ရန်ကုန်မှာ ပိုးတွေ့မှုနှုန်းကျဆင်းလာတာ ၁၀ ရက်ကျော်ရှိပြီလို့ ဒေါက်တာဇော်ဝေစိုးပြော

ရန်ကုန်မှာ ပိုးတွေ့မှုနှုန်းကျဆင်းလာတာ ၁၀ ရက်ကျော်ရှိပြီလို့ ရန်ကုန်ကိုဗစ် ကော်မတီ ဒုတိယ ဥက္ကဌ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

ဇော်ဝေစိုး၊ ဒေါက်တာ - ဝီကီပီးဒီးယား

ဒေါက်တာဇော်ဝေစိုးက “ရန်ကုန်မှာ အောက်တိုဘာ ၁၀ ရက်နေ့တုန်းက ပေါ့စတစ် လူနာ ၂၀၀၀ အထိတွေ့ခဲ့ပြီး အဲဒီနောက်ပိုင်း တဖြည်းဖြည်းကျဆင်းပြီးတော့ အခုအချိန်မှာ ၈၀၀၊ ၉၀၀ နဲ့ ၁၀၀၀ ပတ်ဝန်းကျင်မှာ တန်းနေတာ ဖြစ်ပါတယ်။ လုံးဝကျဆင်းလာတာမဟုတ်သေးဘူး။ဒါပေမယ့် အမြင်ဆုံး ကနေ ကျဆင်းလာတာ ၁၀ ရက် ၁၁ ရက်ရှိပါပြီ” လို့ ဆိုပါတယ်။

Covid-19's hidden threat in Myanmar - Asia Times

ဆက်ပြီးကျဆင်းဖို့အတွက် အားလုံးနှင့် သက်ဆိုင်ပြီး ပေါ့လို့မရသေးဘူးလို့လည်း အောက်တိုဘာ ၂၂ ရက်နေ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID – 19 ရောဂါနှင့်ပတ်သက်ပြီး အထူးသတိပြုနေထိုင်ရန်နှင့်လိုက်နာဆောင်ရွက်ရန် ပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့ တာဖြစ် ပါတယ်။

#MyanmaPlatform #News

admin