ဥရာပနဲ့ ယူအက်စ်မှာ ဆောင်းရာသီ တတိယလှိုင်းဝင်တော့မယ့် ကိုဗစ် နှင့် အေးဆေးဖြစ်နေတဲ့ တရုတ်

ဥရောပ တခွင် မှာ ကိုဗစ် ဒုတိယလှိုင်းတွေ ပြန်လည် ပြင်းထန် ယူအက်စ် မှာ လည်း တချို့ သတင်းဌာနတွေ ရေးသားချက် အရ သိရ တာ တတိယလှိုင်း ဝင်တော့မယ်တဲ့ (ဆောင်း ရောက် တော့ မယ်) အိန္ဒိယ မှာ လည်း ၇ သန်းကျော်သွားပြီ ဝန်ကြီးချုပ် မိုဒီ ပြောတာ က မကြာခင် သူတို့ဆီမှာ ပွဲတော် တွေ လာတော့မယ် ဥပမာ Diwali တို့ ဘာတို့ အဲ့ဒီကျရင် ကေ့စ်တွေ ထပ်တိုးလာနိင်တယ်တဲ့

ဒါတွေ အားလုံးနဲ့ ဆန့်ကျင်ဖက် တရုတ် မှာ ဘာလှိုင်း မှ ကြီးကြီးမားမားထပ်မဖြစ်ဘူး Active Case ရာဂဏန်း ပဲရှိတော့တယ် ။ တရုတ် Domestic Air Traffic ဒေတာတွေ (စက်တင်ဘာလအတွက်) ကို ကြည့် ကြည့် တာ တရုတ်ကြီး ၃ ကြီး လေကြောင်း Air China, China Southern, China Eastern တို့ က မနှစ်က စက်တင်ဘာ Pre-pandemic Traffic ကိုတောင် ကျော်သေးတဲ့ဗျား တခြား Sector တွေ ကို လည်း လေ့လာကြည့်ပါ စိတ်ဝင်စား ဖို့ကောင်းပါတယ် ပြန်လည် နလန်ထူစပြုနေပြီ ။ တရုတ်မှာ ဒုတိယ လှိုင်းတွေ ဘာတွေ ဘာလို့ မဖြစ်တာလဲ ဆိုတာ သိပ္ပံ နည်းကျ လေ့လာထားတဲ့ ဟာတွေ ရှိရင်တော့ လေ့လာချင်တယ် အလင်းပြကြပါ အခု နဲနဲသံသယဝင်ချင်လာပြီ

မြန်မာမှာဆို Commercial International Flight တွေကိုပိတ်ထားတာဘယ်လောက်ရှိပြီလဲ အားလုံးအသိ ခုဆို ဒုတိယလှိုင်း အစ မှာ Domestic တွေပါ ပိတ် သွား ပြီ မြန်မာ Airlines တချို့ လည်း ဝန်ထမ်းလခပေးဖို့ အပါအဝင် အစိုးရထံ အကူအညီတောင်းနေ ရ ပြီ။ ဒေါ်နယ်ထရန့် ကတော့ တရုတ်ကို ကြိမ်းဝါး နေပြီ China is going to pay a big price တဲ့ အစက ထရန့်ကို သိပ်မကြိုက်ဘူး ဒါပေမယ့် အဲ့လိုပြောပြီးနောက်ပိုင်း သူ့ကို ကျွန်တော် ခိုက်သွားတာ ထရန့်ဖန် ဖြစ်သွားပါပြီ

Where Europe's Second Wave of Covid-19 Is Filling Up Hospitals - The New  York Times

ခုဖြစ်နေတဲ့ကိစ္စတွေ အတွက် တရုတ်မှာ တာဝန် မကင်း လို့ ကျွန်တော် ယူဆပါတယ်.. (Aung Soe Moe)

admin