ပြည်ခိုင်ဖြိုးပါတီ အစိုးရဖြစ်ရင် တိုင်းပြည်စီးပွားရေးပြန်ကောင်းအောင် လုပ်ဆောင်ပေးမယ်လို့ပါတီဒုက္ကဌပြော

ပြည်ခိုင်ဖြိုးပါတီ အစိုးရဖြစ်ရင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်ပေးမယ်လို့ ပါတီ ဒုဥက္ကဋ္ဌဦးလှထွန်းကပြောကြားလိုက်ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိ ပြည်သူများနဲ့သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌဦးလှထွန်းက“ကျွန်တော်တို့ ပြည်သူတွေ များသော အားဖြင့်တောင်သူ ဦးကြီးတွေပေါ့။ ဒီကာလတွေမှာ သီးနှံဈေးနှုန်းတွေမကောင်းတော့ စီးပွားရေးအဆင်မပြေကြဘူး။

အဲ့ဒီတော့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစရာအခက်ခဲတွေရှိလာတယ်။ တိုင်းပြည် စီးပွားရေး ကျဆင်းလာတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ခဲ့ရင် ဒါတွေပြန်လည် ကောင်းမွန်အောင်လုပ်မယ်။

ကျွန်တော်တို့ ပါတီရဲ့ ပြည်သူ့အာမခံချက် (၁၁) ချက်မှာလည်း လယ်ယာထုတ်ကုန်များ သင့်တင့်မျှတတဲ့ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့အာမခံထားပြီးဖြစ်တယ်” လို့ဆိုပါတယ်။

Myanmar Platform

admin