ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ဧဒင်အုပ်စုဥက္ကဋ္ဌလည်းဖြစ် ဘဏ်လုပ်ငန်းရှင်လည်းဖြစ်သော ဦးချစ်ခိုင်က အမေရိကန်ဒေါ်လာ ၁ သန်းခွဲ လှူဒါန်း
မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ဧဒင်အုပ်စုဥက္ကဋ္ဌလည်းဖြစ် ဘဏ်လုပ်ငန်းရှင် လည်း ဖြစ်သော ဦးချစ်ခိုင်က အမေရိကန်ဒေါ်လာ ၁ သန်းခွဲကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ရှိ ကိုဗစ်19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( နိုင်ငံခြားငွေစာရင်းအမှတ်( EDC 600012 ) သို့ လှူဒါန်းခဲ့ကြောင်း သိရ သည်။“နိုင်ငံတော်အစိုးရသတ်မှတ်ပေးထားတဲ့ ငွေစာရင်းအကောင့်ထဲကို ဒီနေ့ပဲ ထည့်နေပါပြီ၊ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံသားတိုင်း ထိုးနှံစေချင်တယ်။ဒီကိစ္စက အရေးကြီးတယ်လေ”ဟု ဦးချစ်ခိုင်ကပြောသည်။
COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာ ရင်းဖွင့်လှစ်ပြီး ( နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 ) တွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀၊ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန် ပုံငွေ ( မြန်မာကျပ်ငွေစာရင်းအမှတ် OA013733 )စာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ ကို စတင်ထည့်သွင်းထားသည်။ယင်းအပြင် ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပြည်တွင်းပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့ အစည်းများအတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ရှိ ကိုဗစ်19 ကာကွယ်ဆေး ဝယ်ယူရရှိ ရေးရန်ပုံငွေ ( နိုင်ငံခြားငွေစာရင်းအမှတ်( EDC 600012 ) သို့ မည်သည့် နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်း နိုင်ရန်နှင့် COVID-19 ကာကွယ်ဆေး ဝယ်ယူ ရရှိရေးရန်ပုံငွေ ( မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 ) သို့ မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ရန် ငွေစာရင်းအကောင့်များဖွင့်ပေးထားကြောင်း သိရ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက်ကိုဗစ်ကာကွယ်ဆေး ဝယ်ယူ ရရှိ ရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပြည်မြန်မာ