ဖေဖေအမြန်ဆုံးနေကောင်းလာဖို့ ဆုတောင်းနေပါတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ပရိသတ်ရဲ့အချစ်တော် ထက်ထက်ကတော့ လတ်တလောမှာ စိတ်မကောင်းစရာအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့မှာနေတဲ့ သူ့ရဲ့ဖခင် သွေးတိုးပြီးလေဖြတ်သွားတာကြောင့် မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း မျှဝေခဲ့ပြီး သွေးတိုးရောဂါအခံရှိတဲ့ ပရိသတ်တွေကိုလည်း အားလုံးဂရုစိုက်ဆင်ခြင်ကြဖို့ စိတ်မကောင်းစွာ သတိပေးခဲ့ပါသေးတယ်။

ထက်ထက်ကတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာပြီဖြစ်လို့ ရန်ကုန်မှာပဲ အများဆုံးနေရသူဖြစ်ပေမယ့် ရံဖန်ရံခါဖခင်ရှိတဲ့ မိုးကုတ်မြို့လေးကို အလည်အပတ်ပြန်လေ့ရှိသူပါ။ အခုလို Covid-19 ကာလမှာတော့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတာကြောင့် ဖခင် လေဖြတ်တဲ့အချိန် ထက်ထက်ကတော့ အနီးကပ်ရှိနေခွင့်ရတာမို့ ကံကောင်းတယ်လို့ဆိုရမှာပါ ပရိသတ်ကြီးရေ… ဇွန်လ(၁၁) ရက်နေ့က အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ပြန်လည်မသက်သာလာသေးတဲ့ ဖခင်ရဲ့ဘေးမှာ ထက်ထက်ကတော့ အချိန်ပြည့်ရှိနေပြီး ဒီနေ့မှာတော့ “အဖေအမြန်ဆုံးသက်သာပါစေဖို့ မောင်နှမသုံးယောက်စလုံး ဆုတောင်းနေပါတယ်” ဆိုပြီး ရင်ထဲကဆန္ဒတချို့ကို မျှဝေခဲ့ပါတယ်။

အမျိုးမျိုးအဖုံဖုံကြုံတွေ့ခဲ့ရတဲ့ ထက်ထက်မိုးဦးရဲ့ဘဝမှာ ဘေးမှာ အမြဲရှိနေပေးတာကတော့ မိသားစုဝင်တွေပဲ ရှိတယ်လို့ ဆိုရမှာပါ။ အခုလို ဖခင်နေမကောင်းတဲ့အချိန်မျိုးမှာ ထက်ထက်တစ်ယောက်တော့ ဘယ်လောက်တောင်အားကိုးရာမဲ့နေမလဲ မှန်းကြည့်လို့ ရမှာပါနော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ထက်ထက်ရဲ့ဖခင်ဖြစ်သူ အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

admin