အစိုးရရုံး၊ ဌာနဝန်ထမ်းများ တစ်ဝက်နား၊ တစ်ဝက်ဆင်းစနစ် ပြန်ကျင့်သုံးရန် ညွှန်ကြား

အစိုးရဝန်ထမ်းများ စက်တင်ဘာ ၉ ရက်ကစ၍ တစ်ဝက်နား၊ တစ်ဝက်တက်ရမည့်စနစ်ကို ပြန်လည်ကျင့်သုံးရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာ ၆ ရက်တွင် ညွှန်ကြားလိုက်သည်။ သြဂုတ် ၁၆ ရက်တွင် ရခိုင် ပြည်နယ်၌ ပြည်တွင်းကူးစက်မှု ဟု သုံးသပ်ရသော COVID- 19 အတည်ပြုလူနာ တွေ့ရှိခဲ့ရာမှ ဆင့်ပွားကူးစက်မှုများသည် တိုင်း နှင့်ပြည်နယ်များသို့ ပျံ့နှံ့လျက်ရှိ သဖြင့် နိုင်ငံ့ဝန်ထမ်းများကို ကူး စက်မှုမရှိစေရေး၊ ရုံးလုပ်ငန်းတာ ဝန်များ အရှိန်မပျက်ဆောင်ရွက် နိုင်ရေးအတွက် ညွှန်ကြားခြင်းဖြစ်သည်ဟု အသိပေးသည်။

MINISTRY OF HEALTH AND SPORTS

လူစုလူဝေးမှတစ်ဆင့် လျင် မြန်စွာ ကူးစက်မှုဖြစ်ပေါ်နိုင်သ ဖြင့် လက်ရှိ ရုံး၊ ဌာနများရှိ ဝန် ထမ်းအင်အား ၅၀ ရာခိုင်နှုန်းသာ တာဝန်ထမ်းဆောင်ရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းကို ဝန်ထမ်းအိမ်ရာ (သို့မဟုတ်) အဆောင်နှင့် နေ အိမ်များတွင် တာဝန်ချိန်အဖြစ် သတ်မှတ်နေထိုင်စေပြီး လိုအပ် ၍ခေါ်ယူပါက အချိန်နှင့်တစ်ပြေး ညီ ရုံးသို့လာရောက်ရန် စီစဉ်ရ မည်ဟုဆိုသည်။ ရုံး၊ ဌာန ဝန်ထမ်းအိမ်ရာ၊ အဆောင်၊ နေအိမ်နှင့် အနီးပတ် ဝန်းကျင်တွင် COVID-19 သံသ ယရှိလူနာ (သို့မဟုတ်) မိမိထံ၌ သံသယလက္ခဏာများ တွေ့ရှိပါ က ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနသို့ အကြောင်းကြားပြီး ကျန်းမာရေးစစ်ဆေးမှု လက်ခံရန် ညွှန်ကြားချက်တွင်ပါရှိသည်။

Covid-19 ကာလ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းစေဖို့ -  JustLogin

‘‘အဓိကတော့ ကူးစက်မှုက အရင်ထက် မြင့်လာနေတယ်။ ဒီ့အတွက်ကြောင့် အရင်ညွှန် ကြားချက်ကို ပြန်လုပ်တာပါ။ မနက်ဖြန်က စပြီးတော့ အစ်ကို တို့ဆီမှာရှိတဲ့ ဌာနတွေကိုလည်း အသိပေးမယ်။ ဝန်ထမ်းတွေကို လည်းပြောဖို့ လုပ်နေပါတယ်’’ဟု ပဲခူးတိုင်းအနောက်ခြမ်း COVID -19 ကာကွယ်၊ တားဆီး၊ ထိန်း ချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦး ထွန်းထွန်းဦးက ပြောကြားသည်။ အဆိုပါ ညွှန်ကြားချက်ကို နေပြည်တော်ကောင်စီ အပါအ ဝင် တိုင်းနှင့်ပြည်နယ်များတွင် စက်တင်ဘာ ၉ ရက်ကစ၍ ဆောင်ရွက်ရမည်ဖြစ်သည်။ မတ်လနှောင်းပိုင်းက စတင် ကျင့်သုံးခဲ့သည့် ရုံးဌာနများ တစ် ဝက်နား၊ တစ်ဝက်ဆင်းစနစ်အစား မူလအတိုင်း ဆောင်ရွက်ရန် ဇွန်လ ၁ ရက်က ပြင်ဆင်ခဲ့သည်။

COVID-19 lockdown in Myanmar exposes precarious position of LGBTQI  population | | UN News

7 Days Journal

admin