မေမေနဲ့အတူဓာတ်ပုံရိုက်ရင်း ကင်မရာကိုမျက်လုံးအဝိုင်းသားလေးနဲ့လိုက်ကြည့်နေတဲ့ ပိုးအိအိခန့်ရဲ့သားလေးကိုကိုး

မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်တွေရဲ့အားပေးမှုရရှိလာခဲ့တာ ဖြစ်ပါတယ်။ ပိုးအိအိခန့်က ဘောလုံးသမားအောင်သူနဲ့ လက်ထပ်ထိမ်းမြားပြီးနောက်ပိုင်းမှာတော့ သားလေးတစ်ယောက်ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ ချစ်ရတဲ့သားလေးကို ပြုစုစောင့်ရှောက်နေတဲ့ မေမေပိုးအိအိခန့်က အနုပညာအလုပ်တွေကို ခဏရပ်နားထားတာလည်း ဖြစ်ပါတယ်။

ပိုးအိအိခန့်တို့ဇနီးမောင်နှံက သူမတို့ရဲ့သားဦးလေးကို သွင်ဦးဟန် (ခေါ်) ကိုကိုးလေးလို့ ချစ်စနိုးနဲ့နာမည်လေးပေးထားတာ ဖြစ်ပါတယ်။ အသက်လေးလကျော်အရွယ်ရှိပြီဖြစ်တဲ့ သားလေးကိုကိုးက ပါးဖောင်းဖောင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း ကိုကိုးလေးက မေမေနဲ့အတူ ဓာတ်ပုံရိုက်ရင်း ကင်မရာကိုမျက်လုံးအဝိုင်းသားလေးနဲ့ စိတ်ဝင်တစားလိုက်ကြည့်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို မေမေပိုးအိအိခန့်က ” ဖေဖေ့ကို မခေါ်ဘဲ မေမေနဲ့သားသား နှစ်ယောက်ထဲ ဘန်ကောက်သွားပြီ ” ဆိုပြီး တင်လိုက်တာ ဖြစ်ပါတယ်။ ပိုးအိအိခန့်တို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးကတော့ ပရိသတ်တွေကို အချစ်ပိုစေမှာ အသေအချာပါပဲနော်။ ချစ်ပရိသတ်ကြီးအတွက် ပိုးအိအိခန်နဲ့သားလေးကိုကိုးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Soe Moe