်မွန်မြင့်က “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “ချစ်လှစွာသောအမုန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။သက်မွန်မြင့်က ပြီးခဲ့တဲ့ လတွေက “စတုတ္ထမြောက်သွေးကြောမျှင်”၊ “Love Equations” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးခဲ့ပြီး အနားယူ ခရီးထွက်နေတာ ဖြစ်ပါတယ်။ သက်မွန်မြင့်က လက်ရှိမှာတော့ India နိုင်ငံရဲ့ အထင်ကရမြို့ဖြစ်တဲ့ Jaipur မြို့ကို သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ခင်လေးနွယ်၊ ယုသန္တာတင်၊ ဒီဇိုင်နာမပုံ့တို့နဲ့အတူတူ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က Jaipur မြို့ရဲ့ ထင်ရှားလှပတဲ့ အဆောက်အအုံအကြီးကြီးတွေမှာ အမှတ်တရ...

မိခင်ဖြစ်သူ ရန်ကုန်အလည်ရောက်တုန်း ရွှေဆွဲကြိုးနဲ့ ကန်တော့လိုက်တဲ့ ခြိမ့်ကေကို

Banana လို့အွန်လိုင်းသုံးစွဲသူတွေ ခေါ်ကြတဲ့ ခြိမ့်ကေကိုက သူ့ရဲ့မိခင်ဖြစ်သူကို ရွှေဆွဲကြိုးနဲ့ ကန်တော့လိုက်ပါတယ်။ ခြိမ့်ကေကိုဟာ အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်ပြီး လူကြိုက်များစိတ်ဝင်တစားရှိလှတဲ့ မြန်မာအိုင်ဒေါ Season-3 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲဝင်တစ်ဦးပါ။ ပြိုင်ပွဲဝင်စဉ် ဗိုက်ဆာနေတာကြောင့် ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်က ငှက်ပျောသီးကျွေးခဲ့ရာကစပြီး Banana  လို့ မှည့်တွင် ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေကြားရေပန်းစားလာတဲ့ Banana ဟာ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းအချို့ကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ထိုသီချင်းတွေကလည်း ပရိသတ်တွေကြား ပြောစမှတ်တွင်အောင် ပေါက်ခဲ့တယ်လို့ဆိုရမှာပါ။ ရန်ကုန်မြို့မှာနေထိုင်ပြီး သူဝါသနာပါတဲ့ လမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့ ခြိမ့်ကေကိုဟာ ဘဝလမ်းခရီးကိုလည်း အခက်အခဲတွေကြားက ဖြတ်သန်းနေသူတစ်ဦးပါ။ ဒီနေ့လေးမှာတော့ မိခင်ဖြစ်သူ ရန်ကုန်ရောက်ချိန်မှာ သူရတဲ့အနုပညာကြေးလေးတွေကိုစုဆောင်းပြီး ရွှေဆွဲကြိုးဝယ်ပေးခဲ့တဲ့အကြောင်းရေးသားထားပါတယ်။ “ကျွန်တော်banana အမေ ရန်ကုန်သို့အလည်ရောက်တုန်းလေး ကျွန်တော်banana ရတဲ့အနုပညာကြေးလေးတွေစုပြီး အမေအားဆွဲကြိုးလေးဝယ်ပြီ ကန်တော့လိုကိပါတယိအမျိုးတို့ အရမ်းပီတိဖြစ်မိပါတယ်☺☺☺☺☺😍😍😍😍😍” ခြိမ့်ကေကိုရဲ့ မိဘကျေးဇူးသိတတ်မှုကတော့ အတုယူ လေးစားစရာကောင်းလှပါတယ်။ ဘနားနားတစ်ယောက် သူလျှောက်လှမ်းချင်တဲ့အနုပညာလောကမှာ ဒီထက်မကပိုမိုအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Photos-Chaink K Ko Source – We Love Cele

The Mask Singerမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်တယ် ဆိုတဲ့ ကြောင်မလေး (မိတ်ကပ် မထက်)

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ဟာဆိုရင် အနုပညာရှင်တွေကို ခြယ်သပြင်ဆင်ပေးပြီး မြန်မာနိုင်ငံရဲ့ အလှဖန်တီရှင်များထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။ သူမ သရုပ်ဆောင်ရိုက်ကူးထားတဲ့ ” ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ The Mask singer မှာ ကြောင်မလေး အဖြစ်ပါဝင်ခဲ့တဲ့ မထက် ပုံရိပ်ကလေးတွကို ဖော်ပြပေးလိုက်ပါတယ်နော်။ မထက်ဟာဆိုရင် LGBT လောကထဲမှာ အမျိုးသမီး တစ်ဦးလို အမြဲလှပနေတဲ့ နာမည်ကြီး သူတစ်ဦးပါ။ အမျိုးသမီးတစ်ဦးလို ပြေပြစ်လှပတဲ့ Body ကို ပိုင်ဆိုင်ထားတာကြောင့်လည်း သူမကို ချစ်တဲ့ သူတွေများနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာတွေ့ရပါတယ်။ အလှအပနဲ့ ပတ်သက်ပြီး ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သူမက ဒီတစ်ခါမှာတော့ ပရိသတ်တွေကြား လက်ရှိစိတ်ဝင်စားမှုရရှိနေတဲ့ The Mask singer မှာ...

ရှုတင်နားချိန် ရထားလုံးလေးစီးပြီး ပြင်ဦးလွင်မှာ လျှောက်လည်ခဲ့တဲ့ မြင့်မြတ်တို့ မိသားစု

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မြင့်မြတ်က အကယ်ဒမီထူးချွန်ဆုကြီးကို ရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကား တော်တော်များများကို သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်ကို စွဲစွဲမြဲမြဲ အားပေးကြတာ ဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာတော့ အိချောပိုက ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးပုံဖော်တဲ့ “အထိန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိချောပို၊ ရှင်မွေလ၊ လင်းလင်း၊ သုသု တို့နဲ့အတူတူ ပြင်ဦးလွင်မြို့မှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ရုပ်ရှင်ရိုက်ကူးနေရင်း ရှုတင်နားတဲ့အချိန်လေးမှာ ဇနီးနဲ့ သားလေးကိုခေါ်ပြီး ရထားလုံးလေးစီးကာ ပြင်ဦးလွင်မြို့မှာ ပျော်ပျော်ပါးပါး လျှောက်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ဇနီးချော မန္တလေးသူလေး မခင်သူအောင်နဲ့ (၂၀၁၇) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး...

သစ်တံခါးဆရာတော်ရဲ့ မွေးနေ့အလှူအဖြစ် ဖုန်းအလုံး (၁၁၀) ကို မဲဖောက်ပေးမယ့် စမိုင်းလ်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်တို့ မိသားစုက အလှူအတန်းတွေကိုလည်း အမြဲမပြတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။ လှူနိုင်တန်းနိုင်လွန်းလို့ တစ်နေ့တစ်ခြား တိုးပွားလာတဲ့ စမိုင်းလ်တို့ မိသားစုကို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။ စမိုင်းလ်တို့ မိသားစုက ဒီနေ့မှာလည်း သစ်တံခါးဆရာတော်ကြီးရဲ့ ကျောင်းဝန်းအတွင်းမှာ ကျောင်းဆောင်သစ်တစ်ဆောင်ကို ပန္နက်ချ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနက်ဖြန် ဇန်နဝါရ်ီလ (၁၉) ရင်နေ့မှာလည်း သစ်တံခါးဆရာတော်ကြီးရဲ့ မွေးနေ့အလှူအဖြစ် ဟမ်းဖုန်းအလုံးပေါင်း (၁၁၀) ကို မဲဖောက်လှူဒါန်းပေးမယ့်အကြောင်းကို အခုလိုပဲ ပြောထားပါတယ်။ “သစ်တံခါးဆရာတော်ရဲ့မွေးနေ့အလှူအဖြစ် ကျမတို့မိသားစုမှ မနက်ဖြန် နေ့လည် ၁ နာရီ ၃နာရီ အထိ ဖုန်းအလုံး ၁၁၀ အားကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်နော်” “မိမိအတွက်တကယ်လိုအပ်နေတယ်ဆိုရင် မနက်ဖြန်နေ့လည် ၁နာရီမှာ လှိုင်သာယာ...

ကျောင်းဆက်တက်ရမှာမို့ Winner ဆုမပေးခဲ့တာလားဆိုတဲ့မေးခွန်းကို အကောင်းဆုံးဖြေရှင်းလိုက်တဲ့ အေးမြဖြူ

ပရိသတ်ရဲ့အချစ်တော်အေးမြဖြူကတော့ မြန်မာအိုင်ဒေါရဲ့အသက်အငယ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး Top-3 ထိတက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းပြည့်မီသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားပြည့်ဝတာကြောင့် ပရိသတ်အားလုံးရဲ့ချစ်ခင်အားပေးခြင်းကို ရရှိထားသူတစ်ယောက်ပါ။ အမျိုးသမီးပြိုင်ပွဲဝင်တွေအားသာတယ်လို့ သတ်မှတ်ထားတဲ့ဒီပြိုင်ပွဲကြီးမှာ ပရိသတ်အချို့ကတော့ အေးမြဖြူကို Winner အဖြစ်ခန့်မှန်းခဲ့ကြပြီး ထင်သလိုမဖြစ်လာတဲ့အခါ အေးမြဖြူက ကျောင်းဆက်တက်ရမှာမို့ မြန်မာအိုင်ဒေါရဲ့အကျိုးအမြတ်အရ Winner မပေးခဲ့ဘူးဆိုတဲ့ဝေဖန်သံတစ်ချို့ထွက်ပေါ်လာခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး အေးမြဖြူကိုမေးမြန်းခဲ့တဲ့အခါမှာတော့ “အဲ့ဒါကတော့မဟုတ်လောက်ပါဘူး… သမီးက Winner ဖြစ်တာမဖြစ်တာထက်လေ အောင်မြင်မှုကိုလည်းရချင်တယ်.. အောင်မြင်မှုရတဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်… Winner ဖြစ်ချင်တဲ့သူတစ်ယောက်အနေနဲ့မဟုတ်ဘဲပေါ့နော်… အခုလိုမျိုးဆိုရင်လည်း သမီးကိုအရမ်းအားပေးတဲ့သူတွေရှိတဲ့အတွက်ကြောင့်မို့ သမီးဆက်ပြီးတော့ အကောင်းဆုံးကြိုးစားသွားဖို့ပဲရှိပါတော့တယ်.. ပြိုင်ပွဲတုန်းက ကိစ္စကတော့ ပြီးသွားပြီပေါ့နော်… ပြိုင်ပွဲတုန်းက Winner ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သမီးကိုအားပေးတဲ့ပရိသတ်တွေကနောက်မှာ အများကြီး ရှိနေတယ်.. ဝန်းရံပေးတဲ့သူတွေကလည်း နောက်မှာအများကြီးရှိနေတယ်ဆိုတော့ ဆက်ပြီးကြိုးစားသွားမှာပါ” လို့အကောင်းဆုံးဖြေကြားခဲ့ပါတယ်။   ငယ်ရွယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်လုပ်ခဲ့သူအေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ဒါရိုက်တာဏကြီးရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းခံထားရပါသေးတယ်။အခုမှ လူကြီးဖြစ်ကာစဆိုပေမယ့် ပညာရေးနဲ့ အနုပညာဘက်မှာသာမက အရွယ်နဲ့မမျှအောင် ရင့်ကျက်ပြီးစိတ်ထားပြည့်ဝသူလေးမို့...

ကျန်းမာရေးမကောင်းတဲ့အချိန်မှာ မိသားစုတွေက အားပေးကြတယ်ဆိုတဲ့ မီးမီးခဲ

မီးမီးခဲဟာ သူချစ်ရတဲ့ ခင်ပွန်း၊ သားသမီးတွေနဲ့ အတူတူနေထိုင်တယ်လို့ဆိုပါတယ်။ ကင်ဆာရောဂါ ခံစားနေရတဲ့ သူမကို ခင်ပွန်းက အရမ်းဂရုစိုက်ပါတယ်တဲ့။ မီးမီးခဲကတော့ ပိုင်ဆိုင်ထားတဲ့ မိသားစုအကြောင်းကို ပြောပြလာပါတယ်။ လက်ရှိ သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိသားစုတွေက အားပေးစကားပြောကြတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။“ အစ်မက အခု သမီးနဲ့အတူတူနေပါတယ်။ သမီးကြီးကတော့ အစ်မအခုရောဂါဖြစ်နေတာကို သိတယ်။ သမီးငယ်လေးလည်း သိတယ်။ အငယ်ဆုံး ကလေးလေးကတော့ မသိသေးဘူးပေါ့နော်။ သူတို့ကို ဓာတ်ပုံလေးတွေ ပြတော့ မာမီအဲဒါ ဘာဖြစ်တာလဲတဲ့။ မာမီနေမကောင်းဘူးပေါ့နော်။ ဟိုနိုင်ငံမှာကကျတော့ ကင်ဆာဖြစ်တယ်ဆိုရင် မိသားစုက ကတုံးလိုက်တုံးတယ်လေ။ အဲဒီတုံးကလည်း အစ်မအမျိုးသားက လိုက်တုန်းတယ်” လို့ ဆိုပါတယ်။ သူမရဲ့ ခင်ပွန်းကလည်း အရမ်းကို ကောင်းတဲ့ အိမ်ထောင်ဘက်ကောင်းတစ်ယောက်ဖြစ်တယ်လို့ မီးမီးခဲက ပြောပါတယ်။ မီးမီးခဲရဲ့ အလုပ်အပေါ်မှာ အများကြီး ပံ့ပိုးပေးတယ်လို့ ဇန်နဝါရီလ...