တိုင်ပေအနီး ရေနံတင်သင်္ဘောပေါ်တွင် ခိုက်ရန်ဖြစ်ပြီး မြန်မာသင်္ဘောသားတစ်ဦးသေဆုံး

တိုင်ပေကမ်းရိုးတန်း အလွန်ရှိ နိုင်ငံခြားသင်္ဘောတစ် စီးပေါ်တွင် အပေါင်းအပါသင်္ဘော သားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နောက် မြန်မာသင်္ဘောသားတစ် ဦးသေဆုံးခဲ့ကြောင်း မီဒီယာများ က စနေနေ့တွင် ဖော်ပြသည်။ ကွတ်ခ်ကျွန်းတွင် မှတ်ပုံ တင်ထားသည့်ရေနံတင်သင်္ဘော New Progress သည် နယူးတိုင် ပေစီးတီး ကမ်းလွန်နိုင်ငံတကာ ရေပြင်၌ ခုတ်မောင်းနေစဉ် ယင်း သင်္ဘောပေါ်တွင် အထက်ပါဖြစ် ရပ်ဖြစ်ပွားခဲ့ကြောင်း စီအင်န်အေ သတင်းက ဖော်ပြသည်။ ရလဒ် အနေဖြင့် ယင်းအမှုနှင့်ပတ်သက် ၍ တိုင်ပေတွင်တရားစီရင်ပိုင် ခွင့်မရှိကြောင်း တိုင်ပေကမ်း ခြေစောင့်ကြပ်မှု စီမံခန့်ခွဲရေးဌာန CGA ၏ ဖော်ပြချက်အရ သိရ သည်။

Sailor from Myanmar dies after fight on tanker near Taiwan | Taiwan News |  2021/01/02

သောကြာနေ့(ဇန်နဝါရီ၁ ရက်)ညနေပိုင်းက ယင်းသင်္ဘော သည် နယူးတိုင်ပေမှ ရေမိုင် ၃၁ မိုင်(၅၇ကီလိုမီတာ)အရောက် တွင် ခိုက်ရန်ဖြစ်ပွားပြီး ဝေဖြိုး အောင် (၂၇) နှစ်ဓားဖြင့် ထိုးခံ ခဲ့ရသည်။ ၎င်း၏ အခြေအနေ လျင်မြန်စွာ ဆိုးရွားလာသော ကြောင့် သင်္ဘောအမှုထမ်းများက အကူအညီ လှမ်းတောင်းခဲ့ရာ ရဟတ်ယာဉ်တစ်စီးက ၎င်းကို တိုင်ပေ ဆောင်ရှန်လေဆိပ်သို့ပို့ ဆောင်ပေးခဲ့သည်။

Burmese oil tanker crewman airlifted to Taiwan after being stabbed at sea,  but dies in transit – Taiwan English News

သို့သော် ၎င်းသည် ဆေးရုံ သို့ရောက်ရှိပြီးနောက် သေဆုံး ကြောင်း ကြေညာခဲ့ရသည်ဟု စီ အင်န်အေသတင်းက ဖော်ပြ သည်။ ယင်းရေနံတင်သင်္ဘော သည် စနေနေ့နံနက်ကကီလွန်း ဆိပ်ကမ်းတွင် ကျောက်ချရပ်နားခဲ့သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တရားစီရင်ပိုင်ခွင့်မရှိသော်လည်း သင်္ဘောပိုင်ရှင်က တောင်းဆိုပါက စုံစမ်းစစ်ဆေးရာတွင် ကူညီပေးသွားမည်ဖြစ်ကြောင်းCGA က ပြောကြားသည်။

Crew member died after being stabbed during fight on board | NEW PROGRESS -  FleetMon Maritime News

ဆဲဗင်းဒေး

admin