ဝန်ထမ်းအချို့ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိခဲ့သော်လည်း အောင်ဘာလေထီဖွင့်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှ ဝန်ထမ်းအချို့ မှာ COVID-19 ဓါတ်ခွဲအ တည် ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သော်လည်း ပုံမှန်အတိုင်း ရုံးဖွင့်မည်ဖြစ်ပြီး လာမည့်(၁၉) ကြိမ်မြောက် ထီဖွင့်ပွဲကိုလည်း ပုံမှန် အတိုင်းကျင်းပသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ...ထီပေါက်စဉ် တိုက်ရန်...! | Pho Thu  Taw | PhoThuTaw.com | ဖိုးသူတော်

အောင်ဘာလေသိန်းဆုဌာနခွဲရုံးမှ ဝန်ထမ်းတဦးမှာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်မှုရှိခဲ့သည့်အ တွက် ၄င်းနှင့် ထိတွေ့မှုရှိခဲ့သည့် ဝန်ထမ်း၂ဝဦးခန့်ကို HOME QUARANTINE /FACILITY QUARANTINE သို့ ပို့ဆောင်ထားပြီး အောင်ဘာ လေထီရုံးကိုလည်း တိုင်းကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောသည်။

၁၇) ကြိမ်မြောက် အောင်ဘာလေ သိန်း ၁၅၀၀၀ ထီပေါက်စဉ် အစ အဆုံး - Top MM News

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးအဖွဲ့ကိုချပြထားတယ်။ ကျန်းမာရေးအဖွဲ့ကလည်း လိုအပ်တဲ့စစ်ဆေးမှုတွေ၊ လိုအပ်တဲ့ ပိုးသက်ဆေးဖြန်းတာတွေ အားလုံး ဆောင်ရွက်ပြီးပါပြီ။ ပုံမှန်လည်ပတ်လို့ရတယ်ဆိုလို့ ကျွန်တော်တို့အနေနဲ့ (၁၉) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ပုံမှန်အတိုင်းကျင်းပမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ (၁၉) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို ကျင်းပရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူတစ်ဦးနှစ် တစ်ဦး SOCIAL DISTANCING များပြုလုပ်၍ ခွဲထိုင်စေခြင်း၊ နှာခေါင်းစည်းတပ်စေခြင်း၊ လက်ဆေးစေ ခြင်းအစရှိ သည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးမင်းထွဋ်က ဆက်ပြောသည်။

၇) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ဆုငွေ တိုးမြှင့်ထား | Padamyarfm

ယခုလဖွင့်လဗစ်မည့် အောင်ဘာလေထီ (၁၉) ကြိမ်မြောက်တွင် ထီအက္ခရာ သုံးလုံးလျှော့ချခဲ့သည့်အတွက် ယခင်လထက် ရောင်းချသည့်ထီလက်မှတ်စောင်ရေ ၂ ဒသမ ၆ သန်းကျော် လျော့နည်းခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် (၁၈)ကြိမ်မြောက်ထီ ဖွင့်ပွဲ၌ ဆုငွေကျပ် ၁၉,၆၃၆ သန်းခွဲဝေချီးမြှင့်ခဲ့ပြီး (၁၉) ကြိမ်မြောက်တွင် ကျပ် ၁၈,၁၆၃ သန်းချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းစုဌာနက ကြေညာထားသည်။

ကျော်သူ

admin