စစ်ကိုင်းတိုင်းတွင် ဆေးရုံ၊သင်တန်းနှင့် အချုပ်ခန်းများက ကြိုတင်မဲ လျှောက်ထားသူ (၇၅၀)ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် သင်တန်း၊ကျောင်း၊ ဆေးရုံ ဆေးခန်းနဲ့ အချုပ်ခန်းတွေကနေ ကြိုတင်မဲပေးနိုင်ဖို့ လျှောက်ထားတဲ့ မဲဆန္ဒရှင်(၇၅၀)ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အရာရှိ ဦးအောင်မျိုးလွင် ကပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ သင်တန်းကျောင်းကနေ ကြိုတင်မဲ တောင်းဆိုလာတဲ့ မဲဆန္ဒရှင် (၁၀၀)၊ ကျောင်းတွေက တောင်းဆိုလာတဲ့ မဲဆန္ဒရှင် (၂၄)ယောက်၊ ဆေးရုံက တောင်းဆိုလာတဲ့ မဲဆန္ဒရှင်(၄)ယောက်နဲ့ အချုပ်ခန်းတွေကနေ တောင်းဆိုလာတဲ့ မဲဆန္ဒရှင် (၆၂၂)ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဆန္ဒနယ်ပြင်ပကနေ ကြိုတင်မဲတောင်းဆိုလာတဲ့ မဲလက်မှတ်တွေကို သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတွေကို ပေးပို့ထားပြီးဖြစ်သလို ဆေးရုံ၊သင်တန်း၊ ကျောင်းနဲ့ အချုပ်ခန်းစတဲ့ နေရာက မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ အောက်တိုဘာလ (၈)ရက်ကနေ အောက်တိုဘာလ (၂၁)ရက် အတွင်းမှာ ကြိုတင်ဆန္ဒမဲပေးရမှာဖြစ်တယ်လို့ သိရပါ တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်တဲ့ရက်အတွင်း ရပ်ကျေးကော်မရှင် အဖွဲ့ဝင်(၂)ယောက်က သွားရောက်ပြီး ကြိုတင်မဲကောက်ယူရမှာဖြစ်တယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးအောင်မျိုးလွင် ကပြောပါတယ်။

 

ကိုဗစ်အတည်ပြုလူနာတွေ၊ စောင့်ကြည့်ခံနေရသူတွေ ကြိုတင်မဲပေးနိုင်မယ် | Omedia

ဆေးရုံ၊အချုပ်ခန်း၊သင်တန်းကျောင်းစတဲ့နေရာတွေကနေ တ ကြိုတင် ဆန္ဒမဲပေးတဲ့အခါ ပါတီ ကိုယ်စားလှယ် လောင်းတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ မဲရုံ တာဝန်ရှိသူတွေ လိုက်ပါစောင့်ကြည့်နိုင်ပြီး လျှို့ဝှက် ဆန္ဒမဲပေးတာကိုတော့ အနှောက်ယှက်မရှိအောင် ဂရုပြုကြရမှာ ဖြစ်တယ်လို့ တိုင်းရွေး/ကော်အဖွဲ့ခွဲ အရာရှိ ကပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်(၁၂၅)ခုရှိပြီး ပါတီ(၁၇)ခု က ကိုယ်စားလှယ်လောင်း(၆၅၁)ယောက်နဲ့ တစ်သီးပုဂ္ဂကိုယ်စားလှယ် လောင်း (၃၃)ယောက် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲ စပေးနေပြီ - ShweMan Media

One News Myanmar

admin