တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်ခြံဝန်းက အစောင့်တစ်ဦးရောဂါကူးစက်ခံရ

တက္ကသိုလ်ရိပ်သာလမ်း က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်ခြံဝန်းက အစောင့်တစ်ဦးရောဂါကူးစက်ခံရ

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံဝန်းကိုကြီးကြပ်သူတစ်ဦးမှာ Covid19ရောဂါတွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုပြောဆိုလိုပါတယ်။စက်တင်ဘာလ၆ရ်ကနေ့ နံနက်၈နာရီအချိန် ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်အရ Covid19ရောဂါပိုးတွေ့ရှိသူ ၆၆ဦးရှိပြီး အဲဒီအထဲက ၂ဦးဟာ ဗဟန်းမြို့နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံဝန်းအစောင့်မှာ ရောဂါပိုးတွေ့တာကြောင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ထုတ်ပြန်ချက်တွေနဲ့အညီဆောင်ရွက်မှာဖြစ်သလို သံသယရှိတဲ့လူတိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခွင့်ရတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံမယ့်လူတိုင်း Covid19စစ်ဆေးမှုတွေလုပ်ရမှာဖြစ်သလို ပိုးကင်းစင်မှ တွေ့ခွင့်ရမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒီပိုးတွေ့လူနာဟာ ကော့မှူးမြို့နယ်မှာနေထိုင်သူဖြစ်သလို အသက်၅၀လောက်ရှိနေပြီး အတိုင်ပင်ခံရဲ့ခြံဝန်းကိုကြီးကြပ်သူတစ်ဦးလည်းဖြစ်သလို ကော့မှူးကိုတခါတလေပြန်တာရှိတယ်လို့ ပြောပါတယ်။

 

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လာမယ့် စက်တင်ဘာ ၉၈ရက်နေ့ကျရင် ရွေးကောက်ပွဲဝင်ပြိုင်ရာ ကော့မှူးမြို့နယ်မှာ သွားရောက်အောင်လံထူဖို့ ရှိနေပြီး အဲဒီ့ကို ကျန်းမာရေးအခြေအနေအရ ပြည်သူတွေမလာကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

Aung San Suu Kyi's House, Yangon, Myanmar - YouTube

#DVBTV #covid19 #yangon #ဒေါ်အောင်ဆန်းစုကြည် #ခြံအမှတ်၅၄ #ကိုဗစ်၁၉

admin