ပုဂံဘုရားများ ဌာပနာဖောက်မှုဖြစ်စဉ်သည် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိကြောင်း သူရဦးအောင်ကို ပြော

ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ စေတီပုထိုးများ ဌာပနာဖောက်ခံရမှုနှင့် လောကထိပ်ပန်ဘုရား မီးရှို့ခံရမှုဖြစ်စဉ်သည် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောသည်။

ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့်အဖွဲ့သည် ဇွန်လ ၁၃ ရက်က ပုဂံဒေသသို့ သွား ရောက်စစ်ဆေးပြီးနောက် ပုဂံရှေး ဟောင်းသုတေသနပြတိုက် အ စည်းအဝေးခန်းမ၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြော ကြားခြင်းဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ထုတ်ပြန်သည်။

လောကထိပ်ပန်ဘုရား အ ဝင်မုခ်ဦးအတွင်း သံပန်းတံခါး တွင် တပ်ဆင်ထားသော ဝါးယင်း လိပ်မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ ကြောင်း၊ အဆိုပါဖြစ်စဉ်သည် မသမာသူအချို့က ထင်းရှူးဆီ အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်းဖြစ် သည်ဟု စစ်ဆေးတွေ့ရှိရ ကြောင်း၊ ပုဂံဒေသအတွင်း မပြီး စီးသေးဘဲ လက်ရှိရေးဆွဲနေဆဲ ဖြစ်သည့် ရှေးဟောင်းအဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေး မဟာဗျူဟာ၊ ဒေသဖွံ့ဖြိုးတိုး တက်ရေး မဟာဗျူဟာ၊ ခရီးသွား လုပ်ငန်း မဟာဗျူဟာ၊ မြို့ပြနှင့် ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအစီအ စဉ်၊ ဒေသခံပြည်သူများအကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ရေးဆွဲလျက်ရှိသည့် မဟာဗျူဟာများအတွက်ပါ အနှောင့်အယှက်များ ဖြစ်ပေါ်ရုံသာမက ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ထိခိုက်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

Balloons Over Bagan Classic Tour | Asia Vacation Group

ထို့အပြင် နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် ပြုလုပ်နေကျဖြစ်သည့် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ယခုကဲ့သို့ ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများ လုပ်ကိုင်စားသောက်မှုများအပြင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးအတွက်ပါ သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။

Experience Bagan | Adventure World Travel

လူမှုကွန်ရက်နှင့် သတင်းမီ ဒီယာအချို့တွင် ပုဂံရှိ ဘုရားအဆူ ၅၀ ခန့် ဖောက်ထွင်းခံရသည် စသည်ဖြင့် ဖော်ပြနေကြ၍ အကြီး အကဲများနှင့် ပြည်သူများ စိုးရိမ် ပူပန်မှုကို ကြားသိရကြောင်း၊ အ မှန်စင်စစ်မှာ စုစုပေါင်းဘုရား ၃၃ ဆူ ဌာပနာတိုက်ဖောက်ထွင်းခံရ သည်ဟု သံသယဖြစ်ရပြီး ၁၂ ဆူ တွင် ဌာပနာဖောက်ထွင်းခံထား ရသည်ကို တွေ့ရှိရကြောင်းနှင့် ကျန် ၂၁ ဆူသည် စေတီပုထိုးများ ကို အသစ်ပြုပြင်မွမ်းမံခဲ့စဉ်က အလှူရှင်များဌာပနာရန် အထက် ဌာပနာပေါက်အဖြစ် တစ်ပေပတ်လည်ခန့် ချန်ထားခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်က ဆို သည်။

Heritage Line - BAGAN AWARDED UNESCO WORLD HERITAGE STATUS

ပုဂံဒေသတွင် ရှေးဟောင်း စေတီပုထိုးပေါင်း ၃,၈၂၂ ဆူရှိ သည့်အနက် COVID-19 ကြောင့် ရောဂါကူးစက်မှုမရှိစေရန် Stay at Home နေထိုင်ကြစဉ်ကာလအတွင်း စေတီပုထိုး ၁၂ ဆူ၏ ဌာပနာများ ဖောက်ထွင်းခိုးယူခံရသည့်ဖြစ်စဉ်ကို ပုဂံကဲ့သို့သော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသများအတွင်း ထပ်မံမဖြစ်ပွားစေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တိုးချဲ့ကင်းလှည့်ခြင်း၊ ဒေသခံများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ လုံခြုံရေးအင်အားများ ပူးပေါင်းစစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းများ တိုးမြှင့်ဆောင်ရွက်နေကြောင်း၊ ရေရှည်အတွက် အစောင့်လုံခြုံရေး ဝန်ထမ်းများ တိုးချဲ့ခန့်ထားရန်၊ CCTV ကဲ့သို့သော စောင့်ကြည့်ကိရိယာများ တပ်ဆင်ရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်သည်။

admin