ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်‌အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဟု ဗဟိုဘဏ်ပြော

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက‌ပြောသည်။ဇွန်လ ၁၅ရက်‌နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလရဲ့ လူစိတ်ဝင်စားမှု ...

၎င်းက”ကာလကတော့ ဒီ၁၀လအတွင်းမှာလားဆိုတော့ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ်မှာ မူတည်ပါတယ်။ သုံးစွဲနေတဲ့ Denomination တွေအားလုံးအတွက် ဗိုလ်ချုပ်ရုပ်ပုံကိုတော့ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ငါးထောင်တန်ရော တစ်သောင်းတန်ရော ငါးရာတန်ရော အဲ့လိုဟာမျိုး Denomination အားလုံးအတွက်ထုတ်သွားမှာပါ”ဟုပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင် ...

ဗဟိုဘဏ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်များကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ယခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ဂုဏ်ပြုထုတ်ဝေခဲ့သည်။

သို့သော် ဇန်နဝါရီလ ၄ရက်နေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် ရုံးဖွင့်ရက်ဖြစ်သည့် ဇန်နဝါရီလ ၇ရက်နေ့တွင် အများပြည်သူသို့ဖြန့်ဝေခဲ့သည်။

ဗိုလ်ချုပ် ပုံ ပါ တစ်ထောင်တန် ကို ...

“လောလောဆယ်စထုတ်တဲ့အချိန်မှာ limitရှိတဲ့အတွက် ဒီအချိန်မှာအားလုံးကို ပြန့်သွားအောင်ထုတ်တဲ့အတွက် ဒီဟာက အကုန်လုံးကို ပျံ့နှံ့တဲ့ သဘောမရှိတော့ သုံးတဲ့ အနေအထားကို မရောက်တော့ပဲနဲ့ လူတွေက မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားတဲ့အနေအထားမှာရှိပါတယ်။ သို့သော် ကျွန်တော်တို့ ဆက်ပြီးတော့ အကုန်လုံးကို ဖြန့်ဝေသွားမှာပါ”ဟု ၎င်းကဆိုသည်။လက်ရှိထုတ်ဝေနေသည့် ငွေစက္ကူများမှာ Denominationနှင့် ပုံစံအပေါ်မူတည်ပြီး ၁၄မျိုးခန့်ရှိကြောင်း သိရသည်။

admin