တရုတ်အာကာသယာဉ်အစိတ်အပိုင်း မြန်မာ့ပင်လယ်ပြင်သို့ကျ၍ ထိခိုက်မှုကို စစ်ဆေးပေးစေလို

တရုတ်နိုင်ငံ အာကာသလွန်းပြန်ယာဉ်၏ အ စိတ်အပိုင်းအချို့သည် ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီနှင့် ၁၁ နာရီ အတွင်း ရခိုင်ကမ်းရိုးတန်းရှိ သံတွဲ၊ မာန်အောင်နှင့် ဧရာဝတီ တိုင်း ပုသိမ်မြို့အနီး ပင်လယ်ပြင် သို့ ကျရောက်ခဲ့သဖြင့် ရေပေါ်၊ ရေအောက် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးပေးရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ဒေသ ခံများက လိုလားနေသည်။

ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင်ကုတ် အပါအ၀င် မြို့နယ်အများအပြားတွင် ပုဒ်မ  ၁၈၈ ဒေသန္တရ အမိန့် ထုတ်ပြန်ထားကြောင်း သိရ - THIT HTOO LWIN (Daily News)

ရခိုင်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအ သင်း ဗဟိုအလုပ်အမှုဆောင် ဦးကောင်းကြွယ်စိုးက ‘‘သန္တာ ကျောက်တန်းတွေ ပျက်စီးနိုင်ပါ တယ်။ တုန်ခါမှုနဲ့ အပူရှိန်ကို မခံ နိုင်တဲ့ ရေနေသတ္တဝါတွေ သေဆုံး နိုင်တယ်။ ရေအောက်မိုင်းခွဲ ငါး ဖမ်းတဲ့ တုန်ခါမှုထက် ပိုပြင်းတာမို့ ရေသတ္တဝါဆုံးရှုံးမှုကတော့ အ နည်းနဲ့အများရှိမှာပါ။ ပင်လယ် ရေအခြေအနေနဲ့ ရေသတ္တဝါအ သေတွေ ကမ်းတင်လာခြင်း ရှိ၊ မရှိကို ကျွန်တော်တို့အဖွဲ့က လေ့လာစောင့်ကြည့်နေပါတယ်’’ ဟု ပြောသည်။အာကာသလွန်းပြန်ယာဉ်၏ အစိတ်အပိုင်းအချို့ ကျရောက် မည်ဟု ကြိုတင်သတိပေးထား၍ ငါးဖမ်းလှေများ ထိခိုက်မှုမရှိနိုင် သော်လည်း ပင်လယ်ပြင်ရေထု ညစ်ညမ်းမှုဖြစ်နိုင်ကြောင်း ၎င်း ကပြောသည်။

ဒီဇင်ဘာ ၂၇ ရက် ည ၁၁ နာရီခန့်က တရုတ်နိုင်ငံ အာကာ သလွန်းပြန်ယာဉ်၏ အစိတ်အ ပိုင်းအချို့ သံတွဲ၊ မာန်အောင်နှင့် ပုသိမ်မြို့အနီး ပင်လယ်ပြင်သို့ ကျရောက်ပြီးနောက် သံတွဲမြို့ရှိ နေအိမ်များ တုန်ခါမှုဖြစ်ပေါ်ခဲ့ ကြောင်း မြို့ခံများက ပြောသည်။ ‘‘ကျတဲ့အသံက အရမ်း ကျယ်တယ်။ မိုးကြိုးပစ်သံလိုမျိုး။ လူတွေက မအိပ်ဘဲ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြတယ်’’ ဟု သံတွဲမြို့ခံ ဦးထွန်းမင်းခိုင်က ပြောသည်။ တရုတ်နိုင်ငံ အာကာသ လွန်းပြန်ယာဉ်၏ အစိတ်အပိုင်း အချို့သည် မာန်အောင်လေဆိပ် ၏ တောင်ဘက်ရေမိုင် ၄၅ မိုင် ခန့်၊ သံတွဲလေဆိပ်၏ အနောက် တောင်ဘက် ရေမိုင် ၃၃ မိုင်ခန့် နှင့် ပုသိမ်လေဆိပ်၏ အနောက် မြောက်ဘက် ရေမိုင် ၆၀ ခန့် ပင်လယ်ပြင်တွင် မြေပြင်မှ အမြင့်ပေ အကန့်အသတ်မရှိကျ ရောက်နိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ဒီဇင်ဘာ ၂၆ ရက် တွင် သတိပေးအကြောင်းကြား စာ ထုတ်ပြန်ခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးမျိုးလွင်က ‘‘ကမ်းပေါ်ကနေအိမ် တွေတောင် တုန်ခါသွားတယ်ဆို တော့ ရေအောက်မှာရှိတဲ့သတ္တဝါ တွေကို ထိခိုက်မှာပဲ။ အဲဒါကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး သင့်တယ်’’ ဟု ပြောသည်။

ဆဲဗင်းဒေး

admin