ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၅)ဦးထပ်မံတွေ့ရှိ ပိုးတွေ့လူနာ (၁၀၀)ကျော်အထိ ရှိလာ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း အသွားအလာကန့်သတ်ထားသူ (၄၅) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ တယ်လို့ အောက်တိုဘာလ(၁၆)ရက်မနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုးတွေ့သူတွေဟာ ရန်ကုန်မြို့က ပြန်လာသူ(၄၂)ဦးနဲ့ အတည်ပြုလူနာနဲ့ ထိတွေ့ ဆက်စပ်သူ(၃)ဦး စုစုပေါင်း (၄၅)ဦး ဖြစ်တယ်လို့ သိရပါတယ်။

အောင်မြင်မြို့က (၅)ဦး၊ ဖဒိုဒေသက (၅)ဦး၊ ပဲနွယ်ကုန်းမြို့က (၁၂)ဦးနဲ့ ကျောက်တံခါးမြို့က (၂၃)ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ရတာဖြစ်ပြီး အထက(ကျောက်တံခါး) ယာယီ ဆေးရုံမှာ (၂၃)ဦး၊ အောင်မြင်တိုက်နယ် ဆေးရုံမှာ (၁၂)ဦး၊

ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံမှာ (၅)ဦးနဲ့ ဖဒိုတိုက်နယ်ဆေးရုံမှာ (၅)ဦး တို့ကို သီးသန့်ဆောင်တွေမှာ သီးခြားထားရှိ ကုသပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တံခါးမြို့နယ်မှာ အောက်တိုဘာလ(၁၆) ရက်အထိ အတည်ပြုလူနာ (၁၀၃)ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ကတော့ (၃၈)ဦးရှိတယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ အတည်ပြုလူနာ (၆၅)ဦးကိုတော့ သက်ဆိုင်ရာ ဆေရုံတွေမှာ ကုသမှု ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

One News Myanmar

admin