ကိုဗစ်ကာလမှာ လူအယောက် ၁၆၀၀ နီးပါးကို မနက်စာညစာ ထောက်ပံ့လှူဒါန်းနေတဲ့ လူမှုရေးအဖွဲ့

ရန်ကုန်တိုင်းဒေသကြီးဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်က နွယ်အေး စွန္နီဂျာမေဗလီ လူမှုရေးအသင်းဟာ ကိုဗစ်ကာလမှာ လူအယောက် ၁၆၀၀ နီးပါးကို မနက်စာ ညစာ ထောက်ပံ့လှူဒါန်းနေတာ အခုဆိုရင် တစ်လကျော်ရှိနေ ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်ကတည်းက ဒီထောက်ပံ့မှုအလှူကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာ ၉၅ ခုမှာ စောင့်ကြည့်ခံနေရတဲ့ ရဟန်းသံဃာ

သီလရှင်အပါအ၀င် ပြညသူတွေ၊သူတို့ကို ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေ အတွက် နေ့စဉ် မနက်စာနဲ့ ညနေစာ ပို့ဆောင်လှူဒါန်းနေတာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတာကတော့ နွယ်အေး စွန္နီဂျာမေဗလီမှာ နေ့စဉ် ပို့ဆောင်လှူဒါန်းပေးမဲ့အစားအစာတွေကို ချက်ပြုတ်နေကြတာ ဖြစ်ပါတယ်။ချက်ပြုတ်ပြီးတဲ့ အစားအစာတွေကို စနစ်တကျ ထည့်တာ ထုတ်ပိုးတာတွေ လုပ်ပြီးရင် မော်တော်ယာဉ်တွေနဲ့ သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာတွေကိုလိုက်လံပို့ဆောင်ကြတာ ဖြစ်ပါတယ်။

လူ အယောက် ၁၆၀၀ ကျော်အတွက် တစ်နေ့မှာ မနက်စာ ညနေစာ ထမင်းဘူး ၃၂၀၀ ကျော်အတွက် ချက်ပြုတ်ရတာ ဖြစ်ပြီး ကုန်ကျစရိတ်က နေ့စဉ် ငွေ ကျပ်သိန်း ၃၀ ၀န်းကျင် ရှိနေတယ်လို့ သိရပါတယ်။

Pyi Myanmar

admin