သရုပ်ဆောင်ဘဝရဲ့ ပထမ၊ထာဝရလက်ဦးဆရာ ဦးကျော်ဟိန်းကို သတိတရရှိနေတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းဟာဆိုရင် ဟိုးအရင်အချိန်ကတည်းက (Examplez)အဖွဲ့ဆိုပြီး သီချင်းလေးတွေများစွာသီဆိုခဲ့တာဖြစ်ပါတယ်။ထွန်းထွန်းတို့အဖွဲ့က အဲ့ဒီခေတ်တုန်းကဆိုရင် အရမ်းအောင်မြင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးခဲ့ရတာပါနော်။ထွန်းထွန်းက နောက်ပိုင်းမှာဆိုရင် ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။

လူငယ်ပီပီ အားသွန်ခွန်စိုက်ကြိုးစားအားထုတ်မှုတွေကြောင့် အခုချိန်မှာဆိုရင်တော့ အကယ်ဒမီထွန်းထွန်း ဆိုတဲ့ နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ထွန်းထွန်းရဲ့လက်ဦးဆရာဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်းဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့သူပါနော်။အခုချိန်မှာဆိုရင်တော့ ဦးကျော်ဟိန်းက တရားဘောင်သို့ ရာသက်ပန်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ ထွန်းထွန်းက”ထွန်းထွန်း(Examplez)သရုပ်ဆောင်ဘဝရဲ့ ပထမ ထာဝရ လက်ဦးဆရာ”ဆိုပြီး ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို သတိတရနဲ့မျှဝေလာတာဖြစ်ပါတယ်။အခုလို ဆရာသမားကို အမြဲဦးထိပ်ထားပြီး ကျေးဇူးသိတတ်လို့ ထွန်းထွန်းရဲ့စိတ်ဓာတ်လေးက လေးစားစရာပါနော်။ချောမောခန့်ညားပြီး တစ်ခေတ်မှာအရမ်းအောင်မြင်ခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

admin