(၇) နှစ်ကြာ လက်တွဲမဖြုတ်ဘဲ ချစ်ခဲ့ကြတဲ့ ချစ်သူမိန်းကလေးနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ ဂျိုကာ

Image may contain: 1 person, standing and closeup

အဆိုတော်ရဲလေးရဲ့ ညီအရင်းဖြစ်သူ ဂျိုကာကတော့ အစ်ကိုနဲ့အတူတူ သီချင်းတွေကိုလည်း သီဆိုသလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း သူ့လမ်းသူ ဖောက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဟာသဖက်ကို ပိုမိုအားသန်တဲ့ ဂျိုကာက ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး မကြာသေးခင်ကလည်း  ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Image may contain: 1 person

ဒါ့အပြင် ဂျိုကာက အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း လူငယ်တစ်ယောက်ပီပီ သာယာတဲ့ အချစ်ရေးတစ်ခုကိုလည်း တည်ဆောက်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Image may contain: 1 person

ဒီကနေ့မှာတော့ ဂျိုကာက သူ့ရဲ့ချစ်သူမိန်းကလေးနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ ဂျိုကာတို့ ချစ်သူနှစ်ယောက်ကတော့ (၇) နှစ်ကျော်တိုင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ချစ်လာကြတဲ့သူတွေဖြစ်ပြီး နှစ်ဖက်မိဘတွေနဲ့တကွ ပရိသတ်တွေပါ သိထားကြတဲ့ အေးချမ်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling

ပရိသတ်တွေကတော့ ဂျိုကာရဲ့ မင်္ဂလာရှိတဲ့ သတင်းလေးအတွက် ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂျိုကာရဲ့ မင်္ဂလာပွဲသတင်းလေးကို နောက်ထပ်စောင့်မျှော်ပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 1 person, standing and closeup

ဆယ်လီကွန်နက်ရှင်

admin