စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ကျဆုံးသွားသူများအတွက် ဆုတောင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း မြို့ နယ်အချို့တွင် အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူများအ တွက် ဆုတောင်းပွဲများကို ညအ ချိန်တွင် ပြုလုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများအတွက် ဆု တောင်းပွဲများကို မတ်လ ၅ ရက် ညပိုင်းက မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ကလေးဝ၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ရွှေဘို၊ ကလေး စသည့် မြို့နယ်များအတွင်း ရပ် ကွက်၊ ကျေးရွာများတွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသခံတစ်ဦးက ‘‘မတ်လ ၄ ရက်ကစပြီး ညတိုင်း ဆု တောင်းပွဲလုပ်တယ်။ စစ်အာဏာရှင်ကျဆုံးရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဖယောင်း တိုင်တွေထွန်းပြီး လက်ပံတောင်း တောင်အနီး ပတ်ဝန်းကျင်ရွာတွေက ချင်းတွင်းမြစ်ကမ်းမှာ ဆု တောင်းတာပါ။ စစ်အာဏာရှင်အမြန်ကျဆုံးပါစေလို့ ချင်းတွင်း မြစ်ကို သက်သေတည်ပြီး ဆု တောင်းကြတယ်’’ဟု ပြောသည်။

ဆားလင်းကြီးမြို့နယ်အ တွင်း လက်ပံတောင်းဒေသခံများ သာမက ကျေးစာကျ၊ ဂုဏ်တော၊ စုန်းချောင်း၊ တရော်ကျင်းနှင့် ချင်း တောင်ကျေးရွာတို့တွင် ရာနှင့်ချီ သော ကျေးရွာဒေသခံများ ဆု တောင်းပွဲတွင် ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့ဒေသခံတစ်ဦးက ‘‘သေနတ်ထိမှန် ကျဆုံးတဲ့နေရာ မှာ မတ်လ ၃ ရက် ညနေကစပြီး ညစဉ် ဖယောင်းတိုင်ထွန်းတာ၊ ပန်းစည်းချတာတွေ လုပ်တယ်။ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်အချို့မှာလည်း စစ်အာဏာရှင် လက်ချက်နဲ့ ကျဆုံးသွားသူတွေ ကို ဖယောင်းတိုင်ထွန်းပြီး ဆု တောင်းတာတွေ လုပ်ကြတယ်’’ ဟုပြောသည်။

ကလေးဝမြို့တွင် မတ်လ ၅ ရက်ကစ၍ ညစဉ် ၇ နာရီ၌ မြို့လယ်လမ်းဆုံတွင် အာဏာရှင်ကျဆုံးပါစေကြောင်းနှင့် အာဏာ ရှင်ဆန့်ကျင်ရင်း ကျဆုံးသွား သော သူရဲကောင်းများအတွက် ဆုတောင်းပွဲအား ပြုလုပ်ရန် စီစဉ်ထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာရှင်ဆန့်ကျင်ရေး လှုပ် ရှားမှုတွင် မတ်လ ၃ ရက်က ကျဆုံးသူများစာရင်းအရ မုံရွာမြို့တွင် သေဆုံးသူရှစ်ဦးနှင့် ကလေးမြို့ တွင် တစ်ဦးရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားပြုကော်မတီက ထုတ်ပြန်ကြေညာထားသည်။

admin