သူတို့ရဲ့အကြားအမြင် ဗဟုသုတက အတော်နိမ့်ပါးတယ်။ သူတို့က ဂုဏ်တောင်ယူနေပုံရတယ်’ လို့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ပြော

ငါတို့အားလုံးရဲ့မြေ (စည်း လုံးသင့်ပြီ မြန်မာပြည်) ဂီတရုပ် သံဖန်တီးသည့် ယုန်လေးက ဩဂုတ် ၆ ရက်နံနက်က ရုပ်ရှင် အစည်းအရုံးသို့ သွားရောက်၍ တောင်းပန်ခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကို သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါ သည်။

ငါတို့အားလုံးရဲ့မြေ (စည်းလုံး သင့်ပြီ မြန်မာပြည်) ဂီတရုပ်သံနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနက ရုပ်ရှင်အစည်းအရုံးနဲ့ပူး ပေါင်းစိစစ်မှုတွေလုပ်ဖို့ရှိတယ် ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဩဂုတ် ၇ ရက်ကျရင် ကို ယုန်လေးရိုက်တဲ့ စည်းလုံးသင့်ပြီ မြန်မာပြည် သီချင်းနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်မှာ။ ပြန်ကြား ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင် ရွက်တာတွေကတော့ ဒီမှာလည်း ဘာမှမသိသေးပါဘူး။ စာအဝင်၊ အထွက်တွေလည်း ဘာမှမရှိသေး ပါဘူး။ ဒီနေ့(ဩဂုတ်၆) တော့ ကိုယုန်လေးနဲ့ ကိုမြင့်မြတ်လည်း ပါလာတယ်။ လုပ်ဖော်ကိုင်ဖက် တွေအနေနဲ့ သူတို့ကလည်းစိုးရိမ် လွန်ပြီးလိုက်လာကြတယ်၊ သူ့ကို ဌာနဆိုင်ရာတွေကလည်း အရေး ယူတော့မယ်။ ရုပ်ရှင်အစည်းအ ရုံးကလည်း အရေးယူတယ်၊ အဲဒီ လိုတွေကြားလို့လိုက်လာကြတာ။ ကောလာဟလတွေလည်း ထွက် တယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဝင်ကနေ ထုတ်ပယ်လိုက် တယ်ဆိုတော့ ကိုယ်တောင် ရုံး ကိုဖုန်းဆက်မေးရတယ်။

ရိုက်ကူးရေးတွေ ပြန်လုပ်ဖို့ ...

သူက အစည်းအရုံးဝင်မဟုတ်ဘူး။ အ စည်းအရုံးကို မဝင်ရသေးတာ။ တချို့ကလည်း နားမလည်ဘူး။ သူက ရုပ်ရှင်တွေရိုက်တော့၊ ရုပ် ရှင်ရိုက်တာတို့၊ ဒါရိုက်တာလုပ် တာက သူ့ဟာ သူပိုက်ဆံရှိရင်အ ကုန်လုပ်လို့ရတယ်လေ။ ပရိ သတ်ကကြိုက်တော့လည်းဆက် လုပ်ပေါ့။ အစည်းအရုံး ဝင်က လျှောက်ရတာ။ ကျွန်တော်က တော့ မင်းသားအဖြစ်နဲ့ ရိုက်တာ ဘယ်နှကားရှိပြီ။ ဒါရိုက်တာ ဘယ်နှကားရှိပါပြီ။ ဇာတ်ပို့ဇာတ် ရံပါ။ အဓိကသရုပ်ဆောင်ပါ။ ဒီလိုလျှောက်မှ အစည်းအရုံးဝင် ဖြစ်တာ။ ဒီနေ့လာရှင်းတာက တော့ အဓိကက ဒီဗီဒီယိုကို အခ ကြေးငွေယူပြီး ရိုက်တာမဟုတ် ဘူး။ ပြီးတော့သားညီရယ်၊ ထူး ခြားရယ်၊ ကေညီလည်း ပါလာ တယ်။ သူတို့လည်းအခကြေးငွေ ရလို့ သရုပ်ဆောင်တာမဟုတ် ဘူး။ သူတို့စေတနာမေတ္တာနဲ့ ပါဝင်ကူညီတာ။ သူတို့ရဲ့စိတ်စေ တနာက မြန်မာနိုင်ငံကြီးကကရန် တွေမဖြစ်ဘဲ ချစ်ချစ်ခင်ခင် စည်း စည်းလုံးလုံးနဲ့ဆိုတဲ့ ရှုထောင့်။ ပြီးတော့ တချို့ကလည်း ရိုက်နေ ရင်းသဘောပေါက်လာလို့ မေးတဲ့ အခါမှာ ကိုယုန်လေးက အပြည့် အဝ တာဝန်ယူတယ်။ ဒီနေ့လာ ရှင်းပြသွားတော့လည်းသူတာဝန် ယူတယ်၊ စာတွေဘာတွေတင် သွားတယ်။ ဒီသီချင်းက အဖွဲ့ အစည်းတစ်ဖွဲ့ဖွဲ့၊ လူတစ်ဦး တစ်ယောက်ကို ထိခိုက်စေလိုတဲ့ သဘော မရှိပါဘူးဆိုတာကိုလာ ရှင်းပြတာ။

ရုပ်ရှင်အစည်းအရုံးမှာ ယုန်လေး ...

အခုနောက်ပိုင်း အွန်လိုင်းက မှာတင်တဲ့ ဗီဒီယိုဖိုင်တွေအတွက် က ရိုက်ကူးခွင့်တင်စရာမလို တော့ဘူး။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

အွန်လိုင်းအတွက်နဲ့ ပတ် သက်ပြီး ဥပဒေစည်းမျဉ်းစည်း ကမ်းတွေထုတ်ဖို့ တာဝန်ရှိတဲ့သူ တွေအနေနဲ့ စီစဉ်ရတော့မယ်။ ရုပ်ရှင်သာ ဇာတ်လမ်းတင်တာ။ ရိုက်ကူးရေးတင်တာ။ ဗီဒီယိုရိုက် ကူးရေးတင်တာ။ ဇာတ်လမ်းတွဲ မတင်ဘူး။ ဆင်ဆာလည်းမတင် ဘူး။ သူတို့က အွန်လိုင်းဆိုပြီး Channel မှာပြတာဆိုပြီး ဆင်ဆာ လည်း မတင်ဘူး၊ ဒီ MTV ဆိုရင် လည်း အွန်လိုင်းကတင်တာ။ အ ခုလို ပြဿနာဖြစ်ခဲ့ရင် ရှင်းလို့မ လွယ်ဘူး။ အဲဒါကြောင့်မိုလို့ ဆင် ဆာတွေ အွန်လိုင်းအတွက်လည်း ရှိသင့်ပြီ။ ဥပဒေပြဋ္ဌာန်းသင့်ပြီ။ အွန်လိုင်းအတွက်က ရိုက်ကူးခွင့် တင်စရာမလိုဘူး။ ကြော်ငြာတွေ လည်းမလိုဘူး။ အခုကြော်ငြာ တွေတင်ရတာက COVID ကြောင့်တင်ရတာ၊ ဆင်ဆာတို့ ဇာတ်လမ်းစိစစ်ရေးတို့အတွက် တင်တာမဟုတ်ဘူး။ COVID မှာ လူစုလူဝေး မလုပ်ရဆိုလို့ လာ တင်တာ။ သူတို့က COVID ကာ လမှာ ရိုက်ထားတော့ အဲဒီအချိန် က ရိုက်ကူးခွင့်တွေ မရသေးဘူး။

ယုန်လေးယနေ့နံနက်လာရောက်ဖြေရှင်း ...

ဒီဗီဒီယိုဖိုင်အပေါ်မှာ ရုပ်ရှင်အ စည်းအရုံးဥက္ကဋ္ဌအနေနဲ့ မဟုတ် ဘဲ ဒါရိုက်တာတစ်ယောက်အနေ နဲ့ ဘယ်လိုအမြင်ရှိလဲ။

ကိုယ်ဒါရိုက်တာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ပါဝင် သရုပ်ဆောင်တဲ့လူတွေ နား မလည်မှာစိုးလို့ ဇာတ်ညွှန်းတွေ ဝေ၊ သရုပ်ဆောင်တွေကလည်း ဒိုင်ယာလော့ခ်တွေ ကျက်မှတ်။ ဒါမှ ရိုက်ကွင်းမှာ အချိန်မကြန့် ကြာမှာ။ အခုဗီဒီယိုဖိုင်မှာ သရုပ် ဆောင်တဲ့သူတွေကို အကုန်မေး လိုက်တာ သူတို့ဘာတွေရိုက်နေ မှန်းကိုမသိတာ။ ဘာဇာတ်ညွှန်း မှလည်း မသိဘူး။ ရိုက်တဲ့သူက လည်း အဲဒီလိုရိုက်တယ်၊ အဲဒါကို သူတို့က အမှန်လို့ထင်နေတာ။

Image may contain: 1 person, car and outdoor

အခုဒီဘက်ခေတ်မှာက မရ ဘူး။ ဇာတ်ညွှန်းတွေအကုန်ပေး ထားတဲ့အပြင် စားပွဲဝိုင်းမှာ တစ် ခါရိုက်ရသေးတယ်။ ဇာတ်ကား တစ်ကားလုံးစာ ဒိုင်ယာလော့ခ် တွေ အပြန်အလှန် အပေးအယူ တွေ၊ကာရိုက်တာတွေ၊ ရိုက်ကွင်း ကျချောနေအောင် ပြင်စရာရှိ လည်း စားပွဲဝိုင်းများပြင်တယ်။ သူတို့က အဲဒါလုပ်ဖို့မပြောနဲ့၊ရိုက် ကွင်းရောက်မှ ပင်နီလေးဝတ်ခဲ့၊ တိုက်ပုံအဖြူလေး ဝတ်ခဲ့ပါ။ ယူနီ ဖောင်းတွေဝတ်၊ သေနတ်တွေပစ် လိုက်၊ ခုံအောက်ပြေး ဝင်ဘာညာ နဲ့ အဲဒီလိုရိုက်တာဆိုတော့ ရိုက် တဲ့ ဒါရိုက်တာအနေနဲ့က အဲဒီလို ရိုက်တယ်၊ ပါဝင်တဲ့သူတွေက လည်း အကျိုးပြုဆိုကူညီတာပေါ့။ အခကြေး ငွေလည်းမရပါဘူးပေါ့။ ဒါရိုက်တာအနေနဲ့က ပြောရရင် ပရမ်းပတာပဲ။ သရုပ်ဆောင်တွေ ကလည်း ပရမ်းပတာပဲ။ ဉာဏ် ရည်ဉာဏ်သွေးတွေကလည်း တော်တော်နိမ့်ကျတယ်ထင် တယ်။ ဒါဆိုရင် နိုင်ငံရေးပါနေပြီ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကိုလည်း ကောင်းကောင်း မွန်မွန်မသိဘူး။

Image may contain: 1 person

သူတို့ထင်တာက ချစ်ကြည်ရေးတွေလုပ်ရင် အိုကေ ပေါ့။ မှန်မှန်ကန်ကန်လည်းနား မလည်ဘူး။ ပညာရေးနိမ့်ကျသွား တာနဲ့လည်းဆိုင်တယ်။ နှစ် (၅၀)လောက် ပညာရေးစနစ်က တော်တော် နိမ့်ကျသွားတော့။ အဲဒီမှာ သွားထိခိုက်တာ။ သူတို့ ကို နိုင်ငံတော်ကတောင် ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှောက်မယ်ထင် နေတာ။ အခုသူတို့ရှင်းပြတော့မှ ပိုသဘောပေါက်သွားတာ။ ပါဝင် တဲ့ သရုပ်ဆောင်တွေကလည်း အခကြေးငွေမယူဘူး။ သူတို့ ထင်နေတာက အကျိုးပြုခဲ့တယ် ထင်နေတာ။ ယုန်လေးကလည်း စိတ်စေတနာကောင်းကောင်းနဲ့ ရိုက်တယ်ထင်နေတာ။

Image may contain: 1 person, car

သူတို့ရဲ့ အကြားအမြင် ဗဟုသုတက တော်တော်နိမ့်ပါးတယ်။ သူတို့က ဂုဏ်တောင်ဂုဏ်ယူနေပုံရတယ်။ ကြည့်ပြီး ငါတော့ အမှုန့်ကြိတ် ပစ်ချင်တာ။ မင်းတို့က ၈၈ မှာ (၃)နှစ်သားပဲရှိသေးတော့ မပြော တတ်ဘူး။ အသက်(၅၀)၊ (၆၀) ဝန်းကျင်တွေက မင်းတို့ကို အမှုန့် ကြိတ်ပစ်ချင်တာ။ မြန်မာ့နိုင်ငံ ရေး သမိုင်းကြောင်းကိုသိထားသူ တွေ၊ နာထားတဲ့သူတွေက အမှုန့် ကြိတ်ဖြစ်ချင်တာ။ အဲဒါကိုသူမှ မသိတာ။ ဉာဏ်ရည်ဉာဏ်သွေး တွေ နိမ့်ကျတာ၊ သူတို့ဘာမှမသိ ဘူး။ သူတို့က Hero ပေါ့။ လုပ် တာကတော့ Hero ထင်ပြီးလုပ် တာ။ ဒါပေမဲ့ Zero ဖြစ်နေတာကို မသိဘူး။

Image may contain: 7 people, people standing

ကျေးဇူးတင်ပါတယ်။

admin