ကိုဗစ် တတိယလှိုင်းဒဏ်ကို ကြီးကြီးမားမား ခံစားနေရပြီဖြစ်တဲ့ အီရန်နိုင်ငံ

အရှေ့အလယ်ပိုင်းဒေသမှာတော့ ကိုဗစ်က ကြီးမားတဲ့စမ်းသပ်မှုတွေကို ထပ်မံပြီးတော့ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ စိတ်ပျက်စရာကောင်းတဲ့ ကူးစက်မှုမှတ်တမ်းအသစ်တွေ ဖြစ်ပေါ်လာခဲ့ပြီး ၂၄ နာရီအတွင်းမှာ သေဆုံးသူဦးရေ အများဆုံးရှိလာခဲ့ပါတယ်။ ဒါဟာ မတ်လအတွင်းမှာ စတင်ကူးစက်ခံခဲ့ရတဲ့ အချိန်ကစပြီးတော့ စံချိန်သစ်တင်ခဲ့တာလည်းဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေက သူတို့နိုင်ငံအနေနဲ့ ကိုဗစ် တတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို စတင်ခံစားနေရပြီလို့ ပွင့်ပွင့်လင်းလင်းဝန်ခံသွားခဲ့ပြီဖြစ်ပါတယ်။ အကြီးမားဆုံးရောဂါလှိုင်းနဲ့ တွေ့ရှိခဲ့ရတဲ့ အထောက်အထားတွေအရဆိုရင် အစိုးရအပေါ် ယုံကြည်မှုလျော့နည်းလာခဲ့ကြပြီး ဒီအခက်အခဲကနေ ရုန်းကန်နိုင်ဖို့အတွက် အီရန်က ရုန်းကန်နေရပြီလည်းဖြစ်ပါတယ်။ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံစားနေရတဲ့ အီရန်ရဲ့ ဆေးရုံတွေမှာ လူနာတွေပြည့်နှက်နေပြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွေအတွင်းမှာလည်း လူနာတွေက တော်တော်များပြားနေပြီလို့ ဆိုပါတယ်။

Sina ဆေးရုံရဲ့ ဒါရီုက်တာတစ်ဦးဖြစ်တဲ့ မိုဟာမက်တာလက်ဘ်ပူအာက အီရန်နိုင်ငံသားတွေအနေနဲ့ စုစုစည်းစည်းနဲ့ ကာကွယ်တွန်းလှန်နိုင်ခြင်းမရှိခဲ့ပါက အဆိုပါရောဂါက နောက်ထပ် ၁၈ လအထိဆက်လက်ရှိနေမှာဖြစ်ပြီး အဆိုပါအချိန်အတွင်းမှာ လူပေါင်းသုံးသိန်းအထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းပြေဆိုခဲ့ပါတယ်။ သူက ဆေးရုံတွေမှာရှိတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း သုံးပုံတစ်ပုံဟာလည်း ရောဂါကူးစက်ခံထားရပြီလို့ ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံတဝှမ်းမှာတော့ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း သုံးသောင်းနီးပါးအထိ ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာပဲ သေဆုံးသူ ၂၅၄ ဦးအထိ ရှိနေခဲ့ပြီး အောက်တိုဘာ ၁၂ရက်နေ့က စံချိန်တင်သေဆုံးခဲ့တဲ့ ၂၇၂ ဦးထက် အနည်းငယ်သာ လျော့ကျခဲ့တာလည်းဖြစ်ပါတယ်။

၂၄ နာရီအတွင်းမှာ ကူးစက်ခံရသူပေါင်း ၄၁၀၈ ဦးအထိ စံချိန်တင်အရေအတွက်ရှိခဲ့ပြီးတော့ ဒါဟာ အောက်တိုဘာလ ၈ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ကူးစက်ခံခဲ့ရသူ ၄၃၉၂ ဦးထက် အနည်းငယ်နည်းပါးခဲ့ပါတယ်။ Social Distancing စည်းကမ်းကို လိုက်နာမှုအားနည်းနေတဲ့ အီရန်ပြည်သူတွေကို စည်းကမ်းတင်းကြပ်ဖို့အတွက် ကြပ်မတ်ကြိုးစားခဲ့ပြီး အများပြည်သူသွားလာရာနေရာတွေမှာ Mask တပ်ဆင်ဖို့အတွက်လည်း အစိုးရက အားထုတ်ခဲ့ပါတယ်။ စည်းကမ်းလိုက်နာခြင်းမရှိခဲ့ရင် ဒေါ်လာ ၆.၆၀ အထိ ဒဏ်ရိုက်ဖို့ တီဟီရန်အစိုးရက စတင်ခဲ့ပြီလည်းဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ကတော့ ဒေါ်လာ ၃၀ အထိ ဒဏ်ရိုက်ခံရမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အီရန်ငွေဈေးကလည်း တဖြည်းဖြည်းကျဆင်းလာနေပြီး တစ်လလုပ်ခဟာ အနည်းဆုံးဒေါ်လာ ၆၀ ကနေ ယုတ်လျော့လာခဲ့လို့ ဒဏ်ကြေးငွေက နည်းပါးတဲ့ပမာဏမဟုတ်တာကြောင့် စည်းကမ်းလိုက်နာမယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီး Saeed Namaki က ဒါဟာ အဟန့်အတားဖြစ်စေဖို့ လုံလောက်တဲ့အဆင့်တော့မဟုတ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့အခြေအနေအပေါ်မှာ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်းနိုင်မှုအားနည်းနေပြီး အငြင်းပွားမှုတွေရှိနေတာကိုလည်း အီရန်က ဖုံးကွယ်ထားခြင်းတော့မရှိခဲ့ပါဘူး။ အီရန်ဆေးဘက်ဆိုင်ရာဥက္ကဌ မိုဟာမက်ရီဇာက အစိုးရတာဝန်ရှိသူတွေဟာ ဆေးပညာကျွမ်းကျင်သူတွေရဲ့ သတိပေးမှုကို လျစ်လျူရှုခဲ့တယ်လို့ ပြစ်တင်ခဲ့ပြီး အီရန်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ ခြေကုန်လက်ပမ်းကျနေပြီလို့လည်း ပြောခဲ့ပါတယ်။ သူက ကျွမ်းကျင်သူမဟုတ်သူတွေရဲ့ ဆုံးဖြတ်ချက်အချို့အပေါ် ပြစ်တင်ခဲ့ရာမှာတော့ –

“တချို့ဆုံးဖြတ်ချက်တွေက ကျွမ်းကျင်သူတွေဆီကမဟုတ်ပါဘူး၊ တက်ရောက်ဖို့လိုအပ်ချက်နဲ့အတူ ကျောင်းတွေပြန်ဖွင့်တာ ဒါမှမဟုတ် လူတွေလိုက်နာဖို့မလိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ကြေညာချက်ထုတ်ပြန်တာတွေပေါ့၊ ဒါတွေကို ကျွမ်းကျင်သူတွေက ချမှတ်ခဲ့တာမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

အီရန်မှာတော့ မိသားစုတွေအတွင်းမှာ ဗိုင်းရပ်စ်က အများဆုံးပြန့်နှံ့နေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မုန့်ဆိုင်တွေ၊ စာသင်ကျောင်းတွေနဲ့ စားသောက်ဆိုင်တွေမှာလည်း လူတွေက စည်းကမ်းလိုက်နာမှုအားနည်းပြီး ချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။ အမေရိကန်ရဲ့ ပုဂ္ဂလိကကဏ္ဍ ၁၈ ခုအပေါ် ပိတ်ဆို့မှုတွေက အီရန်ကို ပိုမိုပြီး အခက်အခဲတွေကြား တွန်းပို့နေခဲ့တာလည်းဖြစ်ပါတယ်။

ဘဏ်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို အီရန်ရရှိနေမှုကို လျှော့ချခဲ့တာဖြစ်ပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးပါ အကျပ်အတည်းတွင်းရော်ကနေတာဖြစ်ပါတယ်။ အီရန်သမ္မတ Rouhani ကတော့ ကိုင်တွယ်ဖြေရှင်းမှုတွေအားနည်းမှုကြောင့် ဝေဖန်ခံနေရပြီး လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ့နေရာကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်အများအပြားကလည်းထိုးနှက်နေချပါတယ်။ Rouhani ဟာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့အတွက် ပြည်နယ်အာဏာပိုင်တွေကိုသာ တာဝန်ပေးအပ်ထားတယ်လို့ စွပ်စွဲခံနေရပြီး လုံလောက်တဲ့ ဖြေရှင်းစရာနည်းလမ်းတွေကို မပြုလုပ်နိုင်ခဲ့ဘူးလို့ ပြစ်တင်ခံခဲ့ရတာဖြစ်ပါတယ်။

Iran says number of COVID-19 deaths could be 80% higher | MEO

admin