ကပ္ေရာဂါေဘးႀကီးအတြက္ ေအာက္စီဂ်င္အိုးေတြ သိန္း (၅၅၀) ဖိုးခန႔္လႉဒါန္းေပးခဲ့တဲ့ ျပင္ဦးလြင္က ေစတနာရွင္မိသားစုရဲ႕ ေျပာင္ေျမာက္တဲ့ဒါန

Last modified date

လတ္တေလာမွာျပည္သူေတြႀကဳံေတြ႕ေနရတဲ့ ေအာက္စီဂ်င္အခက္အခဲကို ေငြေၾကးတတ္ႏိုင္သူေတြက အဆင္ေျပမယ့္နည္းလမ္းေတြအကုန္လုံးနဲ႔ ျဖည့္ဆည္းလႉဒါန္းေပးေနၾကတာ တကယ္ကိုပီတိျဖစ္စရာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကလည္း ျပင္ဦးလြင္ၿမိဳ႕က ေ႐ႊဆိုင္တစ္ခုဟာ ျပင္ဦးလြင္ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ေအာက္စီဂ်င္အခက္အခဲေတြကိုျမင္ေတြ႕ၿပီး စိတ္မေကာင္းျဖစ္မိတာေၾကာင့္ ေအာက္စီဂ်င္ 40L အိုး အလုံး (၂၀၀) ကာလတန္ဖိုး က်ပ္သိန္း (၅၅၀) ခန႔္ အကုန္အက်ခံကာ လိုအပ္ေနသူေတြအတြက္ ေစတနာအျပည့္နဲ႔ လႉဒါန္းေပးခဲ့ပါတယ္။ ဒီလိုလႉဒါန္းမႈေၾကာင့္ အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ေတာ့မွာမို႔ တကယ္ကိုဝမ္းသာစရာပါ။


သူတို႔ရဲ႕ပီတိျဖစ္စရာအလႉေလးအေၾကာင္းကိုလည္း ” ယခုလက္ရွိက်ေရာက္ေနေသာ COVID -19 ကပ္ေရာဂါေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕တြင္ေနထိုင္ေသာၿမိဳ႕သူ/ၿမိဳ႕သားမ်ား၏ က်န္းမာေရးအတြက္ ေအာက္စီဂ်င္အိုး(Oxygen)အမ်ားအျပားလိုအပ္လ်က္ရွိၿပီး မျပည့္စုံမႈ႕မ်ားကို စိတ္မေကာင္းစြာ ေတြ႕ျမင္ေနရပါသည္။ ထို႔ေၾကာင့္ဦးစိန္ေမာင္ (သား) ေဇာ္မင္းဦးေ႐ႊဆိုင္မိသားစုမွ မိမိတတ္စြမ္းႏိုင္သေလာက္ႀကိဳးစား၍ ျပင္ဦးလြင္ၿမိဳ႕အတြက္ ေအာက္စီဂ်င္အိုး (Oxygen) 40L ဆန႔္ ပစၥည္းအစုံပါေသာ (အသစ္) အေရအတြက္ (၂၀၀) တန္ဖိုး သိန္း (၅၅၀) က်ပ္ခန႔္အား ေရာင္းသူဝယ္သူ မိဘျပည္သူမ်ားႏွင့္ကြၽန္ေတာ္မ်ားမိသားစုက ယေန႔လႉဒါန္း၍ ကုသိုလ္ျပဳလိုက္ပါေၾကာင္း သာဓုေခၚဆိုႏိုင္ရန္တင္ျပလိုက္ပါတယ္ခင္ဗ်ာ🙏🏻🙏🏻🙏🏻” ဆိုၿပီးေျပာျပလာခဲ့ပါတယ္။

ပည္သူေတြရဲ႕လိုအပ္ခ်က္ေတြကို ေနာက္ပိုင္းမွာလည္း ထပ္ၿပီးျဖည့္ဆည္းသြားမယ့္အေၾကာင္းကို ” ေနာက္ထပ္လည္း လိုအပ္ေသာေနရာမ်ားတြင္ ဆက္လက္လႉဒါန္းေပးသြားမွာျဖစ္ပါေၾကာင္းႏွင့္ ယခင္ကလည္း ၿမိဳ႕သူ/သားမ်ား၏လိုအပ္ေသာပညာေရး၊ က်န္းမာေရး၊ ဘာသာေရး၊ သာသနာေရးမ်ားတြင္ လည္း စြမ္းစြမ္းတမံကူညီေဆာင္႐ြက္ေပးခဲ့ပါသည္။ ဦးစိန္ေမာင္ (သား) ေဇာ္မင္းဦးေ႐ႊဆိုင္ ေ႐ႊခ်စ္သူ မိဘျပည္သူမ်ား ႏွင့္တကြ ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ား COVID-19ကပ္ေရာဂါဆိုးႀကီးမွ အျမန္ဆုံး လြတ္ေျမာက္ပါေစေၾကာင္း ဦးစိန္ေမာင္ (သား) ေဇာ္မင္းဦးေ႐ႊဆိုင္ မိသားစုမွ ဆုေတာင္းေမတၱာပို႔သအပ္ ပါတယ္ခင္ဗ်ာ 🙏🏻🙏🏻🙏🏻 ” ဆိုၿပီး ထပ္မံေျပာျပခဲ့ပါေသးတယ္။ ေစတနာေကာင္းတဲ့ အလႉရွင္မိသားစု စိတ္ခ်မ္းသာကိုယ္က်န္းမာၿပီး ကပ္ေရာဂါေဘးႀကီးကေနလည္း လြတ္ကင္းပါေစလို႔ ဆုမြန္ေကာင္း ေတာင္းပါတယ္။


လတ်တလောမှာပြည်သူတွေကြုံတွေ့နေရတဲ့ အောက်စီဂျင်အခက်အခဲကို ငွေကြေးတတ်နိုင်သူတွေက အဆင်ပြေမယ့်နည်းလမ်းတွေအကုန်လုံးနဲ့ ဖြည့်ဆည်းလှူဒါန်းပေးနေကြတာ တကယ်ကိုပီတိဖြစ်စရာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း ပြင်ဦးလွင်မြို့က ရွှေဆိုင်တစ်ခုဟာ ပြင်ဦးလွင်မြို့သူမြို့သားတွေရဲ့ အောက်စီဂျင်အခက်အခဲတွေကိုမြင်တွေ့ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် အောက်စီဂျင် 40L အိုး အလုံး (၂၀၀) ကာလတန်ဖိုး ကျပ်သိန်း (၅၅၀) ခန့် အကုန်အကျခံကာ လိုအပ်နေသူတွေအတွက် စေတနာအပြည့်နဲ့ လှူဒါန်းပေးခဲ့ပါတယ်။ ဒီလိုလှူဒါန်းမှုကြောင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်တော့မှာမို့ တကယ်ကိုဝမ်းသာစရာပါ။


သူတို့ရဲ့ပီတိဖြစ်စရာအလှူလေးအကြောင်းကိုလည်း ” ယခုလက်ရှိကျရောက်နေသော COVID -19 ကပ်ရောဂါကြောင့် ပြင်ဦးလွင်မြို့တွင်နေထိုင်သောမြို့သူ/မြို့သားများ၏ ကျန်းမာရေးအတွက် အောက်စီဂျင်အိုး(Oxygen)အများအပြားလိုအပ်လျက်ရှိပြီး မပြည့်စုံမှု့များကို စိတ်မကောင်းစွာ တွေ့မြင်နေရပါသည်။ ထို့ကြောင့်ဦးစိန်မောင် (သား) ဇော်မင်းဦးရွှေဆိုင်မိသားစုမှ မိမိတတ်စွမ်းနိုင်သလောက်ကြိုးစား၍ ပြင်ဦးလွင်မြို့အတွက် အောက်စီဂျင်အိုး (Oxygen) 40L ဆန့် ပစ္စည်းအစုံပါသော (အသစ်) အရေအတွက် (၂၀၀) တန်ဖိုး သိန်း (၅၅၀) ကျပ်ခန့်အား ရောင်းသူဝယ်သူ မိဘပြည်သူများနှင့်ကျွန်တော်များမိသားစုက ယနေ့လှူဒါန်း၍ ကုသိုလ်ပြုလိုက်ပါကြောင်း သာဓုခေါ်ဆိုနိုင်ရန်တင်ပြလိုက်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻” ဆိုပြီးပြောပြလာခဲ့ပါတယ်။


ပြည်သူတွေရဲ့လိုအပ်ချက်တွေကို နောက်ပိုင်းမှာလည်း ထပ်ပြီးဖြည့်ဆည်းသွားမယ့်အကြောင်းကို ” နောက်ထပ်လည်း လိုအပ်သောနေရာများတွင် ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်ပါကြောင်းနှင့် ယခင်ကလည်း မြို့သူ/သားများ၏လိုအပ်သောပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သာသနာရေးများတွင် လည်း စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ဦးစိန်မောင် (သား) ဇော်မင်းဦးရွှေဆိုင် ရွှေချစ်သူ မိဘပြည်သူများ နှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားများ COVID-19ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဦးစိန်မောင် (သား) ဇော်မင်းဦးရွှေဆိုင် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်ခင်ဗျာ 🙏🏻🙏🏻🙏🏻 ” ဆိုပြီး ထပ်မံပြောပြခဲ့ပါသေးတယ်။ စေတနာကောင်းတဲ့ အလှူရှင်မိသားစု စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကပ်ရောဂါဘေးကြီးကနေလည်း လွတ်ကင်းပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။

သတင်းအရင်းမြစ်: ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်’s FB Acc

Tips News