အောင်လံမြို့ မွေးမြူရေးကြက်ခြံ (၉)လုံး မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ ဘူတာရုံ(၁)လမ်း ၊ လမ်းသွယ် (၃)လမ်းက မွေးမြူရေးကြက်ခြံမှာ အောက်တိုဘာ(၁၆) ရက် မနက် (၄) ခွဲခန့်က ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဖြစ်စဉ် မှာ လမ်းသွယ်(၃)လမ်းက ဦးစန်းလွင်ပိုင် ကြက်ခြံမှာ (၁၅)ရက်သား ဥစားကြက်ပေါက် တွေကို

မီးသီးနဲ့ အပူပေးရာကနေ အပူလွန်ကဲပြီး ကြက်ခြံ ကြမ်းခင်းက ဖွဲခံခင်းနေရာကို မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)၊ မီးသတ်ယာဉ်(၉)စီး နဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ကြက်ခြံ(၉)လုံး၊ခြံစောင့်အိမ်(၂)လုံး၊ဝက်ခြံ(၁)လုံး၊ဆိုင်ကယ်(၁)စီး၊ ကြက်ကောင်(၃၆၀၀) မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ(၂၈၅) နဲ့ အရေးယူဆောင်ရွက် နေတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားပါတယ်။

One News Myanmar

admin