အဖွဲ့ချုပ်ပန်းဘဲတန်းကိုယ်စားလှယ်လောင်းနှင့် ပါတီကို လူမျိုးရေး၊ဘာသာရေးထိခိုက်ပြောဆို၍ မင်းကင်းအမတ် ဦးမောင်မြင့်ကို တိုင်ကြားနိုင်ရန်အတွက် ခွင့်ပြုချက်တောင်းခံထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပန်းဘဲတန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီကို လူမျိုးရေး၊ဘာသာရေး ထိခိုက်ပြောဆို၍ မင်းကင်းအမတ် ဦးမောင်မြင့်ကို တိုင်ကြားနိုင်ရန်အတွက် ခွင့်ပြုချက်တောင်းခံထားကြောင်း ပန်းဘဲတန်းမြို့နယ် NLDပါတီ ဒုဥက္ကဌ ဦးမောင်မောင်ကပြောသည်။ အောက်တိုဘာ ၂၃ရက်ဆက်သွယ်မေးမြန်းရာတွင် ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးမောင်မောင်ကပြောသည်။

“သူကပြောတာက မင်းကင်းမှာဆိုပေမဲ့ ကျွန်တော်တို့ပန်းဘဲတန်းအမတ်လောင်း ကိုစည်သူမောင်နဲ့ ပါတီကို လူမျိုးရေး၊ဘာသာရေးထိခိုက်ပြောဆိုထားတယ်။ဒါကရွေးကောက်ပွဲ ဥပဒေတွေနဲ့ ငြိစွန်းနေတာ‌တော့သေချာနေပြီ။သို့သော် ဒါကိုဘယ်လိုဆက်လုပ်ရမလဲဆိုတာ ကျွန်တော်တို့ ပါတီခရိုင်ကိုတင်ပြထားတယ်။အဲဒီက ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းကပြောသည်။ မင်းကင်းအမတ်လောင်း ဦးမောင်မြင့်သည် မင်းကင်းမြို့နယ်အတွင်း ကျေးရွာများသို့ လှည့်လည်မဲဆွယ် စည်းရုံးဟောပြောရာတွင် NLDပါတီကို

အကြောင်းပြု၍ ထိခိုက်ပြောဆိုမှုများရှိခဲ့ကြောင်း ရုပ်သံများပေါ်ထွက်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲနည်းဥပဒေအရ လူမျိုးရေး၊ဘာရေးကိုအကြောင်းပြု၍ မဲဆွယ် လှုံဆော်ရန် တားမြစ်ထားကြောင်းနှင့် ၎င်းကိုဖောက်ဖျက်၍ ရွေးကောက်ပွဲအောင်နိုင်ပါကလည်း ကန့်ကွက်လွှာရှိလျင် ကိုယ်စားလှယ်အဖြစ်ကပျက်ပြယ်မည်ဟုရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်ကို ဘိုးတော်ဘုရား မသိမ်းခဲ့ပါက အာရကန်နစ္စတန် ဖြစ်နေပြီဟု မင်းကင်းအမတ် ဦးမောင်မြင့်ပြော - ရန်ကုန်ခေတ်သစ် မီဒီယာ

Myanmar Harp

admin