YBS ယာဉ်မောင်းက ခရီးသည်အမျိုးသမီးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

YBS ယာဉ်မောင်းက အိပ်ပျော်၍မှတ်တိုင်ကျော်လာသည့်ခရီးသည်အမျိုးသမီးကိုအဓမ္မပြုကျင့်မှု ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၌ ဖြစ်ပွားကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြုကျင့်ခံရသူတရားလိုမ——-၊ ၂၄ နှစ်၊ စက်ရုံအလုပ်ဝန်ထမ်းသည် ဗိုလ်တထောင်မြို့နယ်အနီး ဆေးရှံရှေ့ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်နေထိုင်သော ၎င်း၏သူငယ်ချင်းထံလူနာမေးပြီးနောက် ဇန်န၀ါရီလ ၁၄ ရက်၊ ညနေပိုင်းတွင် YBS- 4 ကိုစီးလျက်ဒဂုံ(တောင်)မြို့နယ်၊ နေအိမ်သို့ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

Image may contain: one or more people and people standing

ထို့နောက် ကားပေါ်၌ ထိုင်ခုံနေရာရသဖြင့် အိပ်ပျော်၍သွားခဲ့စဉ် ၎င်းဆင်းရမည့် ၆၅ ရပ်ကွက်၊ ဆောက်လုပ်ရေးမှတ်တိုင်ကိုကျော်ပြီး ယုဇနဥယျာဉ်မြို့တော်အတွင်း YBS- 4 ဂိတ်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ထို့ကြောင့်ဆင်းမည်ပြုစဉ် ယာဉ်မောင်းဖြစ်သူ ပြုံးကိုကို(၃၅)နှစ်က ၎င်းမောင်းသည့်ကားမှာ ချက်ချင်းပြန်ထွက်မည်ဖြစ်သောကြောင့် မဆင်းဘဲစောင့်ရန်ပြောသဖြင့် ကားပေါ်၌ဆက်လက်နေခဲ့ရာ ခရီးသည်အားလုံးရှင်းလင်းချိန်တွင် ယာဉ်မောင်းပြုံးကိုကိုက ကားတံခါးများကိုပိတ်ကာ ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသူမ——၊ ၂၄ နှစ်၏တိုင်ကြားချက်အရသိရသည်။

Image may contain: car and outdoor

ထို့နောက် နောက် အခြားထွက်မည့်ကားပေါ်ပြောင်းတင်ပေးခဲ့ပြီး မည်သူ့ကိုမှမပြောရန် ခြိမ်းခြောက်ခဲ့သော်လည်း နေထိုင်ရာရပ်ကွက်ရောက်ချိန်၌ ဖြစ်စဉ်ကိုအုပ်ချုပ်ရေးရုံးမှတစ်ဆင့် ရဲစခန်းသို့တရားလိုပြုလုပ်တိုင်ကြားရာ ပြစ်မှုကျူးလွန်သူပြုံးကိုကို(၃၅)နှစ်ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း၌ ပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ယုဇနဥယျာဉ်မြို့တော်သို့ပြေးဆွဲနေသည့် YBS 4 ယာဉ်လိုင်း

အကုန်သိ

admin