ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမားတွေအတွက် အခြေခံစားသောက်ကုန် တွေသွားရောက်လှူဒါန်းပေးမယ့် ထူးအယ်လင်း

အဆိုတော်ကြီးထူးအယ်လင်းကတော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကျိုက်ထီး ရိုးတောင်ပေါ်က အထမ်းသမားမိသားစု တွေအတွက် အခြေခံစားသောက်ကုန်တွေကို သွားရောက်လှူဒါန်းပေးမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ ဒီကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားအဖြစ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ အိမ်ထောင်စုဟာ ၉၀၀ ကျော်ရှိတယ် လို့သိရ ပါတယ်။

အဲဒီ အိမ်ထောင်စု ၉၀၀ အတွက်လိုအပ်တဲ့စားသောက်ကုန်လေးတွေလှူဒါန်းဖို့အတွက် အဆိုတော်ထူးအယ်လင်းက ၅သိန်းကျပ် စတင်ကာ မတည်လှူဒါန်းသွားမှာဖြစ်ပါတယ်။

“ ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားမိသားစု ချို့တဲ့အိမ်ထောင် ၉၀၀ ကျော်ရှိ ပါတယ်။ အထမ်းသမားတစ်အိမ်ထောင်ကို ဆန် ၆ ပြည်၊ ကြာဆံ တစ်ထုပ်၊ ကုလားပဲဝါ ငါးဆယ်သားတစ်ထုပ်၊ ခုနှစ်ရက်တစ်ပတ်စာ စားနိုင်တဲ့ ငပိကြော်ထုပ် တစ်ထုပ် အစရှိ တဲ့ရိက္ခာများကို ကျိုက်ထီးရိုးတောင်ပေါ်ရှိ မှီတင်းနေတဲ့ အထမ်းသမားအိမ်ထောင်စု ၉၀၀ ကျော်ကို သွားရောက် ဝေမျှကူညီပံ့ပိုးပါမယ်ဗျ” လို့ အဆိုတော်ကြီး ထူးအယ်လင်းက အသိပေးပြောပြထားတာဖြစ်ပါတယ်။

အဲဒီလို သွားရောက်ကူညီရာမှာတော့ တောင်ခြေမှာရှိတဲ့ အိမ်ထောင်စုကို စာရင်း ကောက်ပြီးမျှဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောင်တဆိုတာ ထူးအယ်လင်းမှာလည်း ရှိတယ်၊ နောင်တတွေကို ဟားပစ်လိုက်တယ်”

Photo Credit

admin