ပုဂံရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းပြိုကျ

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်းခြင်္သေ့ရုပ်ကြီး နှစ်ကောင်ကြားရှိ စောင်းတန်းအဝင်ဝ မှာ ယနေ့နံနက် ၆ နာရီ ခွဲခန့်အချိန်က ပြိုကျမူဖြစ်ပွားခဲ့ကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့မှသိရသည်။

Image may contain: food and outdoor

အဆိုပါနေရာသည် ယခင်က ဆိုင်ခန်းများထားရှိခဲ့သော နေရာဖြစ်သော်လည်း ယခုအခါ ဖိနပ်ထားရှိရာ နေရာအဖြစ် လုပ်ဆောင်ထားသည့်နေရာဖြစ်သည်။

Image may contain: outdoor

“အုတ်အက်ကြောင်းတွေကြားထဲ မိုးရေတွေဝင်ရောက်ရာ ကနေပြိုကျတာပါ။ခရီးသွားတွေမရှိတာကံ ကောင်းတယ်လို့ပြောလို့ရတယ်။လူထိခိုက်မူမရှိသလိုရှေးဟောင်း လက်ရာတွေ ထိခိုက်မူလည်း မရှိပါ ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

Image may contain: food

Pyi Myanmar

admin