ပုဂံဘုရားအချို့ ဌာပနာ ဖောက်ထွင်းခံရမှု CID ကစုံစမ်းနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားအချို့တွင် ဌာပနာ ဖောက်ထွင်းခံရမှု၊ မီးရှို့ခံရမှုများနှင့်ပတ်သက်၍ ကျုးလွန်သူများအားဖမ်းဆီးရမိရေး မှုခင်းရဲတပ်ဖွဲ့ (CID) က စုံစမ်းလျက်ရှိကြောင်း သိရသည်။

“အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗျူဟာမှူးတယောက်က အနီးကပ်ကြီးကြပ်ပြီး ဝိုင်းကူပေးနေပါတယ်။ နယ်မြေခံတပ်ရင်းက ထုတ်နှုတ်အင်အားတွေနဲ့အတူ နယ်မြေခံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအင်အားတွေနဲ့ လှည့်ကင်းပတ်ကင်းတွေ၊ လိုအပ်တာတွေ ဝိုင်းဝန်းပံ့ပိုးပြီးတော့ ညှိနှိုင်းကွပ်ကဲပေးနေတယ်။ လုံခြုံရေးတွေချထားတယ်ဆိုတော့ လက်ရှိ ပုဂံအနေအထားကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ CID က ဒုတိယ ရဲမှူးကြီးတဦးနဲ့အဖွဲ့က တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်”ဟု ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

Balloons Over Bagan Classic Tour | Asia Vacation Group

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၊ တောင်ဘီကျေးရွာအုပ်စုအတွင်း၊ ရွာဟောင်းကြီးဘုရားမြောက်ဘက် ဘုရာစုများအနက် ဘုရားငါးဆူသည် ပြီးခဲ့သည့် ဇွန်(၈)ရက်နေ့က ဖောက်ထွင်းခံခဲ့ရပြီး စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရားနှစ်ဆူကြားရှိ ဘုရားသုံးဆူ (ရ၅၃/၇၅၁/၇၅၁-က) အစရှိသော ဘုရားများမှာလည်း ဇွန် (၉) ရက်နေ့တွင် ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

“ဖောက်ထွင်းခံရတဲ့ဘုရားတွေကို ပြန်ပြီးစစ်ဆေးကြည့်တော့ (၁၂)ခုလောက်က ဖောက်ထွင်းခံရတာ။ တခြားဟာတွေက ဌာပနာမပိတ်ရသေးတဲ့ စေတီတွေပါ။ ပြုပြင်တာလက်စမသတ်ရသေးတဲ့သဘော ပါ။ ဖောက်ထွင်းခံထားရသည့် ဘုရားများသည် နဝတအစိုးရလက်ထက်က အသစ်ပြန်လည်ပြုပြင်ထားတဲ့ ဘုရားတွေဖြစ်ပါတယ်”ဟု ရှေး ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောသည်။

Experience Bagan | Adventure World Travel

ထို့အပြင် ပုဂံမြို့ဟောင်းရှိ နံရံဆေးရေးပန်းချီအများအပြားရှိသည့် လောကထိပ်ပန်ဘုရားအတွင်း သံပန်းအား ကာရံထားသည့် ၀ါးယင်းလိပ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသော်လည်း ဘုရားရှိနံရံဆေးရေး ပန်းချီများမှာ ထိခိုက်မှုမရှိကြောင်း သိရသည်။

Heritage Line - BAGAN AWARDED UNESCO WORLD HERITAGE STATUS

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ပါဝင်သည့် ဇွန် ၁၃ ရက် တွေ့ဆုံဆွေးနွေးပွဲတွင် လုံခြုံရေးတိုးမြှင့်ပြီး တင်းတင်းကျပ်ကျပ်လုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ရှေးဟောင်းသုတေသန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်းတို့က လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

admin