(၃၉) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို နာရေးကူညီမှုအသင်းသူ၊ အသင်းသားများနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ကျော်သူနဲ့ ရွှေဇီးကွက်တို့ဇနီးမောင်နှံ

Last modified date

မင်းသားချော ကျော်သူကတော့ အနုပညာအလုပ်တွေမှာ ကိုယ်ရောစိတ်ပါနှစ်ပြီး အကောင်းဆုံးလုပ်ဆောင်သလို လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ သားသမီး၊ မြေးတွေနဲ့အတူတူ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ဇနီးလေး ရွှေဇီးကွက်နဲ့လည်း ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့ကတော့ ကျော်သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည် (၃၉) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ကျော်သူတို့ဇနီးမောင်နှံက မင်္ဂလာနှစ်ပတ်လည်အလှူအဖြစ် နံနက်စာ အအေးနှင့် ဘဲသားမုန့်များ၊ နေ့လည်ခင်းတွင် ထောပတ်ထမင်းတို့ဖြင့် နာရေးကူညီမှုအသင်းသူ၊ အသင်းသားများနဲ့တကွ (၇) ရက်သားသမီးများကို လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်သူနဲ့ ရွှေဇီးကွက်တို့ကတော့ (၃၉) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ရန်ကုန်နာရေးကူညီမှုအသင်းမှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဦးကျော်သူနဲ့ ရွှေဇီးကွက်တို့ ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် မင်္ဂလာနှစ်ပတ်လည်နေ့တွေကို အခုလိုပဲ ပျော်ရွှင်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: နာရေးကူညီမှုအသင်း-ရန်ကုန်’s fb

admin