အင်းစိန်မြို့နယ်မှ ကိုဗစ်လူနာ တဝက်ကျော် ရောဂါသက်သာလို့ ဆေးရုံဆင်းကြပြီ

အင်းစိန်မြို့နယ်မှ ကိုဗစ်လူနာ တဝက်ကျော် ရောဂါသက်သာလို့ ဆေးရုံနှင့် ကုသရေးစင်တာများမှ ပြန်လည် ဆင်းသွားကြပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားလိုက်ပါတယ်။

အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “ အောက်တိုဘာ ၁၆ ရက်နေ့ညနေပိုင်း MOHS ကြေညာချက်အရ အင်းစိန်မှ ၃၆ ဦး ကိုဗစ်ပိုးတွေ့ရှိရပါတယ်။ ၎င်းတို့အနက် သေဆုံးသူ ၂ ဦးပါဝင်ခဲ့ရာ အင်းစိန်မှ သေဆုံးသူ ၂၁ ဦးရှိပြီဖြစ်ပါတယ်။

စုစုပေါင်း ၁၅၀၂ ဦး ကူးစက်ခံခဲ့ရပြီး ရောဂါပိုးအခြေအနေသက်သာပြီး ကုသရေးစင်တာ/ ဆေးရုံအသီးသီးမှ ပြန်လည်ဆင်းလာနိုင်သူ ၇၄၃ ဦးအထိ ရှိပြီလည်းဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

admin